သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ကာကွယ်ဆေး ထိုးထားသူက ဆေးမထိုးသူထက် သေဆုံးနိုင်ခြေပိုနည်းပါး (ကန် ကူးစက်ရောဂါ ကာကွယ်ရေးဌာန)


(Zawgyi/ Unicode)

ကိုဗစ်ကာကွယ်ဆေး အပြည့်အဝထိုးထားသူတွေဟာ ထိုးမထားသူတွေထက် သေဆုံးနိုင်ခြေ ၁၁ ဆ နည်းပြီး ဆေးရုံရောက်နိုင်ခြေ ၁၀ ဆနည်းတယ်လို့ အမေရိကန်ကျန်းမာရေးဝန်ကြီးဌာနက သောကြာနေ့ကကြေညာပါတယ်။

ကူးစက်မြန်ဗီဇပြောင်း Delta မျိုးကွဲပေါ်လာချိန်မှာ Moderna ကာကွယ်ဆေးက နည်းနည်းပိုပြီး ကာကွယ်မ ှုပေးနိုင်တယ်လို့ဆိုပါတယ်။

CDC ကူးစက်ရောဂါ ကာကွယ်ရေးဌာနရဲ့ ကြေညာချက်ဟာ သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ကာကွယ်ဆေး မထိုးမနေရ အစီအစဉ်ကြေညာပြီးနောက် ထွက်ပေါ်လာခဲ့တာပါ။

ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဧပြီလ ၄ ရက်နေ့ ကနေ ဇွန်လ ၁၉ ရက်အတွင်း တကြိမ် ထောင်ပေါင်းများစွာသော ကိုဗစ်ကူးစက်မှု လူနာတွေကိုလေ့လာခဲ့ပါတယ်။ ဒါ့အပြင် ဇွန်လ ၂၀ ရက်နေ့ကနေ ဇူလိုင်လ ၁၇ ရက်နေ့အထိ ဒုတိယအကြိမ် စောင့်ကြည့်လေ့လာခဲ့ပါတယ်။ ဒါ့အပြင်နောက်ဆုံး အကြိမ်အဖြစ် ဇွန် လ ကနေ သြဂုတ်လ အထိ ဆေးရုံပေါင်း ၄၀၀ ကျော်နဲ့ အရေးပေါ်ဌာနတွေမှာ လေ့လာခဲ့တယ်လို့ CDC ကပြောဆိုထားပါတယ်။

သေဆုံးမှုနဲ့ ဆေးရုံတက်ရမှု ကာကွယ်နိုင်တာကတော့ အပြောင်းအလဲမရှိပေမယ့် အသက် ၆၅ နှစ်နဲ့ အထက်လူကြီးပိုင်းတွေမှာတော့ အသက်ငယ်ပိုင်းထက် ကာကွယ်နိုင်မှုလျော့ကျတာ တွေ့ရတယ်လို့ ပြောပါတယ်။

CDC ကျန်းမာရေးဌာန နဲ့ ဆေးဝါးနဲ့စားသောက်ကုန်ဌာနတွေက နောက်ထပ်တကြိမ် ကာကွယ်ဆေးထိုးဖို့ကို လေ့လာမှုတွေပြုလုပ်နေပြီး အသက်ကြီးပိုင်းတွေကို စတင်ထိုးပေးမယ့် သဘောရှိနေပါတယ်။ ဒီလကုန်ပိုင်းလောက်မှာ စတင်နိုင်ဖို့ရှိပါတယ်။

(Unicode)









XS
SM
MD
LG