သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီဇပြောင်း Delta ကိုဗစ်ပိုး အန္တရာယ် WHO သတိပေး


Dr. Tedros Adhanom Ghebreyesus ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ
Dr. Tedros Adhanom Ghebreyesus ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲ

[ Zawgyi ]

ဗီဇပြောင်း Delta ကိုဗစ်ပိုးဟာ ကမ္ဘာအဝန်း ကာကွယ်ဆေး မထိုးရသေးတဲ့သူတွေနဲ့ ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေ ဖယ်ရှားလိုက်တဲ့ နိုင်ငံတွေမှာ အလျှင်အမြန် ကူးစက်နေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက သတိပေးလိုက်ပါတယ်။

“လက်ရှိအချိန်အထိ လေ့လာမှုတွေအရ Delta ကိုဗစ်ပိုးဟာ ကူးစက်မှု အမြန်ဆုံးဖြစ်ပါတယ်။ နိုင်ငံပေါင်း အနည်းဆုံး ၈၅ နိုင်ငံမှာ ကူးစက်ပျံ့နှံ့နေပြီး၊ ကာကွယ်ဆေး မထိုးရသေးတဲ့ သူတွေကြားထဲမှာ အလျှင်အမြန် ပျံ့နှံ့နေပါတယ်။” လို့ WHO အတွင်းရေးမှူးချုပ် Tedros Adhanom Ghebreyesus က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ ရုံးချုပ်က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ကမ္ဘာအဝန်း ကိုဗစ်ရောဂါ ကူးစက်သူ အရေအတွက်ဟာ သီတင်း ၈ ပတ် ဆက်တိုက် ကျဆင်းလာပေမဲ့ ကျဆင်းမှုနှုန်းက နှေးကွေးနေတယ်လို့လည်း ပြောပါတယ်။ အာဖရိကတိုက်မှာတော့ ကူးစက်မှုနဲ့ သေဆုံးမှု ၄၀ ရာခိုင်နှုန်းနီးပါး တိုးလာနေတာပါ။ ကပ်ရောဂါ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ကျန်းမာရေး အာဏာပိုင်တွေ လျှော့ပေးရာက ကမ္ဘာအဝန်း ကူးစက်မှု တိုးလာနေတယ်လို့လည်း WHO အကြီးအကဲက ပြောပါတယ်။

ကူးစက်သူ များလာတာနဲ့အမျှ ဆေးရုံတင်ကုသရတဲ့ လူနာတွေလည်း တိုးလာနေပြီး၊ ကျန်းမာရေး ဝန်ထမ်းတွေနဲ့ စောင့်ရှောက်မှု စနစ်မှာ လိုအပ်ချက်တွေ ကြီးမားလာနေပြီး အသေအပျောက်တွေ ကြုံနေရတယ်လို့လည်း ပြောပါတယ်။ ဗိုင်းရပ်စ်ပိုးရဲ့ သဘာဝအရ ကူးစက်မြန် ရောဂါပိုး အမျိုးအစားသစ်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး၊ ကူးစက်မှုတွေကို ဟန့်တားနိုင်အောင် ကာကွယ်ဆေး ထိုးနှံဖို့နဲ့ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေကို လိုက်နာဖို့လည်း တိုက်တွန်းခဲ့တာပါ။ ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကာကွယ်ဆေးထိုးဖို့ အခက်အခဲတွေ ရှိနေတာဟာလည်း ကပ်ရောဂါ ထပ်ဆင့်ကြုံရသလို ဖြစ်နေတယ်လို့လည်း WHO အကြီးအကဲက ပြောဆိုခဲ့ပါတယ်။

ဗီဇပြောင်း Delta ကိုဗစ်ပိုး အန္တရာယ် WHO သတိပေး
please wait

No media source currently available

0:00 0:01:35 0:00
တိုက်ရိုက် လင့်ခ်


[ Unicode ]

ဗီဇပွောငျး Delta ကိုဗဈပိုး အန်တရာယျ WHO သတိပေး





XS
SM
MD
LG