သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်အတွက် ကိုဗစ်ကာကွယ်ဆေး ၃ သန်း အမေရိကန်လှူဒါန်း


Moderna logo is reflected in a drop on a syringe needle
Moderna logo is reflected in a drop on a syringe needle

{{Zawgyi/Unicode}}

အမေရိကန် ပြည်ထောင်စုက Moderna ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ၃သန်း ကို ဖိလစ်ပိုင်နိုင်ငံကို ပေးပို့လိုက်ကြောင်း သမ္မတအိမ်ဖြူတော်က သောကြာနေ့မှာပဲ ပြောဆိုလိုက်ပါတယ်။ သောကြာနေ့က ပေးပို့လိုက်တဲ့ ဆေးတွေဟာ ဖိလစ်ပိုင်ကို ရှေ့သီတင်းပတ် အစောပိုင်းမှာ ရောက်ရှိလိမ့်မယ်လု့ိလည်း အိမ်ဖြူတော် ပြောခွင့်ရသူက ပြောပါတယ်။

ကမ္ဘာတဝန်း ကိုဗစ်ရောဂါ ကာကွယ်ဆေး ရရှိရေး COVAX အစီအစဉ် ကနေ ပေးအပ်ခဲ့တာလို့လည်း ပြောပါတယ်။

ဖိလစ်ပိုင် နိုင်ငံကို အကူအညီပေးတဲ့ အစီအစဉ်ဟာ ဘာနှောင်ကြိုးမှ မပါပဲ ကမ္ဘာတဝန်း လူထုကျန်းမာရေး ရှုဒေါင့်အရရော၊ လုံခြုံရေးနဲ့ သာယာဝပြောရေးကိုပါ ရှေ့ရှုပြီး လုပ်သင့်တဲ့အတွက် ပေးအပ်ခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဖိလစ်ပိုင်ကို အမေရိကန်က ကာကွယ်ဆေး လှူဒါန်းတဲ့ အစီအစဉ်ဟာ နိုင်ငံတနိုင်ငံချင်းအလိုက် ဝယ်ယူလှူဒါန်းမှုမှာ အများဆုံး ဖြစ်တယ်လို့လည်း ပြောခဲ့တာပါ။

အမေရိကန် ပြည်ထောင်စုက COVAX အစီအစဉ်ကို ဒေါ်လာသန်းပေါင်း ၂ ထောင်ပေးလှူခဲ့ပြီး Pfizer-BioNTec ကာကွယ်ဆေး ဒေါ်လာသန်း ၅ဝဝ ဖိုးဝယ်ပြီး အာဖရိကသမဂ္ဂ အဖွဲ့ဝင် ၅၅ နိုင်ငံကို ဒီနှစ်ထဲမှာ ပေးမှာဖြစ်ပါတယ်။ ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံပေါင်း ၉၂ နိုင်ငံကိုလည်း ပေးလှူမှာဖြစ်တယ်လို့ ပြောပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး LIoyd Austin နဲ့ ဖိလစ်ပိုင်နိုင်ငံ သမ္မတ Rodrigo Duterte တို့ ကာကွယ်ရေးဆိုင်ရာ စာချုပ်ကို ပြန်လည်ချုပ်ဆိုလိုက်တဲ့ နေ့မှာပဲ ကာကွယ်ဆေး လှူဒါန်းတဲ့ အစီအစဉ်ကို အိမ်ဖြူတော်က ကြေညာခဲ့တာဖြစ်ပါတယ်။

................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}







XS
SM
MD
LG