သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Novavax ကိုဗစ္ကာကြယ္ေဆး ထိေရာက္မႈအလားအလာေကာင္းေတြ႕ရွိ


အေမရိကန္ျပည္ေထာင္စုရဲ ့ ေလးခုေျမာက္ ကိုဗစ္ကာကြယ္ေဆးျဖစ္လာမယ့္ Novavax (ဓာတ္ပံု- AP)

(Zawgyi/Unicode)

Covid-19 ေရာဂါကိုတုိက္ဖ်က္ေရးအတြက္ အလားအလာေကာင္းတဲ့ ကာကြယ္ေဆးသစ္တမ်ိဳးေတြ႔ေနရေပမယ့္၊ ျဖန္႔ျဖဴးေရးကိစၥအတြက္ အေတာ္ေလး စဥ္းစားစရာျဖစ္ေနပါတယ္။ Novavax ကိုဗစ္ကာကြယ္ေဆးဟာ အေမရိကန္ျပည္ေထာင္စုမွာ ေလးခုေျမာက္ ကိုဗစ္ကာကြယ္ေဆးျဖစ္လာၿပီး၊ စမ္းသပ္မႈေတြအရ အေတာ္ေလး ထိေရာက္အားေကာင္းတာေတြ႕ရပါတယ္။ ဒါေပမယ့္ အေမရိကန္ႏိုင္ငံတြင္း ျဖန္႔ျဖဴးႏိုင္ဖို႔ထက္ အျခားတိုင္းျပည္ေတြအတြက္ ပို လိုအပ္ခ်က္ျဖစ္လာႏိုင္ပါတယ္။

“အေမရိကန္မွာ ပထမဆုံး ကာကြယ္ေဆးထိုးၿပီး ၆ လကေန တႏွစ္အတြင္း အားျဖည့္ booster ကာကြယ္ေဆးေတြ ထိုးဖို႔လိုလာတဲ့အခါ သုံးဖို႔ ကာကြယ္းေဆးမ်ိဳး အေမရိကန္မွာလိုအပ္ပါတယ္။ ကာကြယ္ေဆးေတြတကမၻာလုံးကို ေရာက္ေနဖို႔လိုလည္း ပါတယ္။ အထူးသျဖင့္ ၀င္ေငြ အလယ္အလတ္နဲ႔ ၀င္ေငြနိမ့္တ့ဲတုိင္းျပည္ေတြမွာ ကာကြယ္ေဆးေရာက္ဖို႔လိုပါတယ္။ က်ေနာ္တို႔ေဆးက သာမန္ေရခဲေသတၱာထဲမွာ သိုေလွာင္ထားႏုိင္တဲ့အတြက္ အဲဒီလိုတုိင္းျပည္ေတြအတြက္ အထူးသင့္ေတာ္ပါတယ္ လို႔ Novavax ကုမၸဏီအႀကီးအကဲ Stanley Erck ကေျပာပါတယ္။

အေမရိကန္အေျခစိုက္ ဇီ၀နည္းပညာကုမၸဏီ Novavax ရဲ ႔ကာကြယ္ေဆးေတြကို အိႏၵိယႏုိင္ငံမွာ အမ်ားအျပား ထုတ္လုပ္မယ္လို႔ ခန္႔မွန္းရပါတယ္။ ဒါေပမယ့္လည္း ျပည္တြင္းကပ္ေရာဂါအေျခအေနေၾကာင့္ ျပည္ပကို ကာကြယ္ေဆးတင္ပို႔မႈေတြ အိႏၵိယအစိုးရက လက္ရွိတားျမစ္ထားတာပါ။ Covavax ရဲ ႔ ေဆးေတြကို အေမရိကန္နဲ႔မကၠဆီကိုႏုိင္ငံမွာ လူေတြနဲ႔စမ္းသပ္ခဲ့တာမွာ ေရာဂါ ျပင္းထန္တဲ့ကိုဗစ္ေရာဂါကို ၁၀၀ ရာခုိင္ႏႈန္းကာကြယ္ႏုိင္ၿပီး အျခားေရာဂါဘယေတြကိုေတာ့ ၉၀ ရာခိုင္ႏႈန္ းကာကြယ္ႏိုိင္တာကို ေတြ႔ရတယ္လို႔ ကုမၸဏီက တနလၤာေန႔မွာေၾကျငာခဲ့ပါတယ္။ WHO ရဲ ႔ COVAX ကာကြယ္ေဆးျဖန္႔ျဖဴးေရးအစီအစဥ္အတြက္ ကာကြယ္ေဆးသန္းေပါင္း ၃၅၀ ထိ ေရာင္းခ်ေပးဖို႔ ကုမၸဏီကသေဘာတူထားပါတယ္။ သက္ဆုိင္ရာက တရား၀င္ ေဆးအသုံးျပဳခြင့္ျပဳလိုက္တာနဲ႔ Novavax ကာကြယ္ေဆးေတြကို ဒီနွစ္တတိယေလးလပတ္မွာ စတင္ျဖန္႔ျဖဴးႏုိင္မွာျဖစ္မယ္လို႔ခန္႔မွန္းရပါတယ္။

.......................................................................................

Novavax ကိုဗစ်ကာကွယ်ဆေး ထိရောက်မှုအလားအလာကောင်းတွေ့ရှိ

(Unicode)

Covid-19 ရောဂါကိုတိုက်ဖျက်ရေးအတွက် အလားအလာကောင်းတဲ့ ကာကွယ်ဆေးသစ်တမျိုးတွေ့နေရပေမယ့်၊ ဖြန့်ဖြူးရေးကိစ္စအတွက် အတော်လေး စဉ်းစားစရာဖြစ်နေပါတယ်။ Novavax ကိုဗစ်ကာကွယ်ဆေးဟာ အမေရိကန်ပြည်ထောင်စုမှာ လေးခုမြောက် ကိုဗစ်ကာကွယ်ဆေးဖြစ်လာပြီး၊ စမ်းသပ်မှုတွေအရ အတော်လေး ထိရောက်အားကောင်းတာတွေ့ရပါတယ်။ ဒါပေမယ့် အမေရိကန်နိုင်ငံတွင်း ဖြန့်ဖြူးနိုင်ဖို့ထက် အခြားတိုင်းပြည်တွေအတွက် ပို လိုအပ်ချက်ဖြစ်လာနိုင်ပါတယ်။

“အမေရိကန်မှာ ပထမဆုံး ကာကွယ်ဆေးထိုးပြီး ၆ လကနေ တနှစ်အတွင်း အားဖြည့် booster ကာကွယ်ဆေးတွေ ထိုးဖို့လိုလာတဲ့အခါ သုံးဖို့ ကာကွယ်းဆေးမျိုး အမေရိကန်မှာလိုအပ်ပါတယ်။ ကာကွယ်ဆေးတွေတကမ္ဘာလုံးကို ရောက်နေဖို့လိုလည်း ပါတယ်။ အထူးသဖြင့် ဝင်ငွေ အလယ်အလတ်နဲ့ ဝင်ငွေနိမ့်တဲ့တိုင်းပြည်တွေမှာ ကာကွယ်ဆေးရောက်ဖို့လိုပါတယ်။ ကျနော်တို့ဆေးက သာမန်ရေခဲသေတ္တာထဲမှာ သိုလှောင်ထားနိုင်တဲ့အတွက် အဲဒီလိုတိုင်းပြည်တွေအတွက် အထူးသင့်တော်ပါတယ် လို့ Novavax ကုမ္ပဏီအကြီးအကဲ Stanley Erck ကပြောပါတယ်။

အမေရိကန်အခြေစိုက် ဇီဝနည်းပညာကုမ္ပဏီ Novavax ရဲ့ကာကွယ်ဆေးတွေကို အိန္ဒိယနိုင်ငံမှာ အများအပြား ထုတ်လုပ်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့်လည်း ပြည်တွင်းကပ်ရောဂါအခြေအနေကြောင့် ပြည်ပကို ကာကွယ်ဆေးတင်ပို့မှုတွေ အိန္ဒိယအစိုးရက လက်ရှိတားမြစ်ထားတာပါ။ Covavax ရဲ့ ဆေးတွေကို အမေရိကန်နဲ့မက္ကဆီကိုနိုင်ငံမှာ လူတွေနဲ့စမ်းသပ်ခဲ့တာမှာ ရောဂါ ပြင်းထန်တဲ့ကိုဗစ်ရောဂါကို ၁၀၀ ရာခိုင်နှုန်းကာကွယ်နိုင်ပြီး အခြားရောဂါဘယတွေကိုတော့ ၉၀ ရာခိုင်နှုန် းကာကွယ်နိုင်တာကို တွေ့ရတယ်လို့ ကုမ္ပဏီက တနင်္လာနေ့မှာကြေငြာခဲ့ပါတယ်။ WHO ရဲ့ COVAX ကာကွယ်ဆေးဖြန့်ဖြူးရေးအစီအစဉ်အတွက် ကာကွယ်ဆေးသန်းပေါင်း ၃၅၀ ထိ ရောင်းချပေးဖို့ ကုမ္ပဏီကသဘောတူထားပါတယ်။ သက်ဆိုင်ရာက တရားဝင် ဆေးအသုံးပြုခွင့်ပြုလိုက်တာနဲ့ Novavax ကာကွယ်ဆေးတွေကို ဒီနှစ်တတိယလေးလပတ်မှာ စတင်ဖြန့်ဖြူးနိုင်မှာဖြစ်မယ်လို့ခန့်မှန်းရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG