သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္ဝမ္နဲ႔ အာဆီယံ ၅ ႏုိင္ငံအတြက္ ကိုဗစ္ကာကြယ္ေဆး ဂ်ပန္ေပးမယ္


ကိုရိုနာဗိုင္းရပ္ကာကြယ္ေဆး (ဓာတ္ပံု - Courtesy)

(Zawgyi/Unicode)

ဂ်ပန္ႏိုင္ငံအေနနဲ႔ ကိုဗစ္ကာကြယ္ေဆး ၆ သန္းကို အာဆီယံ ၅ ႏိုင္ငံနဲ႔ ထိုင္ဝမ္ကၽြန္းတို႔ကို ေပးမယ္လို႔ ဂ်ပန္ႏိုင္ငံျခားေရးဝန္ႀကီးက ေျပာပါတယ္။

“က်ေနာ္တို႔အေနနဲ႔ တျခားႏိုင္ငံအစိုးရေတြနဲ႔ ညိႈႏိႈင္းတာအပါအဝင္ လိုအပ္တာေတြစီစဥ္ၿပီးသြားရင္ AstraZeneca ကာကြယ္ေဆး ၁ သန္းစီကို အင္ဒိုနီးရွား၊ မေလးရွား၊ ထိုင္း၊ ဖိလစ္ပိုင္တို႔ကို ဇူလိုင္ ၁ ရက္ ေနာက္ပိုင္း ေရွ႕သီတင္းပတ္ထဲ ျဖစ္ႏိုင္သမွ် အေစာဆံုး ပို႔ေပးသြားပါမယ္။ ဒီအတြက္ စီစဥ္စရာေတြကို အၿပီးသတ္လုပ္ေနပါတယ္။ ဒါ့အျပင္ အရင္ကာကြယ္ေဆးပို႔ထားၿပီးတဲ့ ထိုင္ဝမ္နဲ႔ ဗီယက္နမ္ကိုလည္း ေနာက္ထပ္ ၁ သန္းစီထပ္ပို႔သြားပါမယ္” လို႔ ဝန္ႀကီး Toshimitsu Motegi ကေျပာပါတယ္။

မခ်မ္းသာတဲ့ႏိုင္ငံေတြကို ခ်မ္းသာတဲ့ႏိုင္ငံေတြက ကာကြယ္ေဆး ပိုကူညီေပးဖို႔ ကုလသမဂၢရဲ့ ကိုဗစ္ကာကြယ္ေဆးညြန္႔ေပါင္းအဖြဲ႔ COVAX ရဲ့ဖိအားေအာက္မွာ အေမရိကန္နဲ႔ဥေရာပက အလားတူကူညီပို႔ေပးခဲ့အၿပီး ဂ်ပန္အတြက္လည္း သံတမန္ေရးၾသဇာတက္ေစမယ့္ အခုလိုကူညီမယ့္အစီအစဥ္ကို ေၾကညာတာပါ။

အခုလို ခ်မ္းသာတဲ့ ဒီမိုကေရစီႏိုင္ငံေတြက အကူအညီေပးတာမရွိေသးတဲ့ ျမန္မာႏိုင္ငံမွာေတာ့ အိမ္နီးခ်င္း အိႏၵိယက ကူးစက္ျမန္ျပင္းထန္တဲ့ ပိုးမ်ိဳးကြဲသစ္ဝင္လာအၿပီး ကူးစက္မူေတြျပန္ျမင့္တက္လာရာမွာ မေန႔က ပိုးေတြ႔သူသစ္ ၈၀၀ နီးပါးအထိနဲ႔ ေသဆံုးသူ ၆ ဦးအထိတက္သြားခဲ့ပါတယ္။

မေန႔က ဓာတ္ခြဲစစ္ေဆးခဲ့သူေပါင္း ၅,၇၅၄ ဦးထဲက ၇၈၇ ဦးမွာ ပိုးေတြခဲ့တာမို႔ ပိုးေတြ႔ႏႈန္း ၁၃% စေက်ာ္လာေနၿပီး ပဲခူးတိုင္းက ၁၅၄ ဦးနဲ႔ အမ်ားဆံုးျဖစ္ကာ ရွမ္းျပည္နယ္က ၁၃၃ ဦးနဲ႔ ဒုတိယ၊ စစ္ကိုင္းတိုင္းက ၁၁၅ ဦးနဲ႔ တတိယျဖစ္လာေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားပါတယ္။ အဲ့ဒီေနာက္မွာေတာ့ မႏၱေလးက ၁၀၅ ဦး၊ ရန္ကုန္က ၈၉ ဦးနဲ႔ ကပ္လိုက္လာေနၿပီး အဲ့ဒီေနာက္မွာ ခ်င္းျပည္နယ္က ၅၉ ဦးနဲ႔ ဆဌမ ေနရာမွာရွိခဲ့ပါတယ္။

.......................................................................................

တိုင်ဝမ်နဲ့ အာဆီယံ ၅ နိုင်ငံအတွက် ကိုဗစ်ကာကွယ်ဆေး ဂျပန်ပေးမယ်

(Unicode)

ဂျပန်နိုင်ငံအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ၆ သန်းကို အာဆီယံ ၅ နိုင်ငံနဲ့ ထိုင်ဝမ်ကျွန်းတို့ကို ပေးမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“ကျနော်တို့အနေနဲ့ တခြားနိုင်ငံအစိုးရတွေနဲ့ ညှိုနှိုင်းတာအပါအဝင် လိုအပ်တာတွေစီစဉ်ပြီးသွားရင် AstraZeneca ကာကွယ်ဆေး ၁ သန်းစီကို အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ ဖိလစ်ပိုင်တို့ကို ဇူလိုင် ၁ ရက် နောက်ပိုင်း ရှေ့သီတင်းပတ်ထဲ ဖြစ်နိုင်သမျှ အစောဆုံး ပို့ပေးသွားပါမယ်။ ဒီအတွက် စီစဉ်စရာတွေကို အပြီးသတ်လုပ်နေပါတယ်။ ဒါ့အပြင် အရင်ကာကွယ်ဆေးပို့ထားပြီးတဲ့ ထိုင်ဝမ်နဲ့ ဗီယက်နမ်ကိုလည်း နောက်ထပ် ၁ သန်းစီထပ်ပို့သွားပါမယ်” လို့ ဝန်ကြီး Toshimitsu Motegi ကပြောပါတယ်။

မချမ်းသာတဲ့နိုင်ငံတွေကို ချမ်းသာတဲ့နိုင်ငံတွေက ကာကွယ်ဆေး ပိုကူညီပေးဖို့ ကုလသမဂ္ဂရဲ့ ကိုဗစ်ကာကွယ်ဆေးညွန့်ပေါင်းအဖွဲ့ COVAX ရဲ့ဖိအားအောက်မှာ အမေရိကန်နဲ့ဥရောပက အလားတူကူညီပို့ပေးခဲ့အပြီး ဂျပန်အတွက်လည်း သံတမန်ရေးသြဇာတက်စေမယ့် အခုလိုကူညီမယ့်အစီအစဉ်ကို ကြေညာတာပါ။

အခုလို ချမ်းသာတဲ့ ဒီမိုကရေစီနိုင်ငံတွေက အကူအညီပေးတာမရှိသေးတဲ့ မြန်မာနိုင်ငံမှာတော့ အိမ်နီးချင်း အိန္ဒိယက ကူးစက်မြန်ပြင်းထန်တဲ့ ပိုးမျိုးကွဲသစ်ဝင်လာအပြီး ကူးစက်မူတွေပြန်မြင့်တက်လာရာမှာ မနေ့က ပိုးတွေ့သူသစ် ၈၀၀ နီးပါးအထိနဲ့ သေဆုံးသူ ၆ ဦးအထိတက်သွားခဲ့ပါတယ်။

မနေ့က ဓာတ်ခွဲစစ်ဆေးခဲ့သူပေါင်း ၅,၇၅၄ ဦးထဲက ၇၈၇ ဦးမှာ ပိုးတွေခဲ့တာမို့ ပိုးတွေ့နှုန်း ၁၃% စကျော်လာနေပြီး ပဲခူးတိုင်းက ၁၅၄ ဦးနဲ့ အများဆုံးဖြစ်ကာ ရှမ်းပြည်နယ်က ၁၃၃ ဦးနဲ့ ဒုတိယ၊ စစ်ကိုင်းတိုင်းက ၁၁၅ ဦးနဲ့ တတိယဖြစ်လာနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အဲ့ဒီနောက်မှာတော့ မန္တလေးက ၁၀၅ ဦး၊ ရန်ကုန်က ၈၉ ဦးနဲ့ ကပ်လိုက်လာနေပြီး အဲ့ဒီနောက်မှာ ချင်းပြည်နယ်က ၅၉ ဦးနဲ့ ဆဌမ နေရာမှာရှိခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG