သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအကျပ်အတည်း ပြေလည်ရေး အာဆီယံအစီအစဉ် ဂျပန်ထောက်ခံ


ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu
ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu

(Zawgyi/Unicode)
မြန်မာ့အရေးကို ဖြေရှင်းဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ကြီးက ရရှိထားတဲ့ ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်ထည်ဖို့ကိစ္စဟာ သိပ်ကို အရေးကြီးတယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi Toshimitsu က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာ ကြာသပတေးနေ့က အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နဲ့ မြန်မာ့အရေး တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေအပြီးမှာ အခုလို ကြေညာချက် ထုတ်ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးသံတမန်ခန့်အပ်ဖို့ နဲ့ ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ အပါအဝင် အာဆီယံ အဖွဲ့ကြီးရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကြိုးပမ်းချက်တွေကို ဂျပန်အစိုးရက ဆက်ပြီး အားပေးနေမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi က ပြောဆိုကြောင်းလည်း အင်ဒိုနီးရှားနိုင်းငံ ဂျပန်သံရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Motegi ဟာ မေလတုန်းကလည်း ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ တိုကျိုမှာ တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ဆွေးနွေးခဲ့တာပါ။

ဆွေးနွေးပွဲအပြီးမှာတော့ ဂျပန်နိုင်ငံ အနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နရတဲ့ မြန်မာလူထုရဲ့ တောင်းဆိုချက်အတိုင်း တုံ့ပြန်လုပ်ဆောင်သွားမယ်လို့ ပြောဆိုခဲ့တဲ့ အပြင် မြန်မာ့အရေးကို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဟာ သိပ်အရေးပါကြောင်းနဲ့ ကုလအထူးကိုယ်စားလှယ် မစ္စ Burgener နဲ့လည်း ဂျပန်က ပူးပေါင်းဆောင်ရွက်သွာမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာအကျပ်အတည်း ပြေလည်ရေး အာဆီယံအစီအစဉ် ဂျပန်ထောက်ခံ
please wait

No media source currently available

0:00 0:01:22 0:00
တိုက်ရိုက် လင့်ခ်


..........


(Unicode)





XS
SM
MD
LG