သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားအော်မှာ မြန်မာစစ်ရေးလေ့ကျင့်မှုနဲ့ QUAD စစ်ရေးလေ့ကျင့်မှု တိုက်ဆိုင်


QUAD စစ်ရေးလေ့ကျင့်မှု
QUAD စစ်ရေးလေ့ကျင့်မှု

[ Zawgyi / Unicode ]

'ဆင်ဖြူရှင် (၁/၂၀၂၁)'လို့ အမည်ပေးထားတဲ့ မြန်မာစစ်တပ်ရဲ့ စစ်နည်းဗျူဟာအဆင့် ဝေဟင်၊ ရေပြင် ၊ ရေအောက် စစ်ဆင်ရေး စစ်ရေးလေ့ကျင့်မှုတရပ်ကို ဧပြီလ(၄)ရက် တနင်္ဂနွေနေ့က စတင်လိုက်ပြီး ဧပြီ(၁၁) ရက်နေ့ထိ ပြုလုပ်သွားမယ်လို့ ကြေးမုံသတင်းစာမှာ ဖေါ်ပြပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုထဲမှာ ရေငုပ်သင်္ဘော ၊ ဝေဟင် ရေပြင် စစ်ဆင်ရေး ၊ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှု၊ တပ်ဖွဲ့ နှစ်ဖွဲ့ခွဲပြီး ပစ်ခတ်လေ့ကျင့်မှုတွေ ပါဝင်မှာ ဖြစ်တယ်လို့ မြေပုံနဲ့တကွ ကြေးမုံသတင်းမှာ ဖေါ်ပြပါတယ်။ မြေပုံအရ စစ်ရေးလေ့ကျင့်တဲ့ နေရာဟာ ဧရာဝတီတိုင်း ကမ်းရိုးတန်း အနောက်ဖက် ပင်လယ်ပြင်ထဲမှာ ဖြစ်ပါတယ်။

ဒါဟာ ပြင်သစ်ရေတပ်က ဦးဆောင်ပြီး အမေရိကန်၊ ဂျပန်၊ သြစတြေးလျား၊ အိန္ဒိယ ၄ နိုင်ငံ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ QUAD က ဘင်္ဂလားပင်လယ်အော် အဝမှာ ဧပြီလ(၅)ရက်ကနေ (၇)ရက်နေ့ထိ ပြုလုပ်မယ့် စစ်ရေးလေ့ကျင့်မယ့် ကာလနဲ့လည်း တိုက်ဆိုင်နေတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွဲ ပစ်ခတ်မှုအတွင်း နေ့စဉ်နဲ့အမျှ အရပ်သားပြည်သူတွေ သေဆုံးနေရတဲ့အတွက် R2P နည်းလမ်းနဲ့ စစ်အာဏာသိမ်းမှု အဆုံးသတ် သွားအောင် ဝင်ရောက် ဖြေရှင်းပေးဖို့ မြန်မာပြည်သူတွေက လိုလားနေချိန်မှာ ဘင်္ဂလားပင်လယ်အော်ဝ ရောက်လာမယ့် QUAD တပ်တွေ မြန်မာပြည်ထဲထိ ဝင်လာမယ်ဆိုတဲ့ ကောလာဟလတွေ လူမှုကွန်ယက်ပေါ် ထွက်ပေါ်ခဲ့ဖူးပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ကလည်း ရေပေါ် ရေအောက် ဝေဟင် စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာပုံရတယ်ဆိုတဲ့ သုံးသပ်ပြောဆိုမှုတွေ ထွက်ပေါ် နေတာပါ။

မြန်မာစစ်တပ်ကတော့ သူတို့ စစ်ရေးလေ့ကျင့်နေတဲ့ (၈)ရက်တာ ကာလအတွင်း ဘေးကင်းစေရေးအတွက် ဘင်္ဂလား ပင်လယ်အော်ထဲ စစ်ရေးလေ့ကျင့်နေတဲ့ ဧရိယာ (၁၅)မိုင်ပတ်လည် ရေပြင်ထဲမှာ ဘင်္ဘောကြီးငယ်၊ ကုန်တင်စက်လှေတွေ၊ ငါးဖမ်းလှေတွေ စက်တပ်သမ္ဗန်တွေ ဖြတ်သန်းသွားလာတာ၊ ကျောက်ချ ရပ်နားတာ၊ ငါးဖမ်တာတွေ မလုပ်ကြဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဒါ့အပြင် လေယာဉ်တွေ ၊ ရဟတ်ယာဉ်တွေလည်း အမြင့်ပေ (တစ်သောင်း ငါးထောင်)အောက် ပျံသန်းခြင်း မပြုကြဖို့ကိုပါ သတိပေးထားပါတယ်။ ဒီ သတိပေးချက်တွကို ချိုးဖေါက်ခဲ့ရင် ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ ဖေါ်ပြထားခြင်း မရှိပါဘူး။

[ Unicode ]







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG