သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအသင်း အရံဂိုးသမား ဂျပန်မှာ ခိုလှုံခွင့်လျှောက်


မြန်မာ့လက်ရွေးစဉ် အရံဂိုးသမား ကိုပြည်သျှံအောင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် လက်သုံးချောင်းထောင်ပြစဉ် (ဓာတ်ပုံ - AP/Kyodo News)
မြန်မာ့လက်ရွေးစဉ် အရံဂိုးသမား ကိုပြည်သျှံအောင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင် လက်သုံးချောင်းထောင်ပြစဉ် (ဓာတ်ပုံ - AP/Kyodo News)

(Zawgyi/Unicode)

ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်ထားတဲ့ မြန်မာဘောလုံးသမား ပြည့်သျှံအောင်ကိစ္စအတွက် ဂျပန်အစိုးရအနေနဲ့ သင့်တော်တဲ့ ဆုံးဖြတ်ချက် ချမှတ်ဆောင်ရွက်သွားမယ်လို့ ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Katsunobu Kato က ကြာသပတေးနေ့မှာ ပြောပါတယ်။

“မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ လက်ရှိအခြေအနေတွေကြောင့် ဂျပန်နိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေအတွက် နေထိုင်ခွင့် သက်တမ်းတိုးပေးဖို့ ဂျပန်လူဝင်မှုကြီးကြပ်ရေးဌာနက မေလ ၂၁ ရက်နေ့မှာ ဆုံးဖြတ်ချက် ချထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် ဂျပန်နိုင်ငံမှာ ခိုလှုံခွင့်လျှောက်လာတဲ့ ဘောလုံးသမားရဲ့ဆန္ဒကို ထည့်သွင်း စဉ်းစားပြီး သင့်တော်တဲ့ ဆုံးဖြတ်ချက်ကို ချသွားပါမယ်” လို့ Katsunobu Kato က ပြောပါတယ်။

ဂျပန်နိုင်ငံမှာ ရှိနေကြတဲ့ မြန်မာနိုင်ငံသားတွေကလည်း သူတို့တိုင်းပြည် လက်ရှိအခြေအနေတွေအပေါ် စိုးရိမ် ပူပန်ကြောင်း ထုတ်ဖော် ပြောဆိုကြတယ်ဆိုတာ ကြားသိရတယ်လို့ မစ္စတာ Kato က ပြောပါတယ်။

ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် ဂျပန်အသင်းနဲ့ လာကစားတဲ့ မြန်မာ့လက်ရွေးစင်အသင်းမှာ ပါလာသူ ကိုပြည့်သျှံအောင်ဟာ မြန်မာနိုင်ငံကို ပြန်သွားရင် ဖမ်းဆီး အရေးယူခံရမှာ စိုးရိမ်တဲ့အတွက် မနေ့ ဗုဒ္ဓဟူးနေ့က တခြားအသင်းဝင်တွေ မြန်မာနိုင်ငံကို ပြန်ကြတဲ့အချိန် လိုက်မသွားဘဲ ဂျပန်နိုင်ငံမှာ ချိန်နေခဲ့ပြီး ခိုလှုံခွင့် လျှောက်ထားရေးအတွက် ရှေ့နေတွေနဲ့ တိုင်ပင်ခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၂၇ နှစ်အရွယ် အရံဂိုးသမား ကိုပြည့်သျှံအောင်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ဘောလုံးပွဲအတွင်း လက်သုံးချောင်းထောင်ပြခဲ့တာပါ။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ဝင်ခွင့်အတွက် ဂျပန်အသင်းနဲ့ ခြေစစ်ပွဲကန်ရမယ့် မြန်မာလက်ရွေးစင် ဘောလုံးအသင်းသားတွေအနေနဲ့ မြန်မာလူထုနဲ့အတူ ရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ပြသကြဖို့ ပြိုင်ပွဲမဝင်ဘဲ သပိတ်မှောက်ထားတဲ့ လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်ကလည်း ဂျပန်နဲ့ကစားမယ့် ပြိုင်ပွဲမစခင်မှာ ပြောခဲ့ပါသေးတယ်။

.....................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)






XS
SM
MD
LG