သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာအက်ဥ္းေထာင္ေတြထဲ COVID-19 ကူးစက္မႈျမင့္တက္-HRW


ေရႊဘိုအက်ဥ္းေထာင္ကိုေရာက္ရွိလာတဲ့ အက်ဥ္းေထာင္လံုျခံဳေရးတပ္သားမ်ား ( May 9, 2019)

ကိုဗစ္ တတိယလႈိင္းဒဏ္ခံေနရတဲ့ ျမန္မာႏိုင္ငံမွာ အက်ဥ္းက်ေနသူေတြ အပါအဝင္ ဂ႐ုမစိုက္ အပစ္ပယ္ခံေနရသူ ေတြၾကားမွာ ကိုဗစ္ကူးစက္မႈ တရိပ္ရိပ္တိုးေနၿပီး စစ္တပ္က သူတို႔ကို ဆန္႔က်င္သူေတြကို ကိုဗစ္ကူးစက္မႈတိုးေနတဲ့ အက်ဥ္းေထာင္ေတြထဲ ထည့္ထားတယ္လို႔ HRW လူ႔အခြင့္ေရး ေစာင့္ၾကည့္အဖြဲ႔ႀကီးက ေဝဖန္ပါတယ္။

ေဖေဖၚဝါရီ ၁ ရက္ အာဏာသိမ္းၿပီးခ်ိန္ကစလို႔ စစ္တပ္က ဖမ္းဆီးထားတဲ့ ႏိုင္ငံေရးအက်ဥ္းသားေတြကို ကိုဗစ္ကူးစက္မႈ တိုးလာေနတဲ့ ေထာင္ေတြထဲထည့္ထားတာျဖစ္ၿပီး အက်ဥ္းေထာင္ေတြထဲမွာ က်န္းမာေရးေစာင့္ေရွာက္မႈ ေကာင္းေကာင္းမရတဲ့ အတြက္ အခုဆို ေထာင္တြင္းကိုဗစ္ အကူးစက္ခံရသူ အေရအတြက္ ၆၀၀ ေက်ာ္ေနၿပီလို႔ HRW က ေျပာပါတယ္။ ႏိုင္ငံတလႊားကိုဗစ္ကူးစက္မႈက တေန႔ကို ၄၀၀ ေလာက္ ရွိေနတယ္လို႔ အစိုးရက သတင္းထုတ္ျပန္ေပမယ့္ ကိုဗစ္စစ္ေဆးမႈ ေကာင္းေကာင္း မလုပ္ႏိုင္တာနဲ႔ အခ်က္လက္မျပည့္စံုပဲ ထုတ္ျပန္တဲ့ ကူးစက္သူနဲ႔ ေသဆံုးသူ အေရအတြက္ဟာ မမွန္ကန္ပဲ လက္ေတြ႕မွာ ပိုမ်ားေနတယ္လို႔လည္း ေျပာပါတယ္။

ရန္ကုန္အင္းစိန္ေထာင္မွာ ကိုဗစ္ကူးစက္မႈတိုးလာတာနဲ႔ အဖမ္းခံေနရတဲ့ NLD ထိပ္တန္းေခါင္းေဆာင္တဦးျဖစ္တဲ့ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႔ဝင္ ဦးဉာဏ္ဝင္း ကိုဗစ္နဲ႔ ေသဆံုးခဲ့တဲ့အတြက္ ဇူလိုင္လ ၂၃ ရက္ေန႔က ေထာင္တြင္းဆႏၵျပမႈေပၚေပါက္ခဲ့သလို ၾသဂုတ္လ ၉ ရက္ေန႔အထိဆို အင္းစိန္ေထာင္မွာ ကိုဗစ္နဲ႔ေသဆံုးရတဲ့ အက်ဥ္းသား အနည္းဆံုး ၁၂ ဦးရွိတယ္လို႔လည္း ေျပာပါတယ္။

CDM လုပ္လို႔ မႏၲေလး အိုးဘိုေထာင္မွာ အဖမ္းခံေနရတဲ့ အထူးကုဆရာဝန္ႀကီး ဦးေမာင္ေမာင္ၿငိမ္းထြန္း ၾသဂုတ္လ ၈ ရက္ေန႔က ကိုဗစ္နဲ႔ ေသဆံုးခဲ့ရသလို ပဲခူးအက်ဥ္းေထာင္မွာ အဖမ္းခံေနရတဲ့ NLD ပဲခူးတိုင္း လႊတ္ေတာ္ကိုယ္စားလွယ္ ဦးၫြန္႔ေရႊဟာလည္း ၾသဂုတ္လ ၁၆ ရက္ေန႔မွာ ကိုဗစ္နဲ႔ေသဆံုးခဲ့ရပါတယ္။

အက်ဥ္းေထာင္ေတြမွာ ဒီေရာဂါပိုးကူးစက္မႈ မ်ားေနတာေၾကာင့္ အသက္ႀကီးတဲ့အက်ဥ္းသားေတြ၊ နဂိုေရာဂါအခံရွိသူေတြအတြက္ က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ ကာကြယ္မႈေတြလုပ္ေပးဖို႔၊ အက်ဥ္းသားေတြကို ေဆးစစ္ေပးဖို႔နဲ႔ လံုျခံဳေရးအရ အႏၲရယ္ သိပ္မရွိသူေတြကို ျပန္လႊတ္ေပးသင့္တယ္လို႔လည္း HRW က ေျပာပါတယ္။

------------------------------------

မြန်မာအကျဉ်းထောင်တွေထဲ COVID-19 ကူးစက်မှုမြင့်တက်-HRW

ကိုဗစ် တတိယလှိုင်းဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ အကျဉ်းကျနေသူတွေ အပါအဝင် ဂရုမစိုက် အပစ်ပယ်ခံနေရသူ တွေကြားမှာ ကိုဗစ်ကူးစက်မှု တရိပ်ရိပ်တိုးနေပြီး စစ်တပ်က သူတို့ကို ဆန့်ကျင်သူတွေကို ကိုဗစ်ကူးစက်မှုတိုးနေတဲ့ အကျဉ်းထောင်တွေထဲ ထည့်ထားတယ်လို့ HRW လူ့အခွင့်ရေး စောင့်ကြည့်အဖွဲ့ကြီးက ဝေဖန်ပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးချိန်ကစလို့ စစ်တပ်က ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ကိုဗစ်ကူးစက်မှု တိုးလာနေတဲ့ ထောင်တွေထဲထည့်ထားတာဖြစ်ပြီး အကျဉ်းထောင်တွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမရတဲ့ အတွက် အခုဆို ထောင်တွင်းကိုဗစ် အကူးစက်ခံရသူ အရေအတွက် ၆၀၀ ကျော်နေပြီလို့ HRW က ပြောပါတယ်။ နိုင်ငံတလွှားကိုဗစ်ကူးစက်မှုက တနေ့ကို ၄၀၀ လောက် ရှိနေတယ်လို့ အစိုးရက သတင်းထုတ်ပြန်ပေမယ့် ကိုဗစ်စစ်ဆေးမှု ကောင်းကောင်း မလုပ်နိုင်တာနဲ့ အချက်လက်မပြည့်စုံပဲ ထုတ်ပြန်တဲ့ ကူးစက်သူနဲ့ သေဆုံးသူ အရေအတွက်ဟာ မမှန်ကန်ပဲ လက်တွေ့မှာ ပိုများနေတယ်လို့လည်း ပြောပါတယ်။

ရန်ကုန်အင်းစိန်ထောင်မှာ ကိုဗစ်ကူးစက်မှုတိုးလာတာနဲ့ အဖမ်းခံနေရတဲ့ NLD ထိပ်တန်းခေါင်းဆောင်တဦးဖြစ်တဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်း ကိုဗစ်နဲ့ သေဆုံးခဲ့တဲ့အတွက် ဇူလိုင်လ ၂၃ ရက်နေ့က ထောင်တွင်းဆန္ဒပြမှုပေါ်ပေါက်ခဲ့သလို သြဂုတ်လ ၉ ရက်နေ့အထိဆို အင်းစိန်ထောင်မှာ ကိုဗစ်နဲ့သေဆုံးရတဲ့ အကျဉ်းသား အနည်းဆုံး ၁၂ ဦးရှိတယ်လို့လည်း ပြောပါတယ်။

CDM လုပ်လို့ မန္တလေး အိုးဘိုထောင်မှာ အဖမ်းခံနေရတဲ့ အထူးကုဆရာဝန်ကြီး ဦးမောင်မောင်ငြိမ်းထွန်း သြဂုတ်လ ၈ ရက်နေ့က ကိုဗစ်နဲ့ သေဆုံးခဲ့ရသလို ပဲခူးအကျဉ်းထောင်မှာ အဖမ်းခံနေရတဲ့ NLD ပဲခူးတိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေဟာလည်း သြဂုတ်လ ၁၆ ရက်နေ့မှာ ကိုဗစ်နဲ့သေဆုံးခဲ့ရပါတယ်။

အကျဉ်းထောင်တွေမှာ ဒီရောဂါပိုးကူးစက်မှု များနေတာကြောင့် အသက်ကြီးတဲ့အကျဉ်းသားတွေ၊ နဂိုရောဂါအခံရှိသူတွေအတွက် ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ကာကွယ်မှုတွေလုပ်ပေးဖို့၊ အကျဉ်းသားတွေကို ဆေးစစ်ပေးဖို့နဲ့ လုံခြုံရေးအရ အန္တရယ် သိပ်မရှိသူတွေကို ပြန်လွှတ်ပေးသင့်တယ်လို့လည်း HRW က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG