သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ဖလားခြေစစ်ပွဲ မြန်မာအသင်း ၁၀ ဂိုးပြတ်နဲ့ ဂျပန်ကိုရှုံး


May 28, 2021 Myanmar's Naing Tun Win in action with Japan's Ko Itakura REUTERS/Issei Kato
May 28, 2021 Myanmar's Naing Tun Win in action with Japan's Ko Itakura REUTERS/Issei Kato

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းဟာ ဂျပန်လက်ရွေးစင်အသင်းနဲ့ ဂျပန်နိုင်ငံ Chiba မြို့မှာ ဒီကနေ့ ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ကစားတာမှာ ဂျပန်အသင်းကို ၁၀ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းမှာ အတွေ့အကြုံရင့်တဲ့ နာမည်ကြီး ဘောလုံးသမား ၁၀ ယောက်နီးပါး အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ပြီး သပိတ်မှောက်ထားကြပါတယ်။

နာမည်ကျော် ဘောလုံးသမားတွေဖြစ်ကြတဲ့ အောင်သူနဲ့ ကျော်ကိုကိုတို့အပြင် နောက်တန်းလူ ဇော်မင်းထွန်း၊ ဂိုးသမား ကျော်ဇင်ထက်တို့လည်း သပိတ်မှောက်ထားကြတာပါ။

မြန်မာလက်ရွေးစင် ဘောလုံးအသင်းသားတွေအနေနဲ့မြန်မာလူထုနဲ့အတူ ရပ်တည်ပြီး စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် ပြသကြဖို့ ပြိုင်ပွဲမဝင်ဘဲ သပိတ်မှောက်ထားတဲ့ လက်ရွေးစင်ဂိုးသမား ကျော်ဇင်ထက်က တိုက်တွန်းတဲ့အကြောင်း AFP သတင်းမှာရေးထားပါတယ်။ ဒီကနေ့ပွဲမစခင် နိုင်ငံတော်သီချင်းသီဆိုချိန်မှာ မြန်မာဘောလုံးသမားတဦး လက်သုံးချောင်းထောင်ထားတဲ့ပုံလည်း လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။

ပွဲမစခင်မှာ ဂျပန်ရောက် မြန်မာတချို့စုဝေးပြီး ကွင်းပြင်မှာ ကန့်ကွက်ဆန္ဒပြခဲ့ကြပါသေးတယ်။

လက်ရွေးစင်အသင်းနည်းပြ Antoine Hey ကတော့ သူတို့အသင်းအနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လိုက်နာ လုပ်ဆောင်မှာဖြစ်ပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ "သူတို့နဲ့ ဘာမှမဆိုင်ဘူး" လို့ တုံ့ပြန် ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


Unicode









XS
SM
MD
LG