သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်ဝမ်ကျွန်းအနီး တရုတ်ရေတပ် စစ်ရေးလေ့ကျင့်


တရုတ် လေယာဉ်တင်သင်္ဘော တစီး။ (ဇူလိုင် ၁၁၊ ၂၀၁၇)
တရုတ် လေယာဉ်တင်သင်္ဘော တစီး။ (ဇူလိုင် ၁၁၊ ၂၀၁၇)

[Zawgyi/Unicode]

တရုတ် လေယာဉ်တင်သင်္ဘောအုပ်စုတစ်စုဟာ ထိုင်ဝမ်ကျွန်းနားမှာ စစ်ရေးလေ့ကျင့်နေပြီး ဒီလိုလေ့ကျင့်တာမျိုးကို ပုံမှန်လုပ်သွားမယ်လို့ တရုတ်ရေတပ်က တနင်္လာနေ့နှောင်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဒါဟာဖြင့် တရုတ်က သူပိုင်အဖြစ်ကြေညာထားတဲ့ ထိုင်ဝမ်ကျွန်းနားမှာ နောက်ထပ် တင်းမာမှု ပိုတိုးလာမယ့် အလားအလာပဲဖြစ်ပါတယ်။

ဒီမိုကရေစီကျင့်သုံးတဲ့ ထိုင်ဝမ်ကျွန်းဟာ သူတို့ပိုင်ဖြစ်တယ်ဆိုတာကိုပြဖို့ တရုတ်က ပိုပြီး အပြင်းအထန်လုပ်လာတာနဲ့အမ ျှ သူတို့ကျွန်းနားမှာ တရုတ် စစ်ရေးလှုပ်ရှားမှုတွေ မကြာသေးခင်လတွေအတွင်း ပိုစိတ်လာတယ်လို့ ထိုင်ဝမ်က ပြောထားပါတယ်။

တရုတ်နိုင်ငံရဲ့ ပထမဆုံး လေယာဉ်တင်သင်္ဘောဖြစ်တဲ့ Liaoning လေယာဉ်တင်သင်္ဘောဦးဆောင်တဲ့ စစ်သင်္ဘောအုပ်ဟာ ထိုင်ဝမ်ကျွန်းအနီး ရေပြင်မှာ ပုံမှန်စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေတယ်လို့ တရုတ်ရေတပ်က ပြောပါတယ်။

ရည်ရွယ်ချက်က "နိုင်ငံတော် အချုပ်အခြာအာဏာ၊ ဘေးကင်းလုံခြုံမှုနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ အကျိုးစီးပွားတွေကို ကာကွယ်နိုင်စွမ်းအား ပိုကောင်းစေဖို့ဖြစ်တယ်။" လို့ဆိုပါတယ်။

"အနာဂတ်မှာလည်း အလားတူ စစ်ရေးလေ့ကျင့်မှုတွေ ပုံမှန်လို လုပ်သွားမယ်။" လို့ တရုတ်ရေတပ်ကပြောပြီး အသေးစိတ်ကိုတော့ မပြောပါဘူး။

"ထိုင်ဝမ်ပတ်ပတ်လည် ဝေဟင်နဲ့ရေပြင်က အခြေအနေကို အပြည့်အဝ နားလည်သိရှိထားပြီး ဒီကိစ္စကို သင့်လျော်သလို ကိုင်တွယ် လုပ်ဆောင်နေတယ်။" လို့ ထိုင်ဝမ် ကာကွယ်ရေးဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG