သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ကာကြယ္ေဆး ၂၃ သန္းခဲြ အေမရိကန္ ထိုင္ဝမ္ကိုပို႔ေပး


ထုိင္ဝမ္ေလဆိပ္ကုိ ေရာက္ရွိိလာတဲ့ Moderna ကုိဗစ္ကာကြယ္ေဆး။ (ဇြန္ ၁၈၊ ၂၀၂၁)

(Zawgyi / Unicode)

Johns Hopkins တကၠသိုလ္ ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာရဲ႕ ဒီကေန႔ မနက္ပိုင္းအထိ စာရင္းေတြအရ တကမာၻလုံး အတိုင္းအတာနဲ႔ COVID-19 ကူးစက္သူ ၁၇၈ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၄ သန္းရွိၿပီ ျဖစ္ပါတယ္။ တကမာၻလုံး ကာကြယ္ေဆးထိုးၿပီးသူ အေရအတြက္က ၂ ဘီလီယံေက်ာ္ ရွိပါတယ္။

အေစာပိုင္းတုန္းက အေမရိကန္က ထိုင္ဝမ္ကို ကာကြယ္ေဆး ၇ သိန္းခြဲ ေပးပို႔မယ္လို႔ ကတိေပးထားတာကို အခု ကာကြယ္ေဆး ၂၃.၅ သန္းထိ တိုးၿပီးပို႔မယ္လို႔ ေျပာပါတယ္။ အခုလို ကာကြယ္ေဆးေတြ တိုးၿပီးေပးတာဟာ အေမရိကန္နဲ႔ ထိုင္ဝမ္ၾကား တိုးတက္တဲ့ ဆက္ဆံေရးကို ေဖာ္ၫႊန္းတယ္လို႔ ထိုင္ဝမ္သမၼတ Tsai Ing-wen က ေျပာပါတယ္။ အေမရိကန္အေနနဲ႔ ကမာၻတဝန္း COVID-19 ကာကြယ္ေဆး သန္း ၈၀ ထိ ေပးပို႔လွဴဒါန္းဖို႔ စီစဥ္ေနတယ္လို႔လည္း သမၼတ Joe Biden က ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံ တိုက်ဳိၿမိဳ႕မွာက်င္းပမယ့္ အိုလံပစ္ အားကစားပြဲစဥ္ေတြ မတိုင္ခင္ ေရာက္လာတဲ့ ယူဂန္ဒါႏိုင္ငံသား အားကစားသမား ၉ ဦးထဲက တဦးမွာ ကိုဗစ္ကူးစက္ေနတာကို ေတြ႔ရတာေၾကာင့္ သူ႔ကို သီးျခားခြဲ ေစာင့္ၾကည့္ထားတယ္လို႔ AP သတင္းက ေဖာ္ျပပါတယ္။ ဒီအားကစားသမားေတြဟာ ဂ်ပန္ႏိုင္ငံမသြားခင္ ကာကြယ္ေဆးထိုးၿပီးသား ျဖစ္တယ္လို႔လည္း သတင္းက ေဖာ္ျပတာပါ။

ကိုဗစ္ကူးစက္သူ သန္း ၃၀ နီးပါးရွိတဲ့ အိႏၵိယမွာ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း ကူးစက္သူ ၅၈,၀၀၀ ေက်ာ္ ရွိပါတယ္။ အေမရိကန္က ကူးစက္သူ ၃၃.၅ သန္းနဲ႔ တကမာၻလုံးမွာ ကူးစက္မႈအမ်ားဆုံး ျဖစ္ပါတယ္။ ဘရာဇီးလ္ႏိုင္ငံက အေမရိကန္ၿပီးရင္ COVID-19 ေၾကာင့္ ေသဆုံးမႈ အမ်ားဆုံးျဖစ္ၿပီး အခုထိ ေသဆုံးသူ ၅ သိန္းေက်ာ္ရွိတယ္လို႔ ဘရာဇီးလ္ က်န္းမာေရးဌာနက စေနေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ကိုဗစ်ကာကွယ်ဆေး ၂၃ သန်းခွဲ အမေရိကန် ထိုင်ဝမ်ကိုပို့ပေး

Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာရဲ့ ဒီကနေ့ မနက်ပိုင်းအထိ စာရင်းတွေအရ တကမ္ဘာလုံး အတိုင်းအတာနဲ့ COVID-19 ကူးစက်သူ ၁၇၈ သန်းကျော်နဲ့ သေဆုံးသူ ၄ သန်းရှိပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံး ကာကွယ်ဆေးထိုးပြီးသူ အရေအတွက်က ၂ ဘီလီယံကျော် ရှိပါတယ်။

အစောပိုင်းတုန်းက အမေရိကန်က ထိုင်ဝမ်ကို ကာကွယ်ဆေး ၇ သိန်းခွဲ ပေးပို့မယ်လို့ ကတိပေးထားတာကို အခု ကာကွယ်ဆေး ၂၃.၅ သန်းထိ တိုးပြီးပို့မယ်လို့ ပြောပါတယ်။ အခုလို ကာကွယ်ဆေးတွေ တိုးပြီးပေးတာဟာ အမေရိကန်နဲ့ ထိုင်ဝမ်ကြား တိုးတက်တဲ့ ဆက်ဆံရေးကို ဖော်ညွှန်းတယ်လို့ ထိုင်ဝမ်သမ္မတ Tsai Ing-wen က ပြောပါတယ်။ အမေရိကန်အနေနဲ့ ကမ္ဘာတဝန်း COVID-19 ကာကွယ်ဆေး သန်း ၈၀ ထိ ပေးပို့လှူဒါန်းဖို့ စီစဉ်နေတယ်လို့လည်း သမ္မတ Joe Biden က ပြောပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့မှာကျင်းပမယ့် အိုလံပစ် အားကစားပွဲစဉ်တွေ မတိုင်ခင် ရောက်လာတဲ့ ယူဂန်ဒါနိုင်ငံသား အားကစားသမား ၉ ဦးထဲက တဦးမှာ ကိုဗစ်ကူးစက်နေတာကို တွေ့ရတာကြောင့် သူ့ကို သီးခြားခွဲ စောင့်ကြည့်ထားတယ်လို့ AP သတင်းက ဖော်ပြပါတယ်။ ဒီအားကစားသမားတွေဟာ ဂျပန်နိုင်ငံမသွားခင် ကာကွယ်ဆေးထိုးပြီးသား ဖြစ်တယ်လို့လည်း သတင်းက ဖော်ပြတာပါ။

ကိုဗစ်ကူးစက်သူ သန်း ၃၀ နီးပါးရှိတဲ့ အိန္ဒိယမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကူးစက်သူ ၅၈,၀၀၀ ကျော် ရှိပါတယ်။ အမေရိကန်က ကူးစက်သူ ၃၃.၅ သန်းနဲ့ တကမ္ဘာလုံးမှာ ကူးစက်မှုအများဆုံး ဖြစ်ပါတယ်။ ဘရာဇီးလ်နိုင်ငံက အမေရိကန်ပြီးရင် COVID-19 ကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး အခုထိ သေဆုံးသူ ၅ သိန်းကျော်ရှိတယ်လို့ ဘရာဇီးလ် ကျန်းမာရေးဌာနက စနေနေ့က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG