သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Delta မျိုးဗီဇပြောင်းကိုဗစ်ပိုးကူးစက်မှု စိုးရိမ်စရာဖြစ်လာဟု ကန် CDC သတိပေး


Atlanta မြို့အခြေစိုက် အမေရိကန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC (ဓာတ်ပုံ - Reuters)
Atlanta မြို့အခြေစိုက် အမေရိကန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

အိန္ဒိယနိုင်ငံမှာစတွေ့တဲ့ Delta မျိုးဗီဇပြောင်းပိုးကူးစက်မှုက စိုးရိမ်စရာဖြစ်လာပြီလို့ အမေရိကန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးဌာန CDC ကအင်္ဂါနေ့မှာပြောပါတယ်။ ဂျွန်လ ၅ ရက်နေ့ထိ အမေရိကန်မှာပိုးကူးခံရသူသစ် ၁၀ ရာခိုင်နှုန်းလောက်မှာ Delta ဗီဇပြောင်းပိုးခံထားရပြီး ကူးစက်တာ မြန်လွန်းတဲ့အပြင် ရောဂါလက္ခဏာလည်း ပိုပြင်းတယ်လို့ဆိုပါတယ်။

Delta ဗီဇပြောင်းပိုးကူးခံရရင် ဗိုက်နာတာ၊ မူးဝေအော့အန်တာ၊ အစားအသောက်ပျက်တာ၊ အကြားအာရုံအားနည်းလာတာနဲ့ အဆစ်အမြစ်နာကျင်ကိုက်ခဲတာတွေခံစားရတယ်လို့ ကျန်းမာရေးပညာရှင်တွေကပြောပါတယ်။ ကာကွယ်ဆေးထိုးမှုနှေးကွေးနေတာကြောင့် ပိုးကူးစက်မှုတကျော့ပြန်မြင့်တက်လာမှာကိုလည်း ပညာရှင်တွေစိုးရိမ်နေပါတယ်။ ခုဆိုရင် နိုင်ငံပေါင်း ၇၄ နိုင်ငံမှာ Delta ဗီဇပြောင်းပိုးကူးစက်နေပြီး ဗြိတိန်နိုင်ငံမှာ အများဆုံးကူးစက်နေပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကလည်း Delta ဗီဇပြောင်းပိုးကို စိုးရိမ်ရမယ့်ပိုးအဖြစ် ပြီးခဲ့တဲ့လကသတ်မှတ်ခဲ့ပါတယ်။

The Lancet ဆေးပညာဂျာနယ်ရဲ့ဒီတပတ်ထုတ် စာစောင်မှာတော့ Pfizer ကာကွယ်ဆေး ၂ လုံးအပြည့်ထိုးထားရင် Delta ဗီဇပြောင်းပိုးကို ၇၉ ရာခိုင်နှုန်းထိကာကွယ်နိုင်ကြောင်း ဖော်ပြထားပါတယ်။ AstraZeneca ဆေးကတော့ ၆၀ ရာခိုင်နှုန်းကာကွယ်နိုင်တယ်လို့လည်းပြောထားပါတယ်။ ဒီအချိန်မှာပဲ အမေရိကန်က ကိုဗစ်ကူးခံရသူ ၂၅ ရာခိုင်နှုန်းလောက်မှာ အခြားကျန်းမာရေးပြဿနာတွေနဲ့ကြုံတွေ့ခဲ့ရကြောင့် လေ့လာမှုသစ်တရပ်မှာတွေ့ရှိလိုက်ပါတယ်။ကျန်းမာရေးအာမခံကုမ္ပဏီတွေဆီ ငွေတောင်းခံလွှာတင်လာတဲ့ လူနာပေါင်း ၂ သန်းလောက်တို့ရဲ့ဒေတာတွေကို FAIR အဖွဲ့က ၂၀၂၀ ဖေဖော်ဝါရီလကစပြီး တနှစ်တာလေ့လာခဲ့တာပါ။

ရောဂါလက္ခဏာကြာရှည်ခံစားရတဲ့လူနာတွေမှာ နာကျင်ကိုက်ခဲတာ၊ အသက်ရှုကြပ်တာ၊ သွေးတက်တာ၊ သွေးထဲ cholesterol အဆီဓာတ်မြင့်လာတာနဲ့ မူးဝေတာတွေခံစားရတာကိုတွေ့ရှိခဲ့ပါတယ်။ ဒီလိုရေရှည်ရောဂါလက္ခဏာကိုခံစားရသူတွေထဲမှာ ကလေးငယ်နဲ့ အသက်အရွယ်ပေါင်းစုံပါဝင်တယ်လို့လည်းပြောထားပါတယ်။ အူလမ်းကြောင်းနဲ့ နှလုံးရောဂါအပြင် စိတ်ကျတာနဲ့ စိုးရိမ်ကြောင့်ကျတာမျိုးလို စိတ်ကျန်းမာရေးကိုပါ ထိခိုက်တာကိုလည်းတွေ့ရတယ်လို့လည်း ဖော်ပြထားပါတယ်။

.....................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)





XS
SM
MD
LG