သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Delta ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအန္တရာယ် ရှိတဲ့ နိုင်ငံတွေထဲ မြန်မာပါဝင်


မေလ ၃၁ ရက်နေ့က ချင်းပြည်နယ်ရှိ COVID-19 ရောဂါနှင့်သေဆုံးသွားသော အမျိုးသမီးရဲ့ ဈာပန
မေလ ၃၁ ရက်နေ့က ချင်းပြည်နယ်ရှိ COVID-19 ရောဂါနှင့်သေဆုံးသွားသော အမျိုးသမီးရဲ့ ဈာပန

(Zawgyi/Unicode)

မြန်မာအပါအဝင် Delta ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေ ကူးစက်နေတဲ့ အခြားနိုင်ငံတွေကလာတဲ့ ခရီးသွားတွေအနေနဲ့ မဖြစ်မနေ ကွာရန်တင်းဝင်ရမှာဖြစ်တယ်လို့ နယ်သာလန်အစိုးရက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဗြိတိန်၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ၊ နီပေါလ် စတဲ့ နိုင်ငံ လေး နိုင်ငံကို အလွန်စိုးရိမ်ဖွယ်ရာ နိုင်ငံတွေအဖြစ် သတ်မှတ်ကြောင်း နယ်သာလန်နိုင်ငံ ပြည်သူ့ကျန်းမာရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အမျိုးသားအင်စတီကျူ (RIVM) ရဲ့ ဇွန်လ (၁၄)ရက်နေ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အဲဒီနိုင်ငံတွေမှာ စိုးရိမ်ဖွယ်ရာ Delta ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲပျံ့နှံ့ကူးစက်နေတာကြောင့် ဖြစ်တယ်လို့ ရေးထားပါတယ်။

၂၀၂၁ ဇွန် ၁၅ ရက်၊ အင်္ဂါနေ့ ကစပြီး အဲဒီနိုင်ငံတွေကလာတဲ့ခရီးသွားတွေအနေနဲ့ နယ်သာလန်နိုင်ငံကို ရောက်ရောက်ချင်း မဖြစ်မနေ ကွာရန်တင်းဝင်ရမှာဖြစ်ပါတယ်။ ဒါအပြင် နယ်သာလန်နိုင်င် ပြည်တွင်း ခရီးစဉ်မှာလည်း ကွာရန်တင်းကို အတိအကျနဲ့အပြည့်အ၀ ဝင်ထားပြီးပြီဖြစ်ကြောင်း အသိအမှတ်ပြုထားတဲ့ စာကို ပိုင်ဆိုင်ထားရမယ်လို့ ဆိုပါတယ်။

မဖြစ်မနေ ကွာရန်တင်းဝင်ရမယ့် လိုအပ်ချက်ကို မလိုက်နာတဲ့ ခရီးသွားတွေအတွက် ဒဏ်ကြေးအဖြစ် ယူရိုငွေ ၃၃၉ (ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၄၁၁ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ ကွာရန်တင်းဝင်ထားကြောင်း စာရွက်ကို မပြနိုင်တဲ့သူတွေကို ယူရို ၉ ၅ ( အမေရိကန်ဒေါ်လာ ၁၁၅) အထိ ပေးဆောင်ရမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အင်္ဂါနေ့ထိ စာရင်းအရ မြန်မာနိုင်ငံမှာ ကိုဗစ်ကူးစက်သူ ၁ သိန်း ၄ သောင်း ၅ ထောင်ကျော်နဲ့ သေဆုံးသူ ၃၂၄၈ ယောက်ရှိသွားပြီ ဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


.............


(Unicode)






XS
SM
MD
LG