သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုိဗစ္စည္းကမ္း ခ်ဳိးေဖာက္မႈအတြက္ ၿဗိတိန္က်န္းမာေရးဝန္ႀကီး ႏုတ္ထြက္


ၿဗိတိန္က်န္းမာေရးဝန္ႀကီး Matt Hancock. (ဇြန္ ၂၊ ၂၀၂၁)

(Zawgyi / Unicode)

ၿဗိတိန္က်န္းမာေရးဝန္ႀကီး Matt Hancock ဟာ သူခ်မွတ္ထားတဲ့ ကိုဗစ္ကပ္ေရာဂါ စည္းမ်ဥ္းေတြကို ခ်ဳိးေဖာက္ၿပီး သူ႔ရဲ႕႐ုံးခန္းထဲမွာ လက္ေထာက္ အမ်ဳိးသမီးဝန္ထမ္းတဦးကို ဖက္နမ္းလိုက္တဲ့အတြက္ ဝန္ႀကီးတာဝန္ကေန ဒီကေန႔ ႏုတ္ထြက္လိုက္ပါတယ္။

အဲဒီ အိမ္ေထာင္ရွိတဲ့ က်န္းမာေရးဝန္ႀကီးဟာ ျပည္သူ႔ဘ႑ာေငြနဲ႔ လစာေပးထားတဲ့ ဝန္ထမ္းအမ်ဳိးသမီးကို ဖက္နမ္းေနတဲ့ သတင္းဓာတ္ပုံကို The SUN သတင္းစာမွာ မေန႔ ေသာၾကာေန႔က ေဖာ္ျပခဲ့ၿပီးေနာက္ သူ႔အေနနဲ႔ ဝန္ႀကီးခ်ဳပ္ Boris Johnson ဆီကို ႏုတ္ထြက္စာ တင္ခဲ့ပါတယ္။

ဒါနဲ႔ပတ္သက္ၿပီး သူက ႐ုပ္ျမင္သံၾကားကေန အခုလို ေတာင္းပန္လိုက္ပါတယ္။

“သူ႔အေနနဲ႔ ဝန္ႀကီးခ်ဳပ္ဆီကို ႏုတ္ထြက္စာ တင္လုိက္တဲ့အေၾကာင္း၊ သူတုိ႔အစုိးရ အေနနဲ႔လည္း ျပည္သူေတြလိုပဲ ကုိဗစ္ကပ္ေရာဂါ စည္းမ်ဥ္းေတြကို လုိက္နာရမယ့္အေၾကာင္း” ေျပာဆုိသြားပါတယ္။

သူဟာ ျပည္သူမ်ားအေနနဲ႔ ကပ္ေရာဂါနဲ႔ လိုက္နာေဆာင္ရြက္ၾကဖို႔ အၿမဲ ႐ုပ္ျမင္သံၾကားကေန ေျပာဆုိခဲ့ပါတယ္။

ဝန္ႀကီးခ်ဳပ္ Johnson အေနနဲ႔ ကုိဗစ္ကပ္ေရာဂါကိုေရာ လူေတြရဲ႕ က်န္းမာေရးကိုေရာ ႏွစ္ခုစလုံးကို တာဝန္ယူရမယ့္ က်န္းမာေရးဝန္ႀကီးေနရာကို အစားထိုးရေတာ့မွာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------

(Unicode)

ကိုဗစ်စည်းကမ်း ချိုးဖောက်မှုအတွက် ဗြိတိန်ကျန်းမာရေးဝန်ကြီး နုတ်ထွက်

ဗြိတိန်ကျန်းမာရေးဝန်ကြီး Matt Hancock ဟာ သူချမှတ်ထားတဲ့ ကိုဗစ်ကပ်ရောဂါ စည်းမျဉ်းတွေကို ချိုးဖောက်ပြီး သူ့ရဲ့ရုံးခန်းထဲမှာ လက်ထောက် အမျိုးသမီးဝန်ထမ်းတဦးကို ဖက်နမ်းလိုက်တဲ့အတွက် ဝန်ကြီးတာဝန်ကနေ ဒီကနေ့ နုတ်ထွက်လိုက်ပါတယ်။

အဲဒီ အိမ်ထောင်ရှိတဲ့ ကျန်းမာရေးဝန်ကြီးဟာ ပြည်သူ့ဘဏ္ဍာငွေနဲ့ လစာပေးထားတဲ့ ဝန်ထမ်းအမျိုးသမီးကို ဖက်နမ်းနေတဲ့ သတင်းဓာတ်ပုံကို The SUN သတင်းစာမှာ မနေ့ သောကြာနေ့က ဖော်ပြခဲ့ပြီးနောက် သူ့အနေနဲ့ ဝန်ကြီးချုပ် Boris Johnson ဆီကို နုတ်ထွက်စာ တင်ခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သူက ရုပ်မြင်သံကြားကနေ အခုလို တောင်းပန်လိုက်ပါတယ်။

“သူ့အနေနဲ့ ဝန်ကြီးချုပ်ဆီကို နုတ်ထွက်စာ တင်လိုက်တဲ့အကြောင်း၊ သူတို့အစိုးရ အနေနဲ့လည်း ပြည်သူတွေလိုပဲ ကိုဗစ်ကပ်ရောဂါ စည်းမျဉ်းတွေကို လိုက်နာရမယ့်အကြောင်း” ပြောဆိုသွားပါတယ်။

သူဟာ ပြည်သူများအနေနဲ့ ကပ်ရောဂါနဲ့ လိုက်နာဆောင်ရွက်ကြဖို့ အမြဲ ရုပ်မြင်သံကြားကနေ ပြောဆိုခဲ့ပါတယ်။

ဝန်ကြီးချုပ် Johnson အနေနဲ့ ကိုဗစ်ကပ်ရောဂါကိုရော လူတွေရဲ့ ကျန်းမာရေးကိုရော နှစ်ခုစလုံးကို တာဝန်ယူရမယ့် ကျန်းမာရေးဝန်ကြီးနေရာကို အစားထိုးရတော့မှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG