သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တိုင္ဝမ္ေရလက္ၾကားမွာ တ႐ုတ္စစ္တပ္ စစ္ေရးေလ့က်င့္


စစ္ေရးေလ့က်င့္ေနတဲ့ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ (PLA) ကို တရုတ္ႏိုင္ငံ Xinjiang ေဒသမွာေတြ႔ရ။ (ၾသဂုတ္ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

တရုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ PLA က ေသာၾကာေန႔ကစၿပီး တုိင္၀မ္ေရလက္ၾကားမွာ တကယ့္တုိက္ပြဲ၀င္သလိုမ်ိဳး စစ္ေရးေလ့က်င့္ေနပါတယ္။

တရုတ္ ႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Ren Guoqiang
တရုတ္ ႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Ren Guoqiang

တုိင္၀မ္ေရလက္ၾကားမွာ လက္ရွိေပၚေပါက္ေနတဲ့ အေျခအနအရ ႏိုင္ငံေတာ္လုံၿခဳံေရးနဲ႔ နယ္ေျမပိုင္နက္တည္တန္႔ခိုင္ၿမဲေရးအတြက္ လိုအပ္လို႔ စစ္ေရးေလ့က်င့္ရတာျဖစ္ပါတယ္။ အဖိုးတန္ေျမတခုျဖစ္တဲ့ တုိင္၀မ္ကို တရုတ္ႏုိင္ငံကေန ခြဲထားလို႔မရဘူးလို႔ ႏုိင္ငံျခားေရးဌာနေျပာခြင့္ရ Ren Guoqiang ကေျပာပါတယ္။ တုိင္၀မ္အေရးက တရုတ္ႏုိင္ငံရဲ ႔ ျပည္တြင္းေရးျဖစ္တဲ့အတြက္ ျပည္ပၾကား၀င္စြက္ဖက္လို႔ မရဘူးလို႔လည္း သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့ပါတယ္။ အေမရိကန္ျပည္ေထာင္စုနဲ႔ တုိင္၀မ္ၾကား မၾကာခဏ အျပန္အလွန္ ဆက္သြယ္ေဆာင္ရြက္မႈေတြကို ဆန္႔က်င္ကန္႔ကြက္တဲ့လႈပ္ရွားမႈေတြ PLA တပ္ဖြဲ႔အေနနဲ႔ ေရွ ႔ဆက္လုပ္ကိုင္ဖို႔ ရွိသလားဆိုတဲ့ သတင္းေထာက္တဦးရဲ ႔ ေမးခြန္းအေပၚ ေျပာခြင့္ရသူ Gouqiang က အဲဒီလို တုံ႔ျပန္ေျဖၾကားခဲ့တာလည္းျဖစ္ပါတယ္။

အေမရိကန္ႏုိင္ငံက တ႐ုတ္ကို မထီမဲ့ျမင္ျပဳၿပီး တုိင္၀မ္ကို ဆက္ဆံတာပဲျဖစ္ျဖစ္၊ တုိင္၀မ္ကလည္း သူ႔ရပ္တည္မႈကို ထင္ထင္ရွားရွား ျပသခ်င္လို႔ပဲျဖစ္ျဖစ္ ဒီလိုလႈပ္ရွားေနတာဟာ ေရွ႔ဆက္လု႔ိမရတဲ့ စိတ္ကူးယဥ္လမ္းဆုံး တခုသာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။ မီးနဲ႔ကစားသူေတြ မီးေလာင္ခံရတတ္တယ္လို႔လည္း ေျပာခြင့္ရသူ Gouqiang ကသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားပါတယ္။

အေမရိကန္ စီးပြားေရးရာ အငယ္တန္း၀န္ႀကီး Keith Krach တုိင္၀မ္ကို လက္ရွိ အလည္အပတ္ေရာက္ေနသလို ၿပီးခဲ့တဲ့လကလည္း ႏွစ္ေပါင္း ၄၀ အတြင္း အေမရိကန္ဘက္က အဆင့္အျမင့္ဆုံး အစိုးရတာ၀န္ရွိသူအျဖစ္ က်န္းမာေရး၀န္ႀကီး Alex Azar တိုင္၀မ္ကို လာေရာက္ခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

တိုင်ဝမ်ရေလက်ကြားမှာ တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်

တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် PLA က သောကြာနေ့ကစပြီး တိုင်ဝမ်ရေလက်ကြားမှာ တကယ့်တိုက်ပွဲဝင်သလိုမျိုး စစ်ရေးလေ့ကျင့်နေပါတယ်။

တိုင်ဝမ်ရေလက်ကြားမှာ လက်ရှိပေါ်ပေါက်နေတဲ့ အခြေအနအရ နိုင်ငံတော်လုံခြုံရေးနဲ့ နယ်မြေပိုင်နက်တည်တန့်ခိုင်မြဲရေးအတွက် လိုအပ်လို့ စစ်ရေးလေ့ကျင့်ရတာဖြစ်ပါတယ်။ အဖိုးတန်မြေတခုဖြစ်တဲ့ တိုင်ဝမ်ကို တရုတ်နိုင်ငံကနေ ခွဲထားလို့မရဘူးလို့ နိုင်ငံခြားရေးဌာနပြောခွင့်ရ Ren Guoqiang ကပြောပါတယ်။ တိုင်ဝမ်အရေးက တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တဲ့အတွက် ပြည်ပကြားဝင်စွက်ဖက်လို့ မရဘူးလို့လည်း သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တိုင်ဝမ်ကြား မကြာခဏ အပြန်အလှန် ဆက်သွယ်ဆောင်ရွက်မှုတွေကို ဆန့်ကျင်ကန့်ကွက်တဲ့လှုပ်ရှားမှုတွေ PLA တပ်ဖွဲ့အနေနဲ့ ရှေ့ဆက်လုပ်ကိုင်ဖို့ ရှိသလားဆိုတဲ့ သတင်းထောက်တဦးရဲ့ မေးခွန်းအပေါ် ပြောခွင့်ရသူ Gouqiang က အဲဒီလို တုံ့ပြန်ဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံက တရုတ်ကို မထီမဲ့မြင်ပြုပြီး တိုင်ဝမ်ကို ဆက်ဆံတာပဲဖြစ်ဖြစ်၊ တိုင်ဝမ်ကလည်း သူ့ရပ်တည်မှုကို ထင်ထင်ရှားရှား ပြသချင်လို့ပဲဖြစ်ဖြစ် ဒီလိုလှုပ်ရှားနေတာဟာ ရှေ့ဆက်လု့ိမရတဲ့ စိတ်ကူးယဉ်လမ်းဆုံး တခုသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မီးနဲ့ကစားသူတွေ မီးလောင်ခံရတတ်တယ်လို့လည်း ပြောခွင့်ရသူ Gouqiang ကသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

အေမရိကန္ စီးပြားေရးရာ အငယ္တန္း၀န္ႀကီး Keith Krach
အေမရိကန္ စီးပြားေရးရာ အငယ္တန္း၀န္ႀကီး Keith Krach

အမေရိကန် စီးပွားရေးရာ အငယ်တန်းဝန်ကြီး Keith Krach တိုင်ဝမ်ကို လက်ရှိ အလည်အပတ်ရောက်နေသလို ပြီးခဲ့တဲ့လကလည်း နှစ်ပေါင်း ၄၀ အတွင်း အမေရိကန်ဘက်က အဆင့်အမြင့်ဆုံး အစိုးရတာဝန်ရှိသူအဖြစ် ကျန်းမာရေးဝန်ကြီး Alex Azar တိုင်ဝမ်ကို လာရောက်ခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG