သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးမ်ားထိုးႏွံေပးမႈအေျခအေန


ကုန္စည္ျပပြဲတခုတြင္ ျပသထားေသာ တရုတ္နုိင္ငံလုပ္ ကိုဗစ္ကာကြယ္ေဆး Sinopharm (ဓာတ္ပုံ - AP)

(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံထုတ္ ကိုဗစ္ေရာဂါကာကြယ္ေဆးေတြကို ျပည္တြင္းမွာ ဦးစားေပးအသုတ္အလိုက္ စတင္ထိုးႏွံေပးေနပါတယ္။ ေရာဂါကူးစက္ႏႈန္းနဲ႔ ေသဆုံးသူဦးေရ တိုးေနတဲ့ ကပ္ေရာဂါ တတိယလႈိင္းကာလမွာ လူတိုင္းကာကြယ္ေဆးထိုးႏွံႏိုင္ဖို႔ကိုလည္း လိုလားေနၾကပါတယ္။ ဒီအေၾကာင္းအရာနဲ႔ ပတ္သက္လို႔ ရန္ကုန္ကလာတဲ့ သတင္းအျပည့္အစုံကို အလိမၼာေျပာျပပါမယ္။

ျပည္တြင္းကပ္ေရာဂါ တတိယလႈိင္းမွာ ေရာဂါကူးစက္ခံရသူနဲ႔ ေသဆုံးသူဦးေရ အဆမတန္ျမင့္တက္ခဲ့ၿပီး ေရာဂါထိန္းခ်ဳပ္ေရးမွာ အခက္အခဲေတြရွိခဲ့တာပါ။ ေန႔စဥ္ေသဆုံးသူဦးေရ ေထာင္ခ်ီတယ္လုိ႔ ခန္႔မွန္းထားရာကေန အခု ဩဂုတ္လဒုတိယပတ္ကစၿပီး ေသဆုံးႏႈန္းေလ်ာ့က်လာၿပီလို႔ ေရာဂါတိုက္ဖ်က္ရာမွာ ပါဝင္ခဲ့သူေတြက ေျပာပါတယ္။ ဒီလိုအခ်ိန္မွာ ကိုဗစ္ေရာဂါကာကြယ္ေဆးကို လူတိုင္းထိုးႏွံႏိုင္ဖို႔အတြက္ ႀကိဳးပမ္းလာၾကပါတယ္။

အခုလက္ရွိအခ်ိန္မွာေတာ့ တ႐ုတ္ႏိုင္ငံထုတ္ Sinopharm ကာကြယ္ေဆးကို က်န္းမာေရးဝန္ႀကီးဌာနက ထိုးႏွံေပးေနတယ္လို႔ သိရပါတယ္။ ေရာဂါေၾကာင့္ ျဖစ္ပြားေသဆုံးမႈေတြကို ေလွ်ာ့ခ်ႏိုင္ဖို႔အတြက္ ကာကြယ္ေဆးထိုးရမယ့္အလွည့္မွာ ပါဝင္သူတိုင္း ထိုးႏွံၾကဖို႔ က်န္းမာေရးဝန္ႀကီးဌာန ေျပာခြင့္ရ ေဒါက္တာခင္ခင္ႀကီးက MRTV နဲ႔ အင္တာဗ်ဴးမွာ တိုက္တြန္းထားပါတယ္။

"အခု ကိုဗစ္ကာကြယ္ေဆးေတြကို က်မတို႔အေနနဲ႔ ျပည္သူလူထုေတြကို ဦးတည္အုပ္စုအလိုက္ ထိုးႏွံေပးေနပါတယ္။ တေန႔ကို ပ်မ္းမွ်အားျဖင့္ တသိန္းခြဲထိုးႏွံေပးပါတယ္။ က်မတို႔ထိုးတဲ့ ကာကြယ္ေဆးတိုင္းသည္ WHO ကေန အေရးေပၚအသုံးျပဳခြင့္ေပးတဲ့ ကာကြယ္ေဆးေတြသာ ျဖစ္ပါတယ္။ ကာကြယ္ေဆးရဲ႕ စိတ္ခ်ရမႈ၊ ေဘးကင္းလုံၿခဳံမႈ၊ ထိေရာက္မႈဟာဆိုရင္ အံ့မခန္းျဖစ္ပါတယ္။ ကာကြယ္ေဆးေတြသည္ ၇၀ နဲ႔ ၉၀ ရာခိုင္ႏႈန္း ကာကြယ္မႈေပးပါတယ္။ တ႐ုတ္ႏိုင္ငံအစိုးရ လႉတာသည္ Sinopharm (Beijing) ျဖစ္ပါတယ္။ က်မတို႔ဝယ္တာလည္း Sinopharm (Beijing) ျဖစ္ပါတယ္။ Sinopharm (Beijing) သည္ WHO ရဲ႕ အသိအမွတ္ျပဳေဆး ျဖစ္ပါတယ္။"

ကာကြယ္ေဆးထိုးဖို႔အတြက္ ဦးစားေပးအဆင့္အလိုက္ သတ္မွတ္ထားၿပီး ဒီထဲမွာ အသက္ ၆၅ ႏွစ္အထက္ရွိသူေတြ၊ အစိုးရ႐ုံးဝန္ထမ္းေတြနဲ႔ သံဃာေတာ္ေတြလည္း ပါဝင္ပါတယ္။ အခုတေခါက္ ထိုးႏွံေပးေနတဲ့ Sinopharm ကာကြယ္ေဆးကို ပထမအႀကိမ္ထိုးႏွံထားတဲ့ ဆရာေတာ္တပါးကေတာ့ ကာကြယ္ေဆးထိုးႏွံေပးေနတဲ့ လုပ္ငန္းေတြမွာ အားနည္းခ်က္ေတြရွိေနတယ္လို႔ မိန႔္ပါတယ္။

"သံဃာေတာ္မ်ားကို ဦးစားေပးၿပီးေတာ့ ကာကြယ္ေဆးထိုးတယ္။ ေဆးထိုးတဲ့အေပၚမွာ ေဆးထိုးၿပီးေၾကာင္းဆိုတဲ့ စာ႐ြက္ေလးလည္းမေပးဘူး ထန္းတပင္ၿမိဳ႕နယ္မွာ။ ဘယ္ေန႔ဘယ္ရက္မွာ ေဆးျပန္ထိုးမယ္ ဆိုၿပီးေတာ့လည္း ရက္စြဲေလးနဲ႔ ေဆးထိုးၿပီးေၾကာင္းဆိုတာမ်ိဳး ရတာမရွိဘူး။ သက္ဆိုင္ရာ က်န္းမာေရးဆရာမေတြကို ေမးၾကည့္တဲ့အခါမွာက်ေတာ့ ထန္းတပင္အတြက္ကိုမွ ေဆးထိုးခြင့္က ၂၀၀ ပဲ ခ်ထားေပးတယ္ဆိုေတာ့ ဒီအုပ္စု ၂ စု၊ ၃ စုနဲ႔တင္ကို ဒီေဆးက ကုန္သြားႏိုင္တယ္။ ထန္းတပင္ၿမိဳ႕နယ္မွာ အုပ္စုေပါင္း ၅၉ အုပ္စုရွိတယ္။ အဲေတာ့ တကယ့္တကယ္ အစြန္းအဖ်ားၿမိဳ႕ေတြကိုေတာ့ လုံးဝမေရာက္ေတာ့ဘူး။ ဒါေပမယ့္ အခုထုတ္ျပန္ထားတဲ့ဥစၥာေတြနဲ႔ ကြာဟမႈေတြအမ်ားႀကီး ျဖစ္ေနတယ္ဆိုတာကိုေတာ့ အတည္ျပဳေျပာလို႔ရပါတယ္။"

အခုအသုံးျပဳေနတဲ့ ကာကြယ္ေဆးက ႏွစ္ႀကိမ္ထိုးႏွံရတာျဖစ္လို႔ ပထမတလုံးထိုးထားၿပီးသူေတြဟာ ေနာက္ထပ္တႀကိမ္ အခ်ိန္မီထိုးႏွံႏိုင္ေရးအေပၚ စိုးရိမ္ေနၾကတာပါ။ ေရာဂါအစုလိုက္ ကူးစက္သူဦးေရ အမ်ားဆုံးရွိခဲ့တဲ့ ပဲခူးတိုင္းအတြင္းမွာလည္း ကာကြယ္ေဆးထိုးႏွံဖို႔အတြက္ အမ်ားကလိုလားေနၾကတာပါ။ ဒါေပမယ့္လည္း ကာကြယ္ေဆးအေရအတြက္ မလုံေလာက္လို႔ ပထမဆုံးတလုံးကိုေတာ့ ဦးစားေပးအသုတ္အလိုက္ ထိုးႏွံေပးထားတယ္လို႔ က်န္းမာေရးတာဝန္ရွိသူတဦးက ေျပာပါတယ္။

"၆၀၊ ၆၅ အထက္ေတြေပါ့ေနာ္ အရင္ဆုံးထိုးတယ္။ ဌာနဆိုင္ရာက အရင္တုန္းက မထိုးခဲ့ရတဲ့ဝန္ထမ္းေတြကို က်ေနာ္တို႔ထိုးတယ္။ အခုလက္ရွိ ေဆးအေနအထားအရေတာ့ အဲဒီအတိုင္းအတာနဲ႔ပဲ သြားလို႔ရေသးတယ္ေပါ့။ ေဆးကလည္းပဲ တၿမိဳ႕လုံးစာအတြက္ကိုေတာ့ ျဖစ္မလာႏိုင္ေသးဘူး။ အခုဆို က်ေနာ္တို႔ first time ျပတ္သြားၿပီ။"

တ႐ုတ္ႏိုင္ငံကေန Sinopharm ကာကြယ္ေဆး ၁သန္း လာမယ့္သတင္းပတ္ထဲမွာ ေရာက္မယ္လို႔ သိရပါတယ္။ အခုျမန္မာႏိုင္ငံမွာ ထိုးေပးေနတဲ့ Sinopharm ကာကြယ္ေဆးကို WHO က ၂၀၂၁ ေမလထဲမွာ အေရးေပၚသုံးစြဲခြင့္ေပးခဲ့တာပါ။ ဒီေဆးကို ႏိုင္ငံေပါင္း ၈၀ ေက်ာ္မွာ အသုံးျပဳေနၿပီး ေရာဂါကာကြယ္ႏိုင္မႈကေတာ့ ၇၉.၃ ရာခိုင္ႏႈန္းရွိတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံမွာ ကာကြယ္ေဆးထိုးႏွံရမယ့္ လူဦးေရရဲ႕ ၃ရာခိုင္ႏႈန္းကသာ ကာကြယ္ေဆးထိုးထားၿပီး၊ ႏိုင္ငံတြင္း အေရးတႀကီးလိုအပ္ေနတဲ့ ကိုဗစ္ေရာဂါကာကြယ္ေဆး ထိုးႏွံေရးနဲ႔ စာနာမႈ အကူအညီေတြေပးႏိုင္ေရး ေဆာင္႐ြက္ၾကဖို႔ကို မေန႔ ၾသဂုတ္လ ၁၇ ရက္ေန႔က နယူးေယာက္ၿမိဳ႕၊ ကုလသမဂၢလုံၿခံဳေရးေကာင္စီမွာ ျပဳလုပ္တဲ့ ျမန္မာ့အေရး တံခါးပိတ္ စည္းေ၀းပြဲအတြင္း ၿဗိတိန္ဒုတိယ သံအမတ္ႀကီးကတိုက္တြန္းထားပါတယ္။

covid vaccine SS
please wait

No media source currently available

0:00 0:04:05 0:00
တိုက္႐ိုက္ လင့္ခ္


..........................................................................................

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးများထိုးနှံပေးမှုအခြေအနေ

(Unicode)

တရုတ်နိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေးတွေကို ပြည်တွင်းမှာ ဦးစားပေးအသုတ်အလိုက် စတင်ထိုးနှံပေးနေပါတယ်။ ရောဂါကူးစက်နှုန်းနဲ့ သေဆုံးသူဦးရေ တိုးနေတဲ့ ကပ်ရောဂါ တတိယလှိုင်းကာလမှာ လူတိုင်းကာကွယ်ဆေးထိုးနှံနိုင်ဖို့ကိုလည်း လိုလားနေကြပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို အလိမ္မာပြောပြပါမယ်။

ပြည်တွင်းကပ်ရောဂါ တတိယလှိုင်းမှာ ရောဂါကူးစက်ခံရသူနဲ့ သေဆုံးသူဦးရေ အဆမတန်မြင့်တက်ခဲ့ပြီး ရောဂါထိန်းချုပ်ရေးမှာ အခက်အခဲတွေရှိခဲ့တာပါ။ နေ့စဉ်သေဆုံးသူဦးရေ ထောင်ချီတယ်လို့ ခန့်မှန်းထားရာကနေ အခု ဩဂုတ်လဒုတိယပတ်ကစပြီး သေဆုံးနှုန်းလျော့ကျလာပြီလို့ ရောဂါတိုက်ဖျက်ရာမှာ ပါဝင်ခဲ့သူတွေက ပြောပါတယ်။ ဒီလိုအချိန်မှာ ကိုဗစ်ရောဂါကာကွယ်ဆေးကို လူတိုင်းထိုးနှံနိုင်ဖို့အတွက် ကြိုးပမ်းလာကြပါတယ်။

အခုလက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာနက ထိုးနှံပေးနေတယ်လို့ သိရပါတယ်။ ရောဂါကြောင့် ဖြစ်ပွားသေဆုံးမှုတွေကို လျှော့ချနိုင်ဖို့အတွက် ကာကွယ်ဆေးထိုးရမယ့်အလှည့်မှာ ပါဝင်သူတိုင်း ထိုးနှံကြဖို့ ကျန်းမာရေးဝန်ကြီးဌာန ပြောခွင့်ရ ဒေါက်တာခင်ခင်ကြီးက MRTV နဲ့ အင်တာဗျူးမှာ တိုက်တွန်းထားပါတယ်။

"အခု ကိုဗစ်ကာကွယ်ဆေးတွေကို ကျမတို့အနေနဲ့ ပြည်သူလူထုတွေကို ဦးတည်အုပ်စုအလိုက် ထိုးနှံပေးနေပါတယ်။ တနေ့ကို ပျမ်းမျှအားဖြင့် တသိန်းခွဲထိုးနှံပေးပါတယ်။ ကျမတို့ထိုးတဲ့ ကာကွယ်ဆေးတိုင်းသည် WHO ကနေ အရေးပေါ်အသုံးပြုခွင့်ပေးတဲ့ ကာကွယ်ဆေးတွေသာ ဖြစ်ပါတယ်။ ကာကွယ်ဆေးရဲ့ စိတ်ချရမှု၊ ဘေးကင်းလုံခြုံမှု၊ ထိရောက်မှုဟာဆိုရင် အံ့မခန်းဖြစ်ပါတယ်။ ကာကွယ်ဆေးတွေသည် ၇၀ နဲ့ ၉၀ ရာခိုင်နှုန်း ကာကွယ်မှုပေးပါတယ်။ တရုတ်နိုင်ငံအစိုးရ လှူတာသည် Sinopharm (Beijing) ဖြစ်ပါတယ်။ ကျမတို့ဝယ်တာလည်း Sinopharm (Beijing) ဖြစ်ပါတယ်။ Sinopharm (Beijing) သည် WHO ရဲ့ အသိအမှတ်ပြုဆေး ဖြစ်ပါတယ်။"

ကာကွယ်ဆေးထိုးဖို့အတွက် ဦးစားပေးအဆင့်အလိုက် သတ်မှတ်ထားပြီး ဒီထဲမှာ အသက် ၆၅ နှစ်အထက်ရှိသူတွေ၊ အစိုးရရုံးဝန်ထမ်းတွေနဲ့ သံဃာတော်တွေလည်း ပါဝင်ပါတယ်။ အခုတခေါက် ထိုးနှံပေးနေတဲ့ Sinopharm ကာကွယ်ဆေးကို ပထမအကြိမ်ထိုးနှံထားတဲ့ ဆရာတော်တပါးကတော့ ကာကွယ်ဆေးထိုးနှံပေးနေတဲ့ လုပ်ငန်းတွေမှာ အားနည်းချက်တွေရှိနေတယ်လို့ မိန့်ပါတယ်။

"သံဃာတော်များကို ဦးစားပေးပြီးတော့ ကာကွယ်ဆေးထိုးတယ်။ ဆေးထိုးတဲ့အပေါ်မှာ ဆေးထိုးပြီးကြောင်းဆိုတဲ့ စာရွက်လေးလည်းမပေးဘူး ထန်းတပင်မြို့နယ်မှာ။ ဘယ်နေ့ဘယ်ရက်မှာ ဆေးပြန်ထိုးမယ် ဆိုပြီးတော့လည်း ရက်စွဲလေးနဲ့ ဆေးထိုးပြီးကြောင်းဆိုတာမျိုး ရတာမရှိဘူး။ သက်ဆိုင်ရာ ကျန်းမာရေးဆရာမတွေကို မေးကြည့်တဲ့အခါမှာကျတော့ ထန်းတပင်အတွက်ကိုမှ ဆေးထိုးခွင့်က ၂၀၀ ပဲ ချထားပေးတယ်ဆိုတော့ ဒီအုပ်စု ၂ စု၊ ၃ စုနဲ့တင်ကို ဒီဆေးက ကုန်သွားနိုင်တယ်။ ထန်းတပင်မြို့နယ်မှာ အုပ်စုပေါင်း ၅၉ အုပ်စုရှိတယ်။ အဲတော့ တကယ့်တကယ် အစွန်းအဖျားမြို့တွေကိုတော့ လုံးဝမရောက်တော့ဘူး။ ဒါပေမယ့် အခုထုတ်ပြန်ထားတဲ့ဥစ္စာတွေနဲ့ ကွာဟမှုတွေအများကြီး ဖြစ်နေတယ်ဆိုတာကိုတော့ အတည်ပြုပြောလို့ရပါတယ်။"

အခုအသုံးပြုနေတဲ့ ကာကွယ်ဆေးက နှစ်ကြိမ်ထိုးနှံရတာဖြစ်လို့ ပထမတလုံးထိုးထားပြီးသူတွေဟာ နောက်ထပ်တကြိမ် အချိန်မီထိုးနှံနိုင်ရေးအပေါ် စိုးရိမ်နေကြတာပါ။ ရောဂါအစုလိုက် ကူးစက်သူဦးရေ အများဆုံးရှိခဲ့တဲ့ ပဲခူးတိုင်းအတွင်းမှာလည်း ကာကွယ်ဆေးထိုးနှံဖို့အတွက် အများကလိုလားနေကြတာပါ။ ဒါပေမယ့်လည်း ကာကွယ်ဆေးအရေအတွက် မလုံလောက်လို့ ပထမဆုံးတလုံးကိုတော့ ဦးစားပေးအသုတ်အလိုက် ထိုးနှံပေးထားတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတဦးက ပြောပါတယ်။

"၆၀၊ ၆၅ အထက်တွေပေါ့နော် အရင်ဆုံးထိုးတယ်။ ဌာနဆိုင်ရာက အရင်တုန်းက မထိုးခဲ့ရတဲ့ဝန်ထမ်းတွေကို ကျနော်တို့ထိုးတယ်။ အခုလက်ရှိ ဆေးအနေအထားအရတော့ အဲဒီအတိုင်းအတာနဲ့ပဲ သွားလို့ရသေးတယ်ပေါ့။ ဆေးကလည်းပဲ တမြို့လုံးစာအတွက်ကိုတော့ ဖြစ်မလာနိုင်သေးဘူး။ အခုဆို ကျနော်တို့ first time ပြတ်သွားပြီ။"

တရုတ်နိုင်ငံကနေ Sinopharm ကာကွယ်ဆေး ၁သန်း လာမယ့်သတင်းပတ်ထဲမှာ ရောက်မယ်လို့ သိရပါတယ်။ အခုမြန်မာနိုင်ငံမှာ ထိုးပေးနေတဲ့ Sinopharm ကာကွယ်ဆေးကို WHO က ၂၀၂၁ မေလထဲမှာ အရေးပေါ်သုံးစွဲခွင့်ပေးခဲ့တာပါ။ ဒီဆေးကို နိုင်ငံပေါင်း ၈၀ ကျော်မှာ အသုံးပြုနေပြီး ရောဂါကာကွယ်နိုင်မှုကတော့ ၇၉.၃ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကာကွယ်ဆေးထိုးနှံရမယ့် လူဦးရေရဲ့ ၃ရာခိုင်နှုန်းကသာ ကာကွယ်ဆေးထိုးထားပြီး၊ နိုင်ငံတွင်း အရေးတကြီးလိုအပ်နေတဲ့ ကိုဗစ်ရောဂါကာကွယ်ဆေး ထိုးနှံရေးနဲ့ စာနာမှု အကူအညီတွေပေးနိုင်ရေး ဆောင်ရွက်ကြဖို့ကို မနေ့ သြဂုတ်လ ၁၇ ရက်နေ့က နယူးယောက်မြို့၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ပြုလုပ်တဲ့ မြန်မာ့အရေး တံခါးပိတ် စည်းဝေးပွဲအတွင်း ဗြိတိန်ဒုတိယ သံအမတ်ကြီးကတိုက်တွန်းထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG