သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေရှ့်တနိုင်ငံလုံး ကိုဗစ်ကြောင့် Lock Down ချ


BD corona
BD corona

{{Zawgyi/Unicode}}

ဘင်္ဂလားဒေ့ရှ်နိုုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားနှုန်းမြင့်တက်နေတာကို ကာကွယ်တဲ့ အနေနဲ့ ဒီကနေ့ တနိုင်ငံလုံး အသွားအလာကန့်သတ်ပိတ်ပင်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ထားပါတယ်။ အဲဒီအတွက် စစ်သားတွေကလည်း လမ်းတွေပေါ်မှာ ကင်းလှည့်ပေးနေကြပါတယ်။

" နိုင်ငံတွင်း အသွားအလာ တားမြစ်ပိတ်ပင်မှုကြောင့် အချိန်မီ အိမ်ပြန်နိုင်ရေး ခရီးသွားသူတွေ များလာတာကြောင့် Covid စည်းကမ်းတွေ လိုက်နာရေးနဲ့ ဘေးကင်းလုံခြုံရေး အတွက်ကူညီပေးနေရကြောင်း" ရဲအရာရှိ Sirajul Kabir က ပြောပါတယ်။

မကြာခင်ရက်တွေက ကိုဗစ်ကပ်ရောဂါတွေ အထူးသဖြင့် အိန္ဒိယနယ်စပ်မှာ ဖြစ်ပွားနှုံးတွေများပြားနေတဲ့အတွက် အစိုးရအနေနဲ့ အဲဒီလို ကြေညာ ချက်ထုတ်ပြန်ရတာဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကူးစက်မှုတွေဟာ အခုဆိုရင် ၂ဝရာခိုင်းနှုန်း အထက်ရှိနေပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ၁၁၉ဦး စံချိန်တင်သေဆုံးခဲ့ပြီး နောက်တနေ့ တနင်္လာနေ့အထိ ပိုးတွေ့ရှိသူအသစ် ၈၃၆၄ ဦးရှိခဲ့ပါတယ်။

ကိုဗစ်ကပ်ရောဂါစတင် ဝင်ရောက်လာခဲ့တဲ့ မနှစ်ကတည်းကစလို့ ဘင်္ဂလားဒေ့ရှ့်နိုင်ငံအနေနဲ့ နယ်စပ်တွေကို ပိတ်ပင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လူအများအပြားဟာ အိန္ဒိယနိုင်ငံနဲ့ တရားမဝင် သွားလာမှုတွေရှိကြတဲ့အတွက် သူတို့တွေကနေ ကူးစက်မှုအသစ်တွေဖြစ်ကုန်ကြတယ်လို့ဆိုပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေကတော့ လာမယ့် ဂျူလိုင်လကုန် အစ်ပွဲတော်ကာလမှာ ကပ်ရောဂါတွေ ပိုမိုဆိုးဝါးလာမှာကို စိုးရိမ်နေကြပါတယ်။

.........................................................

ဘင်္ဂလားဒေရှ့်တနိုင်ငံလုံး ကိုဗစ်ကြောင့် Lock Down ချ
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG