သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Sydney မှာ သီတင်းနှစ်ပတ် အသွားအလာ ပိတ်ပင်ကန့်သတ်


အသွားအလာ ပိတ်ပင်ကန့်သတ်လိုက်တဲ့ Sydney မြို့က အဓိကလမ်းမကြီးတခုမှာ သွားလာနေသူတဦး။ (ဇွန် ၂၆၊ ၂၀၂၁)
အသွားအလာ ပိတ်ပင်ကန့်သတ်လိုက်တဲ့ Sydney မြို့က အဓိကလမ်းမကြီးတခုမှာ သွားလာနေသူတဦး။ (ဇွန် ၂၆၊ ၂၀၂၁)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ် မျိုးဗီဇကွဲအသစ် ကူးစက်ပျံ့နှံ့လာတဲ့ သြစတြေးလျနိုင်ငံ Sydney မြို့မှာ ရောဂါထိန်းချုပ်ရေး ဒီကနေ့ကစလို့ သီတင်းနှစ်ပတ် အသွားအလာတွေ ပိတ်ပင်ကန့်သတ်လိုက်ပါတယ်။

ဇွန်လအလယ်လောက်က Sydney မြို့မှာတော့ နိုင်ငံတကာလေကြောင်း လေယာဉ်ဝန်ထမ်းတွေကို ကားကြိုပို့ တာဝန်ယူထားသူ ယာဉ်မောင်းတဦး Delta မျိုးကွဲ ကိုဗစ်ကူးစက်ခဲ့တာကနေ တဆင့် လူပေါင်း ၁၁၀ ကျော်ကို ရောဂါကူးစက်ခဲ့တာပါ။ ဒီ Delta လို့ နာမည်ပေးထားတဲ့ ကူးစက်မြန် မျိုးကွဲ ကိုဗစ်ရောဂါပိုးက အိန္ဒိယမှာ ပထမဆုံးတွေ့ခဲ့တာ ဖြစ်ပါတယ်။

မြို့ထဲ စားသောက်ဆိုင်တွေ၊ ဘားတွေနဲ့ ကော်ဖီဆိုင်တွေ ပိတ်ထားပေမယ့် Sydney မြို့ Bondi ပင်လယ်ကမ်းခြေမှာတော့ ပြင်ပ အားကစားလှုပ်ရှားမှုတွေကို ခွင့်ပြုထားပါတယ်။

နိုင်ငံမြောက်ပိုင်း Darwin မြို့မှာလည်း ရွှေတူးဖော်ရေးမိုင်းတခုနဲ့ ဆက်စပ်ပြီး ရောဂါကူးစက်မှုတချို့ ရှိတာကြောင့် ၄၈ နာရီ အသွားအလာ ပိတ်ပင်ကန့်သတ်မှုတွေ သီးခြား ချမှတ်ထားပါတယ်။

ဌာနေတိုင်းရင်းသား အများစုနေထိုင်တဲ့ နိုင်ငံမြောက်ပိုင်းမှာ ရောဂါကူးစက်သူတွေနဲ့ အနီးကပ် ထိတွေ့ခဲ့သူတွေကို ရှာဖွေဖော်ထုတ်နိုင်ရေး အခက်အခဲတွေရှိမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------

(Unicode)







XS
SM
MD
LG