သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Delta ကိုဗစ္မ်ိဳးကဲြ ေနာက္ထပ္ဆင့္ပြားၿပီး ဗိုင္းရပ္မ်ိဳးစိတ္သစ္ ေပၚလာ


အိႏၵိယႏုိင္ငံမွာ ကုိဗစ္ကာကြယ္ေဆး ထုိးႏွံေပးေနတဲ့ က်န္းမာေရးဝန္ထမ္းမ်ား။ (ဇန္နဝါရီ ၁၆၊ ၂၀၂၁)

(Zawgyi / Unicode)

အိႏၵိယက ကိုဗစ္မ်ိဳးကြဲသစ္ Delta ဟာ ကမာၻေပၚမွာ ကူးစက္အျမန္ဆုံးအျဖစ္ ႏုိင္ငံေပါင္းမ်ားစြာကို ျပန္႔သြားၿပီး ေနာက္ထပ္ဆင့္ပြားပုံစံ Delta Plus ပါ စေပၚလာေနကာ ပိုစိုးရိမ္ေနရၿပီလို႔ ကမာၻ႔က်န္းမာေရး အရာရွိေတြက သတိေပးလိုက္ပါတယ္။

Delta ဗီဇေျပာင္း COVID-19 မ်ိဳးကြဲသစ္ဟာ ကာကြယ္ေဆး မထိုးတာနဲ႔ ထိန္းခ်ဳပ္မႈ အားနည္ခ်က္ေတြေၾကာင့္ ပိုအကူးျမန္ေနၿပီး ေနာက္ထပ္မ်ိဳးကြဲသစ္ ေပၚလာေစႏုိင္တယ္လို႔ WHO အႀကီးအကဲက သတိေပးထားပါတယ္။ အခုဆိုရင္ ဒီမ်ိဳးစိတ္သစ္ဟာ ၿဗိတိန္၊ အိႏၵိယနဲ႔ အေမရိကန္ အပါအဝင္ ႏုိင္ငံတဒါဇင္နီးပါးမွာ စေတြ႔ေနရၿပီလို႔ က်န္းမာေရးအရာရွိေတြက ေျပာပါတယ္။

ကိုဗစ္ကူူးစက္မႈ ပိုမ်ားလာေလေလ ေနာက္ထပ္မ်ိဳးကြဲသစ္ေတြလည္း ပိုျဖစ္လာေလေလပဲလို႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ ၫႊန္ၾကားေရးမွဴးခ်ဳပ္ Tedros Adhanom Ghebreyesus က ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာ႐ုံးခ်ဳပ္မွာလုပ္တဲ့ သတင္းစာရွင္းလင္းပြဲမွာ မေန႔က သတိေပးပါတယ္။ အခု Delta Plus ဆင့္ပြားပုံစံေျပာင္းမ်ိဳးသစ္အေနနဲ႔ ပိုကူးစက္ျမန္မွာပါ စိုးရိမ္မႈေတြ မ်ားလာေနပါတယ္။

အခု Delta Plus ဆင့္ပြားပုံစံေျပာင္း Delta အမ်ိဳးအစားအေနနဲ႔ အရင္ အိႏၵိယမွာ စေတြ႔ပ်ံ႕ႏွံ႔လာတဲ့ မူရင္း Delta ထက္ ပိုကူးစက္ျမန္ ျပင္းထန္ႏုိင္မွာကို စိုးရိမ္တာေၾကာင့္ ေလ့လာမႈေတြ စလုပ္ေနၿပီလို႔လည္း Delta Plus ကို စေတြ႔တဲ့ ၿဗိတိန္၊ အိႏၵိယနဲ႔ အေမရိကန္က အရာရွိေတြက ေျပာပါတယ္။

ၾသစေၾတးလ်ရဲ႕ အႀကီးဆုံးၿမိဳ႕ႀကီး ဆစ္ဒနီမွာလည္း Delta မ်ိဳးကြဲသစ္ ႏိုင္ငံထဲ ဝင္လာတာေၾကာင့္ ကိုဗစ္ပိုးေတြ႔သူ ျပန္တက္လာတာ ထိန္းခ်ဳပ္ႏိုင္ဖို႔ ၂ ပတ္ၾကာ Lockdown ခ် အသြားအလာ ကန႔္သတ္ပိတ္ဆို႔မႈေတြ ခ်မွတ္လိုက္ပါတယ္။

ၾသစေၾတးလ်ရဲ႕ လူဦးေရအမ်ားဆုံးျပည္နယ္ New South Wales က အျခားေနရာေတြမွာလည္း အိမ္ထဲမွာေနဖို႔အမိန႔္ Stay at Home ကို က်န္းမာေရးအရာရွိေတြက ခ်မွတ္လိုက္ပါတယ္။

အာဖရိကတိုက္မွာလည္း ကူးစက္မႈနဲ႔ ေသဆုံးမႈ ၄၀ ရာခိုင္ႏႈန္းနီးပါး တိုးလာေနပါတယ္။ ကိုဗစ္ကူးစက္သူ မ်ားလာတာနဲ႔အမွ် ေဆး႐ုံတင္ ကုသရတဲ့ လူနာေတြလည္း တိုးလာေနၿပီး က်န္းမာေရးဝန္ထမ္းေတြနဲ႔ ေစာင့္ေရွာက္မႈစနစ္မွာ လိုအပ္ခ်က္ေတြ ႀကီးမားလာေနကာ အေသအေပ်ာက္ေတြ ပိုႀကဳံေနရတယ္လို႔လည္း ကမာၻ႔က်န္းမာေရး အရာရွိေတြက ေျပာေနပါတယ္။

ေနာက္ထပ္ကူးစက္မႈေတြ ထိန္းခ်ဳပ္ႏိုင္ၿပီး ကူးစက္မႈ နည္းသြားရင္ေတာ့ မ်ိဳးကြဲသစ္ ေနာက္ထပ္ျဖစ္လာမွာလည္း နည္းသြားမွာမို႔ ထိန္းခ်ဳပ္မႈေတြ အျမန္လုပ္ၿပီး ကာကြယ္ေဆး အားလုံးအညီအမွ် ထုိးႏိုင္ေရးနဲ႔ ေပါင္းစပ္သြားဖို႔ အေရးႀကီးေနၿပီလို႔ WHO ၫႊန္ခ်ဳပ္ Ghebreyesus က သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

Delta ကိုဗစ်မျိုးကွဲ နောက်ထပ်ဆင့်ပွားပြီး ဗိုင်းရပ်မျိုးစိတ်သစ် ပေါ်လာ

အိန္ဒိယက ကိုဗစ်မျိုးကွဲသစ် Delta ဟာ ကမ္ဘာပေါ်မှာ ကူးစက်အမြန်ဆုံးအဖြစ် နိုင်ငံပေါင်းများစွာကို ပြန့်သွားပြီး နောက်ထပ်ဆင့်ပွားပုံစံ Delta Plus ပါ စပေါ်လာနေကာ ပိုစိုးရိမ်နေရပြီလို့ ကမ္ဘာ့ကျန်းမာရေး အရာရှိတွေက သတိပေးလိုက်ပါတယ်။

Delta ဗီဇပြောင်း COVID-19 မျိုးကွဲသစ်ဟာ ကာကွယ်ဆေး မထိုးတာနဲ့ ထိန်းချုပ်မှု အားနည်းချက်တွေကြောင့် ပိုအကူးမြန်နေပြီး နောက်ထပ်မျိုးကွဲသစ် ပေါ်လာစေနိုင်တယ်လို့ WHO အကြီးအကဲက သတိပေးထားပါတယ်။ အခုဆိုရင် ဒီမျိုးစိတ်သစ်ဟာ ဗြိတိန်၊ အိန္ဒိယနဲ့ အမေရိကန် အပါအဝင် နိုင်ငံတဒါဇင်နီးပါးမှာ စတွေ့နေရပြီလို့ ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ကိုဗစ်ကူူးစက်မှု ပိုများလာလေလေ နောက်ထပ်မျိုးကွဲသစ်တွေလည်း ပိုဖြစ်လာလေလေပဲလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာရုံးချုပ်မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မနေ့က သတိပေးပါတယ်။ အခု Delta Plus ဆင့်ပွားပုံစံပြောင်းမျိုးသစ်အနေနဲ့ ပိုကူးစက်မြန်မှာပါ စိုးရိမ်မှုတွေ များလာနေပါတယ်။

အခု Delta Plus ဆင့်ပွားပုံစံပြောင်း Delta အမျိုးအစားအနေနဲ့ အရင် အိန္ဒိယမှာ စတွေ့ပျံ့နှံ့လာတဲ့ မူရင်း Delta ထက် ပိုကူးစက်မြန် ပြင်းထန်နိုင်မှာကို စိုးရိမ်တာကြောင့် လေ့လာမှုတွေ စလုပ်နေပြီလို့လည်း Delta Plus ကို စတွေ့တဲ့ ဗြိတိန်၊ အိန္ဒိယနဲ့ အမေရိကန်က အရာရှိတွေက ပြောပါတယ်။

သြစတြေးလျရဲ့ အကြီးဆုံးမြို့ကြီး ဆစ်ဒနီမှာလည်း Delta မျိုးကွဲသစ် နိုင်ငံထဲ ဝင်လာတာကြောင့် ကိုဗစ်ပိုးတွေ့သူ ပြန်တက်လာတာ ထိန်းချုပ်နိုင်ဖို့ ၂ ပတ်ကြာ Lockdown ချ အသွားအလာ ကန့်သတ်ပိတ်ဆို့မှုတွေ ချမှတ်လိုက်ပါတယ်။

သြစတြေးလျရဲ့ လူဦးရေအများဆုံးပြည်နယ် New South Wales က အခြားနေရာတွေမှာလည်း အိမ်ထဲမှာနေဖို့အမိန့် Stay at Home ကို ကျန်းမာရေးအရာရှိတွေက ချမှတ်လိုက်ပါတယ်။

အာဖရိကတိုက်မှာလည်း ကူးစက်မှုနဲ့ သေဆုံးမှု ၄၀ ရာခိုင်နှုန်းနီးပါး တိုးလာနေပါတယ်။ ကိုဗစ်ကူးစက်သူ များလာတာနဲ့အမျှ ဆေးရုံတင် ကုသရတဲ့ လူနာတွေလည်း တိုးလာနေပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်မှုစနစ်မှာ လိုအပ်ချက်တွေ ကြီးမားလာနေကာ အသေအပျောက်တွေ ပိုကြုံနေရတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေး အရာရှိတွေက ပြောနေပါတယ်။

နောက်ထပ်ကူးစက်မှုတွေ ထိန်းချုပ်နိုင်ပြီး ကူးစက်မှု နည်းသွားရင်တော့ မျိုးကွဲသစ် နောက်ထပ်ဖြစ်လာမှာလည်း နည်းသွားမှာမို့ ထိန်းချုပ်မှုတွေ အမြန်လုပ်ပြီး ကာကွယ်ဆေး အားလုံးအညီအမျှ ထိုးနိုင်ရေးနဲ့ ပေါင်းစပ်သွားဖို့ အရေးကြီးနေပြီလို့ WHO ညွှန်ချုပ် Ghebreyesus က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG