သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

 ဂ်ပန္နဲ႔ ဖိလစ္ပိုင္ ေလတပ္ေတြ ပူးတြဲစစ္ေရးေလ့က်င့္မည္


ပူးတြဲစစ္ေရးေလ့က်င့္ဖို ့ ဂ်ပန္နိုင္ငံသို ့ေရာက္ရွိေနသော C-130 ဟာၾကူလီ ေလယာဥ္တစီး ( ဓာတ္ပံု - Reuters)

(Zawgyi/Unicode)

ဂ်ပန္နဲ႔ ဖီလစ္ပိုင္ေလတပ္ေတြ ပထမဆံုး ပူးတြဲစစ္ေရးေလ့က်င့္ဖို႔ရွိတယ္လို႔၊ ဂ်ပန္ဘက္က ဒီေန႔ ေျပာလိုက္ပါတယ္။
ေရွ ့အပတ္ထဲမွာပဲ၊ ဒီ ၂ ႏိုင္ငံ ေလတပ္ေတြအေနနဲ႔ ေလေၾကာင္းခ်ိတ္ဆက္ေလ့က်င့္ခန္းသင္တန္းေတြကို လူသာခ်င္းစာနာမူနဲ႔ ကပ္ေဘးဒုကၡဆိုင္ရာက႑အတြက္ လုပ္ေဆာင္သြားမွာပါလို႔ ဖီလစ္ပိုင္ရွိ ဂ်ပန္သံရံုးက ထုတ္ျပန္လိုက္ပါတယ္။

ဂ်ဴလိုင္ ၅ ရက္ကေန ၈ ရက္အထိ ဖီလစ္ပိုင္ေျမာက္ပိုင္းရွိ အရင္ အေမရိကန္တပ္အေဆာက္အအံုေတြရွိခဲ့တဲ့ Clark ေလတပ္အေျခစိုက္စခန္းမွာ၊ ပူးတြဲကာကြယ္ေရး ထူးျခားတဲ့သမိုင္းမွတ္တိုင္အျဖစ္၊ အခုလိုလုပ္ေဆာင္သြားဖို႔ရွိတယ္လို႔လည္း ဂ်ပန္သံရံုးေၾကညာခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒီ ၂ ႏိုင္ငံ ကာကြယ္ေရးဆက္ဆံမူ ျမွင့္တင္ေရး ပူးတြဲေလ့က်င့္ခန္္းထဲမွာ ဂ်ပန္ရဲ့ C-130 H ကုန္တင္စစ္ေလယာဥ္ေတြနဲ႔ တပ္ဖြဲ႔ဝင္ေတြ၊ ဖီလစ္ပိုင္ေလတပ္သားေတြနဲ႔အတူ ပါဝင္ၿပီး၊ ေဝးလံေခါင္ဖ်ားေနရာေတြကို ကူညီကယ္ဆယ္ေရးပစၥည္းေတြပို႔တဲ့ ေလ့က်င့္ခန္းေတြလုပ္မွာ ျဖစ္ပါတယ္။

အခု ပူးတြဲေလေၾကာင္းေလက်င့္ခန္းထဲမွာ လူ႔အသက္ေတြကယ္တင္ႏိုင္ေရး ကပ္ေဘးရင္ဆိုင္မူဆိုင္ရာ ၂ ဘက္အေတြ႔အႀကံဳေတြကိုလည္း ဖလွယ္သြားဖို႔ရွိတယ္လို႔ ဂ်ပန္ေလတပ္ ဗိုလ္မူး Mizuno Masaki က ဆိုပါတယ္။

တကယ္ေတာ့ တရုတ္နဲ႔ပင္လယ္ေရပိုင္နက္အျငင္းပြားေနရၿပီး အေမရိကန္နဲ႔နီးစပ္တဲ့ ဒီ ၂ ႏိုင္ငံအေနနဲ႔ အေရွ.နဲ႔ေတာင္တရုတ္ပင္လယ္ထဲမွာ တရုတ္ဘက္က ေလယာဥ္နဲ႔ ေရယာဥ္ေတြတိုးခ်ဲ ့ေစလႊတ္မူေတြေၾကာင့္၊ ဆက္ဆံေရးအဆင္မေျပမူေတြရွိလာေနခဲ့ပါတယ္။

...............................................................................................

ဂျပန်နဲ့ ဖိလစ်ပိုင် လေတပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်မည်

(Unicode)

ဂျပန်နဲ့ ဖီလစ်ပိုင်လေတပ်တွေ ပထမဆုံး ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ရှိတယ်လို့၊ ဂျပန်ဘက်က ဒီနေ့ ပြောလိုက်ပါတယ်။
ရှေ့အပတ်ထဲမှာပဲ၊ ဒီ ၂ နိုင်ငံ လေတပ်တွေအနေနဲ့ လေကြောင်းချိတ်ဆက်လေ့ကျင့်ခန်းသင်တန်းတွေကို လူသာချင်းစာနာမူနဲ့ ကပ်ဘေးဒုက္ခဆိုင်ရာကဏ္ဍအတွက် လုပ်ဆောင်သွားမှာပါလို့ ဖီလစ်ပိုင်ရှိ ဂျပန်သံရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဂျူလိုင် ၅ ရက်ကနေ ၈ ရက်အထိ ဖီလစ်ပိုင်မြောက်ပိုင်းရှိ အရင် အမေရိကန်တပ်အဆောက်အအုံတွေရှိခဲ့တဲ့ Clark လေတပ်အခြေစိုက်စခန်းမှာ၊ ပူးတွဲကာကွယ်ရေး ထူးခြားတဲ့သမိုင်းမှတ်တိုင်အဖြစ်၊ အခုလိုလုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း ဂျပန်သံရုံးကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီ ၂ နိုင်ငံ ကာကွယ်ရေးဆက်ဆံမူ မြှင့်တင်ရေး ပူးတွဲလေ့ကျင့်ခန်းထဲမှာ ဂျပန်ရဲ့ C-130 H ကုန်တင်စစ်လေယာဉ်တွေနဲ့ တပ်ဖွဲ့ဝင်တွေ၊ ဖီလစ်ပိုင်လေတပ်သားတွေနဲ့အတူ ပါဝင်ပြီး၊ ဝေးလံခေါင်ဖျားနေရာတွေကို ကူညီကယ်ဆယ်ရေးပစ္စည်းတွေပို့တဲ့ လေ့ကျင့်ခန်းတွေလုပ်မှာ ဖြစ်ပါတယ်။

အခု ပူးတွဲလေကြောင်းလေကျင့်ခန်းထဲမှာ လူ့အသက်တွေကယ်တင်နိုင်ရေး ကပ်ဘေးရင်ဆိုင်မူဆိုင်ရာ ၂ ဘက်အတွေ့အကြုံတွေကိုလည်း ဖလှယ်သွားဖို့ရှိတယ်လို့ ဂျပန်လေတပ် ဗိုလ်မူး Mizuno Masaki က ဆိုပါတယ်။

တကယ်တော့ တရုတ်နဲ့ပင်လယ်ရေပိုင်နက်အငြင်းပွားနေရပြီး အမေရိကန်နဲ့နီးစပ်တဲ့ ဒီ ၂ နိုင်ငံအနေနဲ့ အရှေ.နဲ့တောင်တရုတ်ပင်လယ်ထဲမှာ တရုတ်ဘက်က လေယာဉ်နဲ့ ရေယာဉ်တွေတိုးချဲ ့စေလွှတ်မူတွေကြောင့်၊ ဆက်ဆံရေးအဆင်မပြေမူတွေရှိလာနေခဲ့ပါတယ် ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG