(Zawgyi/Unicode)
ျမန္မာ ျပည္သူေတြအေပၚ စစ္အုပ္ခ်ဳပ္ေရးကာင္စီက အၾကမ္းဖက္ေနတဲ့လုပ္ရပ္ေတြ ခ်က္ခ်င္းရပ္ၿပီး လြတ္လပ္စြာထုတ္ေဖာ္ခြင့္ျပဳဖို႔နဲ႔ တရားလက္လႊတ္ ဖမ္းဆီးထားသူအားလုံး ျပန္လႊတ္ေပးဖို႔ ဂ်ပန္နဲ႔ ၾသစေတးလ်ႏုိ္္င္ငံတို႔က ေၾကျငာခ်က္ထုတ္ၿပီး တုိက္တြန္းေတာင္းဆိုလိုက္ပါတယ္။ ျမန္မာနုိင္ငံတြင္းက အၾကမ္းဖက္လုပ္ရပ္ေတြကို အခိုင္အမာရႈတ္ခ်ေၾကာင္းလည္း ဂ်ပန္နဲ႔ ၾသစေတးလ်ႏုိင္ငံတို႔က ႏုိင္ငံျခားေရးနဲ႔ ကာကြယ္ေရး၀န္ႀကီးေတြ ေတြ႔ဆုံေဆြးေႏြးအၿပီး ဗုဒၶဟူးေန႔မွာပဲ ခုလိုပူးတြဲေၾကျငာခ်က္ထုတ္ျပန္ခဲ့ၾကတာျဖစ္ပါတယ္။
ေဒသတြင္းလူ႔အခြင့္အေရးအေျခအေနအရပ္ရပ္နဲ႔ပတ္သက္ၿပီး ဂ်ပန္ႏုိင္ငံျခားေရး၀န္ႀကီးနဲ႔ ကာကြယ္ေရး၀န္ႀကီးေတြျဖစ္ၾကတဲ့ Toshimitsu Motegiနဲ႔ Nobuo Kishi တို႔က ၾသစေတးလ် ႏုိင္ငံျခားေရး၀န္ႀကီးနဲ႔ကာကြယ္ေရး၀န္ႀကီးေတြျဖစ္တဲ့ Marise Payne နဲ႔ Peter Dutton တို႔ အြန္လိုင္းဗြီဒီယိုကေန ေတြ႔ဆုံေဆြးေႏြးခဲ့ၾကတာျဖစ္ပါတယ္။ ေဟာင္ေကာင္ဒီမိုကေရစီအေရး အားနည္းလာေစတဲ့လတ္တေလာ ေဆာင္ရြက္ခ်က္ေတြကို ကိုစုိးရိမ္ေၾကာင္း ေျပာဆိုခဲ့ၾကတဲ့ ၀န္ႀကီးေတြက အေရွ ႔တရုတ္ပင္လယ္ျပင္နဲ႔ တုိင္၀မ္ေရလက္ၾကားမွာ တည္ၿငိမ္ေအးခ်မ္းမႈရွိဖို႔ တုိက္တြန္းခဲ့ၾကပါတယ္။
ဒါ့အျပင္ တရုတ္ႏုိင္ငံ ရွင္က်န္းျပည္နယ္ထဲက လူနည္းစုအြီဂါမြတ္ဆလင္ေတြလူ႔အခြင့္အေရးခ်ဳိးေဖာက္ခံေနတယ္ဆိုတဲ့ အစီရင္ခံစာနဲ႔ပတ္သက္လု႔ိ အလြန္စိုးရိ္မ္ေၾကာင္းလည္း ႏွစ္ႏုိင္ငံ ၀န္ႀကီးေတြက ေျပာဆိုခဲ့ၾကပါတယ္။ အြီဂါမြတ္ဆလင္အေရးနဲ႔ပတ္သက္လို႔ ဒုကၡသည္မ်ားဆုိင္ရာ ကုလသမဂၢအဖြဲ႔ UNHCR အပါအ၀င္ သီးျခားလြတ္လပ္တဲ့အဖြဲ႔ေတြကို ရွင္က်န္းျပည္နယ္မွာ လာေရာက္ ဆန္းစစ္ခြင့္ျပဳဖို႔လည္း ေၾကျငာခ်က္မွာတုိက္တြန္းထားပါတယ္။ တရုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ ေဒသတြင္းတည္ၿငိမ္ေအးခ်မ္းေရးကို မဖ်က္ဆီးၾကဖို႔၊ သူ႔ျပည္တြင္းေရးကို ၀င္မစြက္ၾကဖို႔ ေန႔စဥ္သတင္းစာရွင္းလင္းပြဲမွာ တုန္႔ျပန္ေျပာဆိုထားပါတယ္။
.................................................................
စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေရပ်ဖို့ ဂျပန်နဲ့သြစတေးလျတိုက်တွန်း
(Unicode)
မြန်မာ ပြည်သူတွေအပေါ် စစ်အုပ်ချုပ်ရေးကာင်စီက အကြမ်းဖက်နေတဲ့လုပ်ရပ်တွေ ချက်ချင်းရပ်ပြီး လွတ်လပ်စွာထုတ်ဖော်ခွင့်ပြုဖို့နဲ့ တရားလက်လွှတ် ဖမ်းဆီးထားသူအားလုံး ပြန်လွှတ်ပေးဖို့ ဂျပန်နဲ့ သြစတေးလျနို်င်ငံတို့က ကြေငြာချက်ထုတ်ပြီး တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံတွင်းက အကြမ်းဖက်လုပ်ရပ်တွေကို အခိုင်အမာရှုတ်ချကြောင်းလည်း ဂျပန်နဲ့ သြစတေးလျနိုင်ငံတို့က နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးအပြီး ဗုဒ္ဓဟူးနေ့မှာပဲ ခုလိုပူးတွဲကြေငြာချက်ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။
ဒေသတွင်းလူ့အခွင့်အရေးအခြေအနေအရပ်ရပ်နဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေဖြစ်ကြတဲ့ Toshimitsu Motegiနဲ့ Nobuo Kishi တို့က သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ကာကွယ်ရေးဝန်ကြီးတွေဖြစ်တဲ့ Marise Payne နဲ့ Peter Dutton တို့ အွန်လိုင်းဗွီဒီယိုကနေ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။ ဟောင်ကောင်ဒီမိုကရေစီအရေး အားနည်းလာစေတဲ့လတ်တလော ဆောင်ရွက်ချက်တွေကို ကိုစိုးရိမ်ကြောင်း ပြောဆိုခဲ့ကြတဲ့ ဝန်ကြီးတွေက အရှေ့တရုတ်ပင်လယ်ပြင်နဲ့ တိုင်ဝမ်ရေလက်ကြားမှာ တည်ငြိမ်အေးချမ်းမှုရှိဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်ထဲက လူနည်းစုအွီဂါမွတ်ဆလင်တွေလူ့အခွင့်အရေးချိုးဖောက်ခံနေတယ်ဆိုတဲ့ အစီရင်ခံစာနဲ့ပတ်သက်လု့ိ အလွန်စိုးရိမ်ကြောင်းလည်း နှစ်နိုင်ငံ ဝန်ကြီးတွေက ပြောဆိုခဲ့ကြပါတယ်။ အွီဂါမွတ်ဆလင်အရေးနဲ့ပတ်သက်လို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ UNHCR အပါအဝင် သီးခြားလွတ်လပ်တဲ့အဖွဲ့တွေကို ရှင်ကျန်းပြည်နယ်မှာ လာရောက် ဆန်းစစ်ခွင့်ပြုဖို့လည်း ကြေငြာချက်မှာတိုက်တွန်းထားပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒေသတွင်းတည်ငြိမ်အေးချမ်းရေးကို မဖျက်ဆီးကြဖို့၊ သူ့ပြည်တွင်းရေးကို ဝင်မစွက်ကြဖို့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ တုန့်ပြန်ပြောဆိုထားပါတယ်။