သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဥေရာပမွာ ကိုဗစ္ကူးစက္မႈ အရွိန္ျပန္ျမင့္ေန


ျပင္သစ္ အီဖယ္ေမွ်ာ္စင္ေရွ ့ ကမၻာလွည့္ခရီးသြားတခ်ိဳ ့ (ဓာတ္ပံု - AP)

(Zawgyi/Unicode)

ဥေရာပမွာ ကိုဗစ္ေရာဂါကူးစက္မႈ ၂ လေလာက္က်ဆင္းသြားခဲ့ၿပီး အခုေနာက္တခါ ကူးစက္မႈျပန္မ်ားလာေနေၾကာင္းနဲ႔ စည္းကမ္း ကန္႔သတ္ခ်က္ေတြဆက္မထားရင္ ကူးစက္မႈလိႈင္းသစ္တခုျဖစ္လာႏုိင္ေၾကာင္း ကမၻာ့က်န္းမာေရးအဖြဲ႔ WHO က သတိေပးလိုက္ပါတယ္။

ခရီးထြက္တာေတြ၊ လူစုလူေဝးလုပ္ၾကတာေတြ၊ လူမႈေရးဆိုင္ရာကန္႔သတ္ခ်က္ေတြ ေလွ်ာ့ခ်ေပးလုိက္ၿပီးတဲ့ေနာက္ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာ ေရာဂါကူးစက္မႈ ၁၀ % ျပန္ျမင့္တက္လာခဲ့ေၾကာင္း WHO ရဲ႕ ဥေရာပဆုိင္ရာဒါ႐ိုက္တာ Hans Kluge က ေျပာခဲ့တာပါ။ ဆက္ၿပီးေတာ့ အိႏၵိယႏိုင္ငံမွာ ပထမဆံုး ဒယ္လ္တာ ကို႐ိုနာပိုးမ်ဳိးကြဲသစ္ကူးစက္မႈေတြ တိုး လာခဲ့ၿပီးေနာက္ ဥေရာပဘက္ကို အလ်င္အျမန္ကူးလာတာနဲ႔ပတ္သက္လို႔ ၿဗိတိန္မွာ ပထမဆံုးကူးစက္လာတာကို ရည္ညႊန္းေျပာဆိုသြားပါတယ္။

ၾသဂုတ္လကုန္အထိ ဥေရာပတိုက္ထဲက ကူးစက္မႈအသစ္ေတြရဲ႕ ၉ ၀ % ေလာက္ဟာ ကူးစက္ျမန္ ဒယ္လ္တာ မ်ဳိးကြဲသစ္ ျဖစ္လာႏိုင္ေၾကာင္း ဥေရာပသမဂၢ ေရာဂါထိန္းခ်ဳပ္ေရးဌာန ECDC က ခန္႔မွန္းထားပါတယ္။ ၾသဂုတ္လမွာ ဗဟုိအာရွေဒ အေတာ္မ်ားမ်ားအပါအဝင္ WHO အဖြဲ႔ဝင္ ဥေရာပသမဂၢ ၅၃ ႏိုင္ငံနဲ႔ သူတို႔ရဲ႕ပိုင္နက္နယ္ေျမေတြမွာ ဒယ္လ္တာ ဗီဇမ်ဳိးကြဲ သစ္ ကူးစက္မႈမ်ားလာႏုိင္ေၾကာင္းကိုလည္း ကလုဂါ က ေျပာပါတယ္။

ကာကြယ္ေဆးေတြဟာ ဒယ္လ္တာဗီဇေျပာင္းကို႐ိုနာဗုိင္းရပ္စ္ကို ကာကြယ္ေပးႏိုင္ေပမယ့္လည္း ေဘးကင္းတဲ့အဆင့္ အကာအကြယ္ရဖို႔အတြက္ ကာကြယ္ေဆး ၂ လံုး အျပည့္ထိုးၿပီးဖို႔လိုပါတယ္။

WHO ဥေရာပေဒသတြင္း ကာကြယ္ေဆးထိုးၿပီးသူ ၂၄ % ပဲရွိေသးၿပီး လူႀကီးပိုင္းရဲ႕ထက္ဝက္နဲ႔ က်န္းမာေရးလုပ္သား ၄၀ % တို႔ဟာ အခုထိ ကာကြယ္ေဆးမရေသးေၾကာင္းလည္း မစၥတာ ကလုဂါ က ေျပာပါတယ္။ အရြယ္ေရာက္သူအားလံုးရဲ႕ ၈၀ % ကာကြယ္ေဆးထိုးထားဖို႔ အႀကံျပဳတိုက္တြန္းထားတာမို႔လို႔ဒီအေျခအေနဟာ လက္ခံႏုိင္စရာမရွိပါဘူးလို႔လည္း သူက ေျပာပါတယ္။

...................................................................................

ဥေရာပမွာ ကိုဗစ္ကူးစက္မႈ အရွိန္ျပန္ျမင့္ေန
please wait

No media source currently available

0:00 0:01:46 0:00
တိုက္႐ိုက္ လင့္ခ္


ဥရောပမှာ ကိုဗစ်ကူးစက်မှု အရှိန်ပြန်မြင့်နေ

(Unicode)

ဥရောပမှာ ကိုဗစ်ရောဂါကူးစက်မှု ၂ လလောက်ကျဆင်းသွားခဲ့ပြီး အခုနောက်တခါ ကူးစက်မှုပြန်များလာနေကြောင်းနဲ့ စည်းကမ်း ကန့်သတ်ချက်တွေဆက်မထားရင် ကူးစက်မှုလှိုင်းသစ်တခုဖြစ်လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

ခရီးထွက်တာတွေ၊ လူစုလူဝေးလုပ်ကြတာတွေ၊ လူမှုရေးဆိုင်ရာကန့်သတ်ချက်တွေ လျှော့ချပေးလိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ရောဂါကူးစက်မှု ၁၀ % ပြန်မြင့်တက်လာခဲ့ကြောင်း WHO ရဲ့ ဥရောပဆိုင်ရာဒါရိုက်တာ Hans Kluge က ပြောခဲ့တာပါ။ ဆက်ပြီးတော့ အိန္ဒိယနိုင်ငံမှာ ပထမဆုံး ဒယ်လ်တာ ကိုရိုနာပိုးမျိုးကွဲသစ်ကူးစက်မှုတွေ တိုး လာခဲ့ပြီးနောက် ဥရောပဘက်ကို အလျင်အမြန်ကူးလာတာနဲ့ပတ်သက်လို့ ဗြိတိန်မှာ ပထမဆုံးကူးစက်လာတာကို ရည်ညွှန်းပြောဆိုသွားပါတယ်။

သြဂုတ်လကုန်အထိ ဥရောပတိုက်ထဲက ကူးစက်မှုအသစ်တွေရဲ့ ၉ ၀ % လောက်ဟာ ကူးစက်မြန် ဒယ်လ်တာ မျိုးကွဲသစ် ဖြစ်လာနိုင်ကြောင်း ဥရောပသမဂ္ဂ ရောဂါထိန်းချုပ်ရေးဌာန ECDC က ခန့်မှန်းထားပါတယ်။ သြဂုတ်လမှာ ဗဟိုအာရှဒေ အတော်များများအပါအဝင် WHO အဖွဲ့ဝင် ဥရောပသမဂ္ဂ ၅၃ နိုင်ငံနဲ့ သူတို့ရဲ့ပိုင်နက်နယ်မြေတွေမှာ ဒယ်လ်တာ ဗီဇမျိုးကွဲ သစ် ကူးစက်မှုများလာနိုင်ကြောင်းကိုလည်း ကလုဂါ က ပြောပါတယ်။

ကာကွယ်ဆေးတွေဟာ ဒယ်လ်တာဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်ပေးနိုင်ပေမယ့်လည်း ဘေးကင်းတဲ့အဆင့် အကာအကွယ်ရဖို့အတွက် ကာကွယ်ဆေး ၂ လုံး အပြည့်ထိုးပြီးဖို့လိုပါတယ်။

WHO ဥရောပဒေသတွင်း ကာကွယ်ဆေးထိုးပြီးသူ ၂၄ % ပဲရှိသေးပြီး လူကြီးပိုင်းရဲ့ထက်ဝက်နဲ့ ကျန်းမာရေးလုပ်သား ၄၀ % တို့ဟာ အခုထိ ကာကွယ်ဆေးမရသေးကြောင်းလည်း မစ္စတာ ကလုဂါ က ပြောပါတယ်။ အရွယ်ရောက်သူအားလုံးရဲ့ ၈၀ % ကာကွယ်ဆေးထိုးထားဖို့ အကြံပြုတိုက်တွန်းထားတာမို့လို့ဒီအခြေအနေဟာ လက်ခံနိုင်စရာမရှိပါဘူးလို့လည်း သူက ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG