သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အျငင္းပြား ေတာင္တ႐ုတ္ပင္လယ္ျပင္ထဲ ဖိလစ္ပိုင္ကမ္းေျခေစာင့္တပ္ စစ္ေရးေလ့က်င့္


ေတာင္တ႐ုတ္ပင္လယ္အတြင္း ေစာင့္ၾကည့္ေနတဲ့ ဖိလစ္ပုိင္ ကမ္းေျခေစာင့္တပ္ဖြဲ႔ ေရယာဥ္နဲ႔ တပ္ဖြဲ႔ဝင္တဦး။ (ဧၿပီ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ေတာင္တ႐ုတ္ပင္လယ္ ေရေၾကာင္းပိုင္နက္ အျငင္းပြားေနတဲ့ ေရပိုင္နက္ထဲမွာ သူတို႔ပိုင္ စီရင္ဆုံးျဖတ္ခြင့္နယ္ေျမဆိုတာ ျပသတဲ့ ႀကိဳးစားမႈ တစိတ္တပိုင္းအျဖစ္ ဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ေတြ စစ္ေရးေလ့က်င့္ေနပါတယ္။

သဘာဝအရင္းအျမစ္ ေပါႂကြယ္ဝတဲ့ ပင္လယ္ျပင္ပိုင္နက္ကိစၥ တ႐ုတ္နဲ႔ တင္းမာမႈေတြ တိုးလာေနတဲ့အခ်ိန္ ဖိလစ္ပိုင္သိမ္းထားတဲ့ Thitu ကၽြန္းနဲ႔ တ႐ုတ္ဘက္က ထိန္းခ်ဳပ္တဲ့ Scarborough Shoal ကၽြန္းေတြအနားမွာ ဖိလစ္ပိုင္ ကမ္းေျခေစာင့္တပ္ စစ္ေရးေလ့က်င့္တာပါ။

ၿပီးခဲ့တဲ့လက Spratly ကၽြန္းစုနားမွာ ရာနဲ႔ခ်ီတဲ့ တ႐ုတ္သေဘၤာေတြကို ေတြ႔ခဲ့ရၿပီးတဲ့ေနာက္ ႏွစ္ႏိုင္ငံအၾကား သံတမန္ေရးအရ ေနာက္ဆုံး ျငင္းခုံမႈေတြ ပိုၿပီး ႀကီးထြားလာခဲ့တာပါ။

သေဘၤာအမ်ားစုဟာ အျငင္းပြားေနတဲ့ ကမ္း႐ိုးတန္းေဒသ အနီးမွာ သြားလာေနခဲ့တာ ျဖစ္ပါတယ္။ ပင္လယ္ျပင္တခုလုံးကို သူတို႔ပိုင္လို႔ ေျပာထားတဲ့ တ႐ုတ္ႏိုင္ငံက ဒီသေဘၤာေတြကို ျပန္ေခၚဖို႔ ဖိလစ္ပိုင္ဘက္က ေတာင္းဆိုတာကို လက္မခံခဲ့ပါဘူး။ ဒီေလွေတြဟာ ငါးဖမ္းေလွေတြလို႔ တ႐ုတ္ႏိုင္ငံဘက္က ေျပာေပမယ့္ ေရတပ္အမည္မခံတဲ့ အရပ္သား တိုက္ခိုက္ေရးေရယာဥ္ေတြ ျဖစ္တယ္လို႔ ဖိလစ္ပိုင္ဘက္က ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

အငြင်းပွား တောင်တရုတ်ပင်လယ်ပြင်ထဲ ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် စစ်ရေးလေ့ကျင့်

တောင်တရုတ်ပင်လယ် ရေကြောင်းပိုင်နက် အငြင်းပွားနေတဲ့ ရေပိုင်နက်ထဲမှာ သူတို့ပိုင် စီရင်ဆုံးဖြတ်ခွင့်နယ်မြေဆိုတာ ပြသတဲ့ ကြိုးစားမှု တစိတ်တပိုင်းအဖြစ် ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်တွေ စစ်ရေးလေ့ကျင့်နေပါတယ်။

သဘာဝအရင်းအမြစ် ပေါကြွယ်ဝတဲ့ ပင်လယ်ပြင်ပိုင်နက်ကိစ္စ တရုတ်နဲ့ တင်းမာမှုတွေ တိုးလာနေတဲ့အချိန် ဖိလစ်ပိုင်သိမ်းထားတဲ့ Thitu ကျွန်းနဲ့ တရုတ်ဘက်က ထိန်းချုပ်တဲ့ Scarborough Shoal ကျွန်းတွေအနားမှာ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် စစ်ရေးလေ့ကျင့်တာပါ။

ပြီးခဲ့တဲ့လက Spratly ကျွန်းစုနားမှာ ရာနဲ့ချီတဲ့ တရုတ်သင်္ဘောတွေကို တွေ့ခဲ့ရပြီးတဲ့နောက် နှစ်နိုင်ငံအကြား သံတမန်ရေးအရ နောက်ဆုံး ငြင်းခုံမှုတွေ ပိုပြီး ကြီးထွားလာခဲ့တာပါ။

သင်္ဘောအများစုဟာ အငြင်းပွားနေတဲ့ ကမ်းရိုးတန်းဒေသ အနီးမှာ သွားလာနေခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ပြင်တခုလုံးကို သူတို့ပိုင်လို့ ပြောထားတဲ့ တရုတ်နိုင်ငံက ဒီသင်္ဘောတွေကို ပြန်ခေါ်ဖို့ ဖိလစ်ပိုင်ဘက်က တောင်းဆိုတာကို လက်မခံခဲ့ပါဘူး။ ဒီလှေတွေဟာ ငါးဖမ်းလှေတွေလို့ တရုတ်နိုင်ငံဘက်က ပြောပေမယ့် ရေတပ်အမည်မခံတဲ့ အရပ်သား တိုက်ခိုက်ရေးရေယာဉ်တွေ ဖြစ်တယ်လို့ ဖိလစ်ပိုင်ဘက်က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG