သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘန္ေကာက္နဲ႔ အနီးတဝိုက္ ကိုဗစ္ကန္႔သတ္မႈသစ္မ်ား ခ်မွတ္


ဘန္ေကာက္ၿမိဳ႕မွာ Sinovac ကုိဗစ္ကာကြယ္ေဆး ထုိးေပးေနတဲ့ျမင္ကြင္း။ (ဇြန္ ၁၄၊ ၂၀၂၁)

(Zawgyi / Unicode)

ထိုင္းႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ အဆိုးဆုံး အေျခအေနမွာ ရွိေနတာေၾကာင့္ တနဂၤေႏြေန႔က ၿမိဳ႕ေတာ္ဘန္ေကာက္နဲ႔ အနီးတဝိုက္ အသြားအလာ ကန္႔သတ္မႈအသစ္ေတြ ျပန္ၿပီး ခ်မွတ္လိုက္ပါတယ္။ တနလၤာေန႔မွာ စတင္ အသက္ဝင္ၿပီး တလတာၾကာျမင့္မယ့္ အဲဒီ ကန္႔သတ္ခ်က္ေတြထဲ ဘန္ေကာက္ၿမိဳ႕နဲ႔ အနီးအနားက ျပည္နယ္ေတြမွာ စားေသာက္ဆိုင္ေတြထဲ စားေသာက္ခြင့္ ပိတ္ပင္တဲ့ အခ်က္လည္း ပါဝင္ပါတယ္။

အဲဒီေဒသေတြမွာရွိတဲ့ ေဈးဝယ္စင္တာေတြလည္း ည ၉ နာရီမွာ ပိတ္ရမွာျဖစ္သလို လူစုလူေဝးနဲ႔ ပါတီပြဲ၊ အထိမ္းအမွတ္ပြဲေတြ ဆင္ႏႊဲရင္လည္း လူ ၂၀ ထက္မပိုဖို႔ စည္းကမ္းခ်မွတ္လိုက္တာပါ။

ေရာဂါကြင္းဆက္ ျဖတ္ေတာက္ႏိုင္ဖို႔ ေနရာ ၆ ခုက ေဆာက္လုပ္ေရး လုပ္ငန္းခြင္ေတြနဲ႔ အလုပ္သမားေတြေနတဲ့ အိမ္ရာစခန္းေတြကိုလည္း အဝင္အထြက္ ပိတ္ပင္ထားမွာ ျဖစ္ပါတယ္။ ေဆာက္လုပ္ေရး အလုပ္သမား ၈၁,၀၀၀ ေလာက္ေနထိုင္တဲ့ အဲဒီ အိမ္ရာစခန္း ၅၇၀ ေက်ာ္မွာ ေမလကစၿပီး ေရာဂါျပန္႔ပြားမႈ ကြင္းဆက္ေနရာ ၃၇ ေနရာ ရွိခဲ့တာပါ။

ေဆာက္လုပ္ေရးလုပ္သားေတြရဲ႕ အသြားအလာနဲ႔ ေနရာ ေရႊ႕ေျပာင္းခ်ထားမႈေတြကို ေစာင့္ၾကပ္ စစ္ေဆးသြားဖို႔ ထိုင္းအာဏာပိုင္ေတြ အေနနဲ႔ လမ္းေတြေပၚမွာ ေစာင့္ၾကပ္စစ္ေဆးေရး စခန္းေတြကို ဖြင့္လွစ္မွာ ျဖစ္တယ္လို႔လည္း ႐ိုက္တာသတင္းဌာနက ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------

(Unicode)

ဘန်ကောက်နဲ့ အနီးတဝိုက် ကိုဗစ်ကန့်သတ်မှုသစ်များ ချမှတ်

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အဆိုးဆုံး အခြေအနေမှာ ရှိနေတာကြောင့် တနင်္ဂနွေနေ့က မြို့တော်ဘန်ကောက်နဲ့ အနီးတဝိုက် အသွားအလာ ကန့်သတ်မှုအသစ်တွေ ပြန်ပြီး ချမှတ်လိုက်ပါတယ်။ တနင်္လာနေ့မှာ စတင် အသက်ဝင်ပြီး တလတာကြာမြင့်မယ့် အဲဒီ ကန့်သတ်ချက်တွေထဲ ဘန်ကောက်မြို့နဲ့ အနီးအနားက ပြည်နယ်တွေမှာ စားသောက်ဆိုင်တွေထဲ စားသောက်ခွင့် ပိတ်ပင်တဲ့ အချက်လည်း ပါဝင်ပါတယ်။

အဲဒီဒေသတွေမှာရှိတဲ့ ဈေးဝယ်စင်တာတွေလည်း ည ၉ နာရီမှာ ပိတ်ရမှာဖြစ်သလို လူစုလူဝေးနဲ့ ပါတီပွဲ၊ အထိမ်းအမှတ်ပွဲတွေ ဆင်နွှဲရင်လည်း လူ ၂၀ ထက်မပိုဖို့ စည်းကမ်းချမှတ်လိုက်တာပါ။

ရောဂါကွင်းဆက် ဖြတ်တောက်နိုင်ဖို့ နေရာ ၆ ခုက ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေနဲ့ အလုပ်သမားတွေနေတဲ့ အိမ်ရာစခန်းတွေကိုလည်း အဝင်အထွက် ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး အလုပ်သမား ၈၁,၀၀၀ လောက်နေထိုင်တဲ့ အဲဒီ အိမ်ရာစခန်း ၅၇၀ ကျော်မှာ မေလကစပြီး ရောဂါပြန့်ပွားမှု ကွင်းဆက်နေရာ ၃၇ နေရာ ရှိခဲ့တာပါ။

ဆောက်လုပ်ရေးလုပ်သားတွေရဲ့ အသွားအလာနဲ့ နေရာ ရွှေ့ပြောင်းချထားမှုတွေကို စောင့်ကြပ် စစ်ဆေးသွားဖို့ ထိုင်းအာဏာပိုင်တွေ အနေနဲ့ လမ်းတွေပေါ်မှာ စောင့်ကြပ်စစ်ဆေးရေး စခန်းတွေကို ဖွင့်လှစ်မှာ ဖြစ်တယ်လို့လည်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG