သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏွစ္ႀကိမ္မွာ မတူတဲ့ ကိုဗစ္ကာကြယ္ေဆး ထိုးၾကဖို႔ ဂ်ာမန္ကာကြယ္ေဆးေကာ္မတီ တိုက္တြန္း


AstraZeneca ကုိဗစ္ကာကြယ္ေဆး။ (ဧၿပီ ၁၂၊ ၂၀၂၁)

(Zawgyi / Unicode)

ဗီဇေျပာင္း ကို႐ိုနာဗိုင္းရပ္စ္ပိုးကို ခုခံကာကြယ္ႏိုင္ဖို႔ ကိုဗစ္ကာကြယ္ေဆး AstraZeneca ပထမအႀကိမ္ ထုိးႏွံထားၿပီးသူေတြအေနနဲ႔ ဒုတိယအႀကိမ္ ကာကြယ္ေဆး ထိုးမယ္ဆိုရင္ Pfizer ျဖစ္ေစ Moderna ကာကြယ္ေဆးကိုျဖစ္ေစ ထိုးႏွံသင့္တယ္လို႔ ဂ်ာမနီ ကာကြယ္ေဆးထိုးေကာ္မတီက တိုက္တြန္းပါတယ္။ ကမ႓ာအႏွံ႔ ပိုၿပီး ပ်ံ႕ႏွံ႔လြယ္ေနတဲ့ Delta မ်ိဳးကဲြဗီဇပိုးကို ကာကြယ္ႏိုင္ဖို႔လို႔ ဆိုပါတယ္။

အဲဒီလို ကိုဗစ္ကာကြယ္ေဆး ေရာစပ္ၿပီး ထိုးႏွံတဲ့ ကုထံုးက AstraZeneca ကာကြယ္ေဆး ႏွစ္ျပန္ထိုးတာထက္ ကူးစက္မႈကို ပိုၿပီး ခုခံကာကြယ္ တုံ႔ျပန္ႏိုင္တယ္လို႔လည္း ဆိုထားပါတယ္။

အမ်ိဳးသမီးငယ္တဦးမွာ AstraZeneca ကာကြယ္ေဆးရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြ ခံစားခဲ့ရတာကို ေတြ႔ရွိခ်ိန္ကစလို႔ အခုလို ကာကြယ္ေဆး ေရာစပ္ထိုးႏွံႏိုင္မယ့္ ကုထုံးသစ္ကို ေဆးပညာရွင္ေတြ ဆန္းစစ္ေလ့လာခဲ့ၾကတာပါ။

ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Angela Merkel ကုိယ္တုိင္လည္း ကာကြယ္ေဆးႏွစ္မ်ိဳး ထိုးႏွံထားတာပါ။ ကိုဗစ္ကာကြယ္ေဆး AstraZeneca ပထမအႀကိမ္ထိုးႏွံၿပီး ဒုတိယအႀကိမ္မွာေတာ့ Moderna ကို ထိုးႏွံခဲ့တာပါ။

တျဖည္းျဖည္း ေျပာင္းလဲလာတဲ့ ကူးစက္ႏႈန္းျမန္တဲ့ ဗီဇေျပာင္း ဗိုင္းရပ္စ္ပိုးဟာ အႏၲရာယ္ အလြန္ႀကီးမားတဲ့အတြက္ အထူးဂ႐ုစိုက္ၾကဖို႔နဲ႔ အမ်ားျပည္သူ လိုက္နာရမယ့္ ကူးစက္မႈ ကာကြယ္ေရးဆိုင္ရာ လုပ္ေဆာင္မႈေတြကို သတိႀကီးႀကီး ကိုင္တြယ္အကဲျဖတ္ ဆုံးျဖတ္ၾကဖို႔ ကမာၻ႔က်န္းမာေရးအဖြဲ႔ႀကီးရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ေသာၾကာေန႔မွာ သတိေပးလိုက္ပါတယ္။

ဗီဇေျပာင္း Delta ဗိုင္းရပ္စ္ပိုးဟာ အခုဆိုရင္ ကာကြယ္ေဆး ထိုးႏွံထားႏိုင္သူဦးေရ မ်ားတဲ့ႏိုင္ငံေရာ နည္းတဲ့ႏိုင္ငံေတြပါအပါ ႏိုင္ငံေပါင္း အနည္းဆံုး ၉၈ ႏိုင္ငံမွာ လွ်င္လွ်င္ျမန္ျမန္ ပ်ံ႕ႏွံ႔ကူးစက္ေနၿပီလို႔လည္း ဆိုပါတယ္။

အမ်ားျပည္သူလူထုၾကား က်န္းမာေရး အသိပညာေပးမႈနဲ႔ အထူးဂ႐ုစိုက္ ေစာင့္ၾကည့္ႏိုင္တာ စနစ္တက် ပုိးရွိမရွိ စမ္းသပ္စစ္ေဆးႏိုင္မႈ၊ ပိုးစတင္ေတြ႔ရွိမႈေတြအေပၚ စံုစမ္းႏုိင္တာ၊ သီးျခားခြဲ ေနထိုင္ေစတာနဲ႔ ေဆးကုသမႈ ေပးႏိုင္တာေတြ၊ ႏွာေခါင္းစည္းတပ္ဆင္တာ၊ တဦးနဲ႔တဦး ခပ္ခြာခြာေနေစတာ၊ လူထူထပ္တဲ့ ေနရာေတြကို ေရွာင္ရွားၿပီး လူေတြ ေနအိမ္ေတြထဲမွာ ေနေစတာေတြက ပိုးကာကြယ္ႏိုင္မယ့္ အေျခခံက်တဲ့ ေဆာင္ရြက္ခ်က္ေတြ ျဖစ္သလို ေနာက္ၿပီး ကာကြယ္ေဆးသံုးပစၥည္းေတြ၊ ေအာက္ဆီဂ်င္ဘူးေတြ၊ ပိုးစစ္ေဆးတဲ့ ကိရိယာေတြနဲ႔ ကာကြယ္ေဆးေတြကိုလည္း ကမာၻတဝန္း သာတူညီမွ် သုံးစြဲႏိုင္ဖို႔လည္း ၫႊန္ၾကားေရးမွဴးခ်ဳပ္က ကမာၻ႔ေခါင္းေဆာင္ေတြကို တိုက္တြန္းထားပါတယ္။

ေရွ႕လာမယ့္ႏွစ္မွာ ႏိုင္ငံတိုင္းရဲ႕ အနည္းဆံုး လူဦးေရ ၇၀ ရာခုိင္ႏႈန္းေလာက္ ကာကြယ္ေဆး ထိုးထားႏိုင္မွသာ ကမာၻတဝန္း ကူးစက္ကပ္ေရာဂါ ျပန္႔ပြားေနတာနဲ႔ လူေသဆံုးမႈေတြကို ေလွ်ာ့ခ်ႏိုင္မယ့္ အေကာင္းဆံုးနည္းလမ္း ျဖစ္သလို ကိုဗစ္ေၾကာင့္ ကမာၻ႔စီးပြားပ်က္ကပ္ ဆုိက္ေနတာကိုလည္း ျပန္ထူေထာင္ႏိုင္မွာျဖစ္ၿပီး ေနာက္ျဖစ္လာႏိုင္မယ့္ ကူးစက္ကပ္ေရာဂါေတြကိုလည္း ႀကိဳတင္ကာကြယ္ႏိုင္မယ့္ အလားအလာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ လာမယ့္ စက္တင္ဘာလေႏွာင္းပိုင္းမွာ ႏိုင္ငံတိုင္းရဲ႕ အနည္းဆံုး ၁၀ ရာခုိင္ႏႈန္းေလာက္ ကာကြယ္ေဆးထိုးႏိုင္ဖို႔အေရး ႏိုင္ငံ့ေခါင္းေဆာင္ေတြကိုလည္း တိုက္တြန္းထားပါတယ္။

ဒီကေန႔ စေနေန႔မွာေတာ့ အိႏၵိယမွာ ကိုဗစ္ကူးစက္သူေပါင္း ၄၄,၀၀၀ ေက်ာ္ ကူးစက္ၿပီး ေသဆံုးသူ ၇၃၈ ေယာက္ရွိတယ္လို႔ အိႏၵိယက်န္းမာေရးဌာနက သတင္းထုတ္ျပန္ပါတယ္။ ဒါဟာဆိုရင္ အိႏၵိယမွာ ကူးစက္မႈသစ္ ေတြ႔ရွိမႈ ၅၀,၀၀၀ ေအာက္ ဆက္တိုက္က်လာတဲ့ ေျခာက္ရက္ေျမာက္ေန႔လည္း ျဖစ္ပါတယ္။

၃၃.၇ သန္းအထိ ကူးစက္မႈရွိေနတဲ့ အေမရိကန္ျပည္ေထာင္စုၿပီးရင္ အိႏၵိယႏိုင္ငံမွာ COVID-19 ကူးစက္မႈေပါင္း ၃၀.၅ သန္းအထိ ရွိေနတယ္လို႔ အေမရိကန္အေျခစိုက္ Johns Hopkins ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္ေရးစင္တာက သတင္းထုတ္ျပန္ထားပါတယ္။ စေနေန႔အေစာပိုင္း Johns Hopkins ရဲ႕ ထုတ္ျပန္ခ်က္အရ ဆိုရင္ေတာ့ ကမာၻတဝန္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေပါင္း ၁၈၃ သန္းေက်ာ္သြားၿပီ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

နှစ်ကြိမ်မှာ မတူတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးကြဖို့ ဂျာမန်ကာကွယ်ဆေးကော်မတီ တိုက်တွန်း

ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ပိုးကို ခုခံကာကွယ်နိုင်ဖို့ ကိုဗစ်ကာကွယ်ဆေး AstraZeneca ပထမအကြိမ် ထိုးနှံထားပြီးသူတွေအနေနဲ့ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးမယ်ဆိုရင် Pfizer ဖြစ်စေ Moderna ကာကွယ်ဆေးကိုဖြစ်စေ ထိုးနှံသင့်တယ်လို့ ဂျာမနီ ကာကွယ်ဆေးထိုးကော်မတီက တိုက်တွန်းပါတယ်။ ကမ္ဘာအနှံ့ ပိုပြီး ပျံ့နှံ့လွယ်နေတဲ့ Delta မျိုးကွဲဗီဇပိုးကို ကာကွယ်နိုင်ဖို့လို့ ဆိုပါတယ်။

အဲဒီလို ကိုဗစ်ကာကွယ်ဆေး ရောစပ်ပြီး ထိုးနှံတဲ့ ကုထုံးက AstraZeneca ကာကွယ်ဆေး နှစ်ပြန်ထိုးတာထက် ကူးစက်မှုကို ပိုပြီး ခုခံကာကွယ် တုံ့ပြန်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

အမျိုးသမီးငယ်တဦးမှာ AstraZeneca ကာကွယ်ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားခဲ့ရတာကို တွေ့ရှိချိန်ကစလို့ အခုလို ကာကွယ်ဆေး ရောစပ်ထိုးနှံနိုင်မယ့် ကုထုံးသစ်ကို ဆေးပညာရှင်တွေ ဆန်းစစ်လေ့လာခဲ့ကြတာပါ။

ဂျာမန်ဝန်ကြီးချုပ် Angela Merkel ကိုယ်တိုင်လည်း ကာကွယ်ဆေးနှစ်မျိုး ထိုးနှံထားတာပါ။ ကိုဗစ်ကာကွယ်ဆေး AstraZeneca ပထမအကြိမ်ထိုးနှံပြီး ဒုတိယအကြိမ်မှာတော့ Moderna ကို ထိုးနှံခဲ့တာပါ။

တဖြည်းဖြည်း ပြောင်းလဲလာတဲ့ ကူးစက်နှုန်းမြန်တဲ့ ဗီဇပြောင်း ဗိုင်းရပ်စ်ပိုးဟာ အန္တရာယ် အလွန်ကြီးမားတဲ့အတွက် အထူးဂရုစိုက်ကြဖို့နဲ့ အများပြည်သူ လိုက်နာရမယ့် ကူးစက်မှု ကာကွယ်ရေးဆိုင်ရာ လုပ်ဆောင်မှုတွေကို သတိကြီးကြီး ကိုင်တွယ်အကဲဖြတ် ဆုံးဖြတ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က သောကြာနေ့မှာ သတိပေးလိုက်ပါတယ်။

ဗီဇပြောင်း Delta ဗိုင်းရပ်စ်ပိုးဟာ အခုဆိုရင် ကာကွယ်ဆေး ထိုးနှံထားနိုင်သူဦးရေ များတဲ့နိုင်ငံရော နည်းတဲ့နိုင်ငံတွေပါအပါ နိုင်ငံပေါင်း အနည်းဆုံး ၉၈ နိုင်ငံမှာ လျှင်လျှင်မြန်မြန် ပျံ့နှံ့ကူးစက်နေပြီလို့လည်း ဆိုပါတယ်။

အများပြည်သူလူထုကြား ကျန်းမာရေး အသိပညာပေးမှုနဲ့ အထူးဂရုစိုက် စောင့်ကြည့်နိုင်တာ စနစ်တကျ ပိုးရှိမရှိ စမ်းသပ်စစ်ဆေးနိုင်မှု၊ ပိုးစတင်တွေ့ရှိမှုတွေအပေါ် စုံစမ်းနိုင်တာ၊ သီးခြားခွဲ နေထိုင်စေတာနဲ့ ဆေးကုသမှု ပေးနိုင်တာတွေ၊ နှာခေါင်းစည်းတပ်ဆင်တာ၊ တဦးနဲ့တဦး ခပ်ခွာခွာနေစေတာ၊ လူထူထပ်တဲ့ နေရာတွေကို ရှောင်ရှားပြီး လူတွေ နေအိမ်တွေထဲမှာ နေစေတာတွေက ပိုးကာကွယ်နိုင်မယ့် အခြေခံကျတဲ့ ဆောင်ရွက်ချက်တွေ ဖြစ်သလို နောက်ပြီး ကာကွယ်ဆေးသုံးပစ္စည်းတွေ၊ အောက်ဆီဂျင်ဘူးတွေ၊ ပိုးစစ်ဆေးတဲ့ ကိရိယာတွေနဲ့ ကာကွယ်ဆေးတွေကိုလည်း ကမ္ဘာတဝန်း သာတူညီမျှ သုံးစွဲနိုင်ဖို့လည်း ညွှန်ကြားရေးမှူးချုပ်က ကမ္ဘာ့ခေါင်းဆောင်တွေကို တိုက်တွန်းထားပါတယ်။

ရှေ့လာမယ့်နှစ်မှာ နိုင်ငံတိုင်းရဲ့ အနည်းဆုံး လူဦးရေ ၇၀ ရာခိုင်နှုန်းလောက် ကာကွယ်ဆေး ထိုးထားနိုင်မှသာ ကမ္ဘာတဝန်း ကူးစက်ကပ်ရောဂါ ပြန့်ပွားနေတာနဲ့ လူသေဆုံးမှုတွေကို လျှော့ချနိုင်မယ့် အကောင်းဆုံးနည်းလမ်း ဖြစ်သလို ကိုဗစ်ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ် ဆိုက်နေတာကိုလည်း ပြန်ထူထောင်နိုင်မှာဖြစ်ပြီး နောက်ဖြစ်လာနိုင်မယ့် ကူးစက်ကပ်ရောဂါတွေကိုလည်း ကြိုတင်ကာကွယ်နိုင်မယ့် အလားအလာ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် လာမယ့် စက်တင်ဘာလနှောင်းပိုင်းမှာ နိုင်ငံတိုင်းရဲ့ အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက် ကာကွယ်ဆေးထိုးနိုင်ဖို့အရေး နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း တိုက်တွန်းထားပါတယ်။

ဒီကနေ့ စနေနေ့မှာတော့ အိန္ဒိယမှာ ကိုဗစ်ကူးစက်သူပေါင်း ၄၄,၀၀၀ ကျော် ကူးစက်ပြီး သေဆုံးသူ ၇၃၈ ယောက်ရှိတယ်လို့ အိန္ဒိယကျန်းမာရေးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒါဟာဆိုရင် အိန္ဒိယမှာ ကူးစက်မှုသစ် တွေ့ရှိမှု ၅၀,၀၀၀ အောက် ဆက်တိုက်ကျလာတဲ့ ခြောက်ရက်မြောက်နေ့လည်း ဖြစ်ပါတယ်။

၃၃.၇ သန်းအထိ ကူးစက်မှုရှိနေတဲ့ အမေရိကန်ပြည်ထောင်စုပြီးရင် အိန္ဒိယနိုင်ငံမှာ COVID-19 ကူးစက်မှုပေါင်း ၃၀.၅ သန်းအထိ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် Johns Hopkins ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်ရေးစင်တာက သတင်းထုတ်ပြန်ထားပါတယ်။ စနေနေ့အစောပိုင်း Johns Hopkins ရဲ့ ထုတ်ပြန်ချက်အရ ဆိုရင်တော့ ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း ၁၈၃ သန်းကျော်သွားပြီ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG