သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ေသဆုံးႏႈန္းအျမင့္ဆုံးကမာၻ႔ႏိုင္ငံေတြထဲ ျမန္မာပါဝင္


ခ်င္းျပည္နယ္မွ ကိုဗစ္ေရာဂါနဲ ့ေသဆံုးသူတဦးအား ျမဳပ္နွံစဥ္ (ဓာတ္ပံု - AFP)

(Zawgyi/Unicode)

ကမာၻေပၚမွာ COVID-19 ေရာဂါေၾကာင့္ ေသဆုံးမႈႏႈန္း ႏွစ္ဆတိုးလာတဲ့ ႏိုင္ငံေတြထဲမွာမွ အျမန္ဆုံးႏႈန္းနဲ႔ တိုးေနတဲ့ႏိုင္ငံ ၁၀ ႏိုင္ငံထဲမွာ ခုနစ္ႏိုင္ငံဟာ အာရွ-ပစိဖိတ္ေဒသကျဖစ္တယ္လို႔ Our World in Data အြန္လိုင္း သိပၸံစာေစာင္မွာ ေဖာ္ျပထားပါတယ္။

အဲဒီ ခုနစ္ႏိုင္ငံထဲမွာ ျမန္မာႏိုင္ငံနဲ႔အတူ ဗီယက္နမ္နဲ႔ ဖီဂ်ီႏိုင္ငံတို႔ ထိပ္ဆုံးငါးႏိုင္ငံထဲမွာ ပါေနပါတယ္။
အေရွ႕ေတာင္အာရွေဒသဟာ ကူးစက္မႈႏႈန္းျမင့္မားတဲ့ Delta မ်ိဳး႐ိုးဗီဇကြဲ ကို႐ိုနာဗိုင္းရပ္စ္ဒဏ္ေၾကာင့္ေရာ၊ ကာကြယ္ေဆး တန္းတူမရတာေၾကာင့္ပါ ကမာၻမွာ COVID-19 ေၾကာင့္ ေသဆုံးမႈ အမ်ားဆုံးျဖစ္ေနတယ္လို႔ ႏိုင္ငံတကာ ၾကက္ေျခနီနဲ႔ လျခမ္းနီအဖြဲ႕ (IFRC) ကေျပာပါတယ္။

လြန္ခဲ့တဲ့ သီတင္းႏွစ္ပတ္အတြင္း အေရွ႕ေတာင္အာရွေဒသမွာ COVID-19 ေၾကာင့္ေသဆုံးသူ ၃၈,၅၂၂ ေယာက္ ရွိခဲ့တာေၾကာင့္ ေျမာက္အေမရိကေဒသမွာ ေသဆုံးတဲ့အေရအတြက္ထက္ ႏွစ္ဆနီးပါးရွိခဲ့တယ္လို႔ John Hopkins တကၠသိုလ္က ထုတ္ျပန္ထားတဲ့ ကိန္းဂဏန္းေတြကို ကိုးကားၿပီး IFRC ကေျပာပါတယ္။

အာဆီယံေဒသတြင္းမွာ ကူးစက္မႈနဲ႔ ေသဆုံးမႈႏႈန္း ေလ်ာ့က်ေစဖို႔အတြက္ ခ်မ္းသာတဲ့ႏိုင္ငံေတြအေနနဲ႔ သူတို႔ဆီမွာပိုေနတဲ့ ကာကြယ္ေဆးေတြကို အလ်င္အျမန္ ျဖန႔္ေဝေပးၾကဖို႔ IFRC အဖြဲ႕ရဲ႕ အာရွ-ပစိဖိတ္ေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Alexander Matheou က ဒီကေန႔ ေတာင္းဆိုပါတယ္။

ၿဗိတိန္၊ ကေနဒါနဲ႔ စပိန္ႏိုင္ငံေတြမွာ လူဦးေရရဲ႕ ၆၀% ေက်ာ္ကို ကာကြယ္ေဆး အျပည့္အဝထိုးေပးၿပီးသြားခ်ိန္ အာဆီယံေဒသကေတာ့ အမ်ားႀကီးေနာက္က်ေနတယ္လို႔ IFRC က ေျပာပါတယ္။

မေလးရွားမွာ လူဦးေရရဲ႕ ၃၄%၊ အင္ဒိုနီးရွားနဲ႔ ဖိလစ္ပိုင္ႏိုင္ငံေတြမွာ ၁၁% နဲ႔ ဗီယက္နမ္မွာေတာ့ ကာကြယ္ေဆးထိုးၿပီးသူ ၂% ေတာင္မျပည့္ေသးပါဘူး။ ကမာၻႀကီးအေနနဲ႔ ကိုဗစ္ကပ္ေရာဂါကို ေက်ာ္လႊားႏိုင္ေရးအတြက္ ႏိုင္ငံတခုခ်င္းစီမွာ လူဦးေရရဲ႕ ၇၀% ကေန ၈၀% အထိ ကာကြယ္ေဆးထိုးေပးဖို႔ ရည္႐ြယ္လုပ္ေဆာင္ရမယ္လို႔ Alexander Matheou ကေျပာပါတယ္။

covid myanamr update
please wait

No media source currently available

0:00 0:01:04 0:00
တိုက္႐ိုက္ လင့္ခ္


.......................................................................................

ကိုဗစ်ကြောင့် သေဆုံးနှုန်းအမြင့်ဆုံးကမ္ဘာ့နိုင်ငံတွေထဲ မြန်မာပါဝင်

(Unicode)

ကမ္ဘာပေါ်မှာ COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်း နှစ်ဆတိုးလာတဲ့ နိုင်ငံတွေထဲမှာမှ အမြန်ဆုံးနှုန်းနဲ့ တိုးနေတဲ့နိုင်ငံ ၁၀ နိုင်ငံထဲမှာ ခုနစ်နိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသကဖြစ်တယ်လို့ Our World in Data အွန်လိုင်း သိပ္ပံစာစောင်မှာ ဖော်ပြထားပါတယ်။

အဲဒီ ခုနစ်နိုင်ငံထဲမှာ မြန်မာနိုင်ငံနဲ့အတူ ဗီယက်နမ်နဲ့ ဖီဂျီနိုင်ငံတို့ ထိပ်ဆုံးငါးနိုင်ငံထဲမှာ ပါနေပါတယ်။
အရှေ့တောင်အာရှဒေသဟာ ကူးစက်မှုနှုန်းမြင့်မားတဲ့ Delta မျိုးရိုးဗီဇကွဲ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကြောင့်ရော၊ ကာကွယ်ဆေး တန်းတူမရတာကြောင့်ပါ ကမ္ဘာမှာ COVID-19 ကြောင့် သေဆုံးမှု အများဆုံးဖြစ်နေတယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ (IFRC) ကပြောပါတယ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း အရှေ့တောင်အာရှဒေသမှာ COVID-19 ကြောင့်သေဆုံးသူ ၃၈,၅၂၂ ယောက် ရှိခဲ့တာကြောင့် မြောက်အမေရိကဒေသမှာ သေဆုံးတဲ့အရေအတွက်ထက် နှစ်ဆနီးပါးရှိခဲ့တယ်လို့ John Hopkins တက္ကသိုလ်က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေကို ကိုးကားပြီး IFRC ကပြောပါတယ်။

အာဆီယံဒေသတွင်းမှာ ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း လျော့ကျစေဖို့အတွက် ချမ်းသာတဲ့နိုင်ငံတွေအနေနဲ့ သူတို့ဆီမှာပိုနေတဲ့ ကာကွယ်ဆေးတွေကို အလျင်အမြန် ဖြန့်ဝေပေးကြဖို့ IFRC အဖွဲ့ရဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Alexander Matheou က ဒီကနေ့ တောင်းဆိုပါတယ်။

ဗြိတိန်၊ ကနေဒါနဲ့ စပိန်နိုင်ငံတွေမှာ လူဦးရေရဲ့ ၆၀% ကျော်ကို ကာကွယ်ဆေး အပြည့်အဝထိုးပေးပြီးသွားချိန် အာဆီယံဒေသကတော့ အများကြီးနောက်ကျနေတယ်လို့ IFRC က ပြောပါတယ်။

မလေးရှားမှာ လူဦးရေရဲ့ ၃၄%၊ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ၁၁% နဲ့ ဗီယက်နမ်မှာတော့ ကာကွယ်ဆေးထိုးပြီးသူ ၂% တောင်မပြည့်သေးပါဘူး။ ကမ္ဘာကြီးအနေနဲ့ ကိုဗစ်ကပ်ရောဂါကို ကျော်လွှားနိုင်ရေးအတွက် နိုင်ငံတခုချင်းစီမှာ လူဦးရေရဲ့ ၇၀% ကနေ ၈၀% အထိ ကာကွယ်ဆေးထိုးပေးဖို့ ရည်ရွယ်လုပ်ဆောင်ရမယ်လို့ Alexander Matheou ကပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG