သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ၾသစေတးလ်ၿမိဳ႕ႀကီးေလးၿမိဳ႕ ကပ္ေဘးကန္႔သတ္မႈသစ္ထုတ္ျပန္


(COVID-19) စည္းမ်ဥ္းသစ္ေတြ ေၾကျငာထားတဲ့ ဆစ္ဒနီျမိဳ ့လည္ ဘူတာရံုတခု (ဓာတ္ပံု - REUTERS/Loren Elliott)

(Zawgyi/Unicode)

ကူးစက္ျမန္မ်ိဳးဗီဇေျပာင္း Delta ကိုဗစ္ပိုးေတြအမ်ားအျပားေတြ႔လာေနတဲ့ ၾသစေတးလ်ႏုိင္ငံမွာ Lockdown ခ်ၿပီး အသြားအလာကန္႔သတ္ထားတဲ့ၿမိဳ႔ႀကီး ၄ခုရွိသြားပါၿပီ။ ျပည္နယ္ ၆ ခုနဲ႔ နယ္ေျမ ၂ ခုရွိတဲ့ ၾသစေတးလ် ႏုိ္င္ငံထဲက အဓီကၿမိဳ ႔ႀကီးေတြျဖစ္တဲ့ Brisbane ၊ Perth၊ Darwin နဲ႔ Sydney ၿမိဳ ႔ မွာကန္႔သတ္ခ်က္ေတြခ်မွတ္ထားပါတယ္။ Sydney ေလဆိပ္ကေန ႏုိင္ငံတကာေလယာဥ္အမႈထမ္းေတြကို အပို႔အႀကိဳလုပ္ေပးတဲ့ ကားသမားနဲ႔ဆက္စပ္ၿပီး ပိုးကူးသူသစ္ ၁၅၀ထက္မနည္းေတြ႔ရွိခဲ့ပါတယ္။

ၾသစေတးလ်မွာ တင္းၾကပ္တဲ့ကန္႔သတ္ခ်က္ေတြနဲ႔ကပ္ေရာဂါကို ထိ္န္းခ်ဳပ္ႏုိင္ခဲ့တဲ့အတြက္ပိုးကူးသူ ၃ေသာင္းေက်ာ္နဲ႔ေသဆုံးသူ ၉ ရာ၀န္းက်င္ပဲရွိခဲ့တာကို တရား၀င္ကိန္းဂဏန္းေတြမွာ ေတြ႔ရပါတယ္။ အိႏၵိယႏုိင္ငံမွာစတင္ေတြ႔ရွိတဲ့ Delta ဗီဇေျပာင္းပိုးကို ႏုိင္ငံေပါင္း ၈၀ ေက်ာ္မွာေတြ႔ေနရၿပီး ကမၻာတ၀ွမ္း အလ်င္အျမန္ကူးစက္ျပန္႔ႏွံ႔ေနတာပါ။ ပိုးကူးခံရသူေတြထဲက Delta ပိုးကူးထားသူ ၉၅%ရွိတဲ့ ၿဗိတိန္ႏုိင္ငံက ခရီးသြားေတြကို ေပၚတူဂီ၊ စပိန္နဲ႔ ေဟာင္ေကာင္တုိ႔က ျပည္၀င္ခြင့္ ကန္႔သတ္ထားပါတယ္။

အေမရိကန္ျပည္ေထာင္စုကလည္း Covid-19 ေရာဂါကူးစက္မႈျမင့္တက္ေနတဲ့ လိုင္ေဘးရီးယား၊ ယူဂန္ဒါ၊ မိုဇမ္ဘစ္၊ ဇင္ဘာေဘြနဲ႔ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု UAE ကို ခရီးမသြားသင္တဲ့ အဆင့္ ၄ ႏုိင္ငံအျဖစ္ တနလၤာေန႔ကစၿပီးသတ္မွတ္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာလည္း ပိုးကူးစက္မႈတေက်ာ့ျပန္ရင္ဆုိင္ေနရတာေၾကာင့္ ဂ်ဴလုိင္လ၁ ရက္ေန႔ကစၿပီး မရွိမျဖစ္အေရးပါတဲ့၀န္ထမ္းတခ်ိဳ႔ကလႊဲလို႔ ႏုိင္ငံတ၀ွမ္း အိမ္ျပင္မထြက္ရ တပတ္ၾကာ ကန္႔သတ္ခ်က္ခ်က္ထုတ္ျပန္ထားပါတယ္။

................................................................................

တိုက္႐ိုက္ လင့္ခ္


သြစတေးလျမြို့ကြီးလေးမြို့ ကပ်ဘေးကန့်သတ်မှုသစ်ထုတ်ပြန်

(Unicode)

ကူးစက်မြန်မျိုးဗီဇပြောင်း Delta ကိုဗစ်ပိုးတွေအများအပြားတွေ့လာနေတဲ့ သြစတေးလျနိုင်ငံမှာ Lockdown ချပြီး အသွားအလာကန့်သတ်ထားတဲ့မြို့ကြီး ၄ခုရှိသွားပါပြီ။ ပြည်နယ် ၆ ခုနဲ့ နယ်မြေ ၂ ခုရှိတဲ့ သြစတေးလျ နိုင်ငံထဲက အဓီကမြို့ကြီးတွေဖြစ်တဲ့ Brisbane ၊ Perth၊ Darwin နဲ့ Sydney မြို့ မှာကန့်သတ်ချက်တွေချမှတ်ထားပါတယ်။ Sydney လေဆိပ်ကနေ နိုင်ငံတကာလေယာဉ်အမှုထမ်းတွေကို အပို့အကြိုလုပ်ပေးတဲ့ ကားသမားနဲ့ဆက်စပ်ပြီး ပိုးကူးသူသစ် ၁၅၀ထက်မနည်းတွေ့ရှိခဲ့ပါတယ်။

သြစတေးလျမှာ တင်းကြပ်တဲ့ကန့်သတ်ချက်တွေနဲ့ကပ်ရောဂါကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်ပိုးကူးသူ ၃သောင်းကျော်နဲ့သေဆုံးသူ ၉ ရာဝန်းကျင်ပဲရှိခဲ့တာကို တရားဝင်ကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံမှာစတင်တွေ့ရှိတဲ့ Delta ဗီဇပြောင်းပိုးကို နိုင်ငံပေါင်း ၈၀ ကျော်မှာတွေ့နေရပြီး ကမ္ဘာတဝှမ်း အလျင်အမြန်ကူးစက်ပြန့်နှံ့နေတာပါ။ ပိုးကူးခံရသူတွေထဲက Delta ပိုးကူးထားသူ ၉၅%ရှိတဲ့ ဗြိတိန်နိုင်ငံက ခရီးသွားတွေကို ပေါ်တူဂီ၊ စပိန်နဲ့ ဟောင်ကောင်တို့က ပြည်ဝင်ခွင့် ကန့်သတ်ထားပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း Covid-19 ရောဂါကူးစက်မှုမြင့်တက်နေတဲ့ လိုင်ဘေးရီးယား၊ ယူဂန်ဒါ၊ မိုဇမ်ဘစ်၊ ဇင်ဘာဘွေနဲ့ အာရပ်စော်ဘွားများပြည်ထောင်စု UAE ကို ခရီးမသွားသင်တဲ့ အဆင့် ၄ နိုင်ငံအဖြစ် တနင်္လာနေ့ကစပြီးသတ်မှတ်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ပိုးကူးစက်မှုတကျော့ပြန်ရင်ဆိုင်နေရတာကြောင့် ဂျူလိုင်လ၁ ရက်နေ့ကစပြီး မရှိမဖြစ်အရေးပါတဲ့ဝန်ထမ်းတချို့ကလွှဲလို့ နိုင်ငံတဝှမ်း အိမ်ပြင်မထွက်ရ တပတ်ကြာ ကန့်သတ်ချက်ချက်ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG