သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဒါကာၿမိဳ႕ေတာ္ေပါက္ကဲြမႈ အနည္းဆံုး ၇ ဦး ေသဆံုး


ဒါကာျမဳိ႕ေတာ္က တနဂၤေႏြေန႔ည ေပါက္ကဲြမႈ

[ Zawgyi ]

ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒါကာၿမိဳ႕ေတာ္က လူစည္ကားရာ Moghbazar ရပ္ကြက္မွာ တနဂၤေႏြေန႔ ညေနပိုင္းက အေဆာက္အဦးတခုမွာ ႀကီးမားတဲ့ ေပါက္ကြဲမႈျဖစ္ခဲ့ၿပီး အနည္းဆုံး လူ ၇ ဦးေသဆုံးခဲ့ပါတယ္။

အဲဒီလိုေပါက္ကြဲမႈေၾကာင့္အနီးတဝွိက္က ကားေတြနဲ႔ အနည္းဆုံး အေဆာက္အအုံ ၇ လုံးပ်က္စီးကုန္ၿပီး ဘာေၾကာင့္ ေပါက္ကြဲမႈျဖစ္ရတယ္ဆိုတာ ရဲတပ္ဖြဲ႕နဲ႔ မီးသတ္တပ္ဖြဲ႕တို႔က မဆုံးျဖတ္ႏိုင္ေသးဘူးလို႔ မီးသတ္တပ္ဖြဲ႕က ေျပာပါတယ္။

ေပါက္ကြဲမႈေၾကာင့္ ေသဆံုးသူ ၇ ဦးရွိၿပီးဒဏ္ရာရသူေတြကိုေတာ့ ေဆးရံုေတြကို ပို႔ေပးခဲ့တယ္လို႔ ဒါကာရဲခ်ဳပ္ Shafiqul Islam ကသတင္းေထာင္ေတြကို ေျပာပါတယ္။

ဒါကာၿမိဳ႕ေတာ္ ဒုတိယ ရဲမင္းႀကီး Sajjad Hossain ကေတာ့ ဒီေပါက္ကြဲမႈဟာ ႀကီးမားေၾကာင္းနဲ႔ မီးသတ္တပ္ဖြဲ႕ေတြ၊ တန္ျပန္အၾကမ္းဖက္မႈတိုက္ဖ်က္ေရးတပ္ဖြ႕ဲေတြ အဲဒီေနရာကို ေရာက္ရွိၿပီး ဘာေၾကာင့္ဆိုတာ ပူးတြဲစုံးစမ္းေနၾကေၾကာင္း ေျပာပါတယ္။

မ်က္ျမင္သက္ေသေတြကေတာ့ ေပါက္ကြဲမႈေၾကာင့္ မွန္ကြဲစေတြ အဂၤေတအပိုင္းအစေတြ လမ္းေပၚကို ျပန႔္ႀကဲကုန္တယ္လို႔ ေျပာပါတယ္။ ဒါအျပင္ ေပါက္ကြဲမႈျဖစ္တဲ့ အေဆာက္အအုံရဲ႕အျပင္က ခရီးသည္ဘတ္စကား ၂စီးလည္း အႀကီးအက်ယ္ပ်က္စီးကုန္တယ္လို႔ေျပာပါတယ္။ ဒါကာၿမိဳ႕ေတာ္ အေျခစိုက္ Ekattor ႐ုပ္သံ သတင္းဌာနက ေတာ့ ေဆး႐ုံတင္ရတဲ့ ဒဏ္ရာရသူ ၅ဝ ထဲမွာ ၁ဝ ဦးဟာ စိုးရိမ္ရတဲ့အေျခအေနရွိတယ္လို႔ဆိုပါတယ္။

ဒီေပါက္ကြဲမႈဟာ ဘာေၾကာင့္ဆိုတာ မသိရေသးေပမယ့္ အဲဒီအေဆာက္အအုံထဲက စားေသာက္ဆိုင္မွာ ေပါက္ကြဲမႈ ျဖစ္ခဲ့တာေၾကာင့္ အဲဒီဆိုင္မွာ သံုးတဲ့ ဓါတ္ေငြ႕ပိုက္လိုင္း ဒါမွမဟုတ္ ဓါတ္ေငြ႕အိုးေတြကေန ေပါက္ကြဲတာ ျဖစ္ႏိုင္တယ္လို႔ သတင္းးေတြမွာ ေဖၚျပပါတယ္။

တိုက္႐ိုက္ လင့္ခ္

[ Unicode ]

ဒါကာမြို့တော် ပေါက်ကွဲမှု အနည်းဆုံး ၇ ဦး သေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်က လူစည်ကားရာ Moghbazar ရပ်ကွက်မှာ တနင်္ဂနွေနေ့ ညနေပိုင်းက အဆောက်အဦးတခုမှာ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အနည်းဆုံး လူ ၇ ဦးသေဆုံးခဲ့ပါတယ်။

အဲဒီလိုပေါက်ကွဲမှုကြောင့်အနီးတဝှိက်က ကားတွေနဲ့ အနည်းဆုံး အဆောက်အအုံ ၇ လုံးပျက်စီးကုန်ပြီး ဘာကြောင့် ပေါက်ကွဲမှုဖြစ်ရတယ်ဆိုတာ ရဲတပ်ဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့တို့က မဆုံးဖြတ်နိုင်သေးဘူးလို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၇ ဦးရှိပြီးဒဏ်ရာရသူတွေကိုတော့ ဆေးရုံတွေကို ပို့ပေးခဲ့တယ်လို့ ဒါကာရဲချုပ် Shafiqul Islam ကသတင်းထောင်တွေကို ပြောပါတယ်။

ဒါကာမြို့တော် ဒုတိယ ရဲမင်းကြီး Sajjad Hossain ကတော့ ဒီပေါက်ကွဲမှုဟာ ကြီးမားကြောင်းနဲ့ မီးသတ်တပ်ဖွဲ့တွေ၊ တန်ပြန်အကြမ်းဖက်မှုတိုက်ဖျက်ရေးတပ်ဖွ့ဲတွေ အဲဒီနေရာကို ရောက်ရှိပြီး ဘာကြောင့်ဆိုတာ ပူးတွဲစုံးစမ်းနေကြကြောင်း ပြောပါတယ်။

မျက်မြင်သက်သေတွေကတော့ ပေါက်ကွဲမှုကြောင့် မှန်ကွဲစတွေ အင်္ဂတေအပိုင်းအစတွေ လမ်းပေါ်ကို ပြန့်ကြဲကုန်တယ်လို့ ပြောပါတယ်။ ဒါအပြင် ပေါက်ကွဲမှုဖြစ်တဲ့ အဆောက်အအုံရဲ့အပြင်က ခရီးသည်ဘတ်စကား ၂စီးလည်း အကြီးအကျယ်ပျက်စီးကုန်တယ်လို့ပြောပါတယ်။ ဒါကာမြို့တော် အခြေစိုက် Ekattor ရုပ်သံ သတင်းဌာနက တော့ ဆေးရုံတင်ရတဲ့ ဒဏ်ရာရသူ ၅ဝ ထဲမှာ ၁ဝ ဦးဟာ စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ဆိုပါတယ်။

ဒီပေါက်ကွဲမှုဟာ ဘာကြောင့်ဆိုတာ မသိရသေးပေမယ့် အဲဒီအဆောက်အအုံထဲက စားသောက်ဆိုင်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာကြောင့် အဲဒီဆိုင်မှာ သုံးတဲ့ ဓါတ်ငွေ့ပိုက်လိုင်း ဒါမှမဟုတ် ဓါတ်ငွေ့အိုးတွေကနေ ပေါက်ကွဲတာ ဖြစ်နိုင်တယ်လို့ သတင်းးတွေမှာ ဖေါ်ပြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG