သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္ စစ္ေလယာဥ္ပ်က္က်၊ လူ ၃၀ ခန္႔ေသဆံုး


ဖိလစ္ပိုင္ စစ္ေလယာဥ္ ပ်က္က်မႈျမင္ကြင္း။ (ဇူလုိင္ ၄၊ ၂၀၂၁)

[ Zawgyi ]

ဖိလစ္ပိုင္ႏိုင္ငံ ေတာင္ပိုင္းမွာ တနဂၤေႏြေန႔က တပ္သားေတြ တင္ေဆာင္လာတဲ့ စစ္ေလယာဥ္တစီး ပ်က္က်ခဲ့တဲ့အတြက္ ေသဆံုးသူ အနည္းဆံုး ၂၉ ေယာက္ရွိသလို ဒဏ္ရာရသူလည္း ၅၀ ေလာက္ရွိေနတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ တနဂၤေႏြ ေန႔လယ္က စစ္သင္တန္းဆင္း ေက်ာင္းသား အမ်ားစုပါဝင္တဲ့ လူေပါင္း ၁၀၀ ေလာက္ကို တင္ေဆာင္လာတဲ့ C-130 ဟာက်ဴလီ ပို႔ေဆာင္ေရးယာဥ္ဟာ ဆူလူးခရိုင္မွာရွိတဲ့ ဂ်ိဳလိုကၽြန္းမွာ ဆင္းသက္ဖို႔ လုပ္စဥ္မွာ ေလယာဥ္ မီးေလာင္ေပါက္ကြဲၿပီး ပ်က္က်ခဲ့တာ ျဖစ္ပါတယ္။

ေလယာဥ္ ေျမျပင္နဲ႔ထိၿပီး ေပါက္ကြဲမႈ မျဖစ္ခင္ကေလးမွာ စစ္သားတခ်ိဳ႕ ေလယာဥ္ေပၚက ခုန္ဆင္းၾကတာကို ေတြ႔ခဲ့ရတယ္လို႔ ဆူလူး ပူးတြဲတပ္ဖြဲ႔ တပ္မွဴးႀကီးကေျပာပါတယ္။ အင္ဂ်င္ ၄ လံုးတပ္ ေလယာဥ္ဟာ ေက်ာက္မိုင္းနဲ႔ သိပ္မေဝးတဲ့ လူေနသိပ္မထူထပ္တဲ့ ေနရာမွာ ပ်က္က်ခဲ့တာျဖစ္ၿပီး ေလယာဥ္ေပၚ ပါလာသူထဲက ၁၇ ေယာက္ ေပ်ာက္ဆံုးေနတဲ့အတြက္ သူတုိ႔ကို ဆက္လက္ရွာေဖြေနဆဲ ျဖစ္ပါတယ္။

ဖိလစ္ပိုင္စစ္တပ္က စစ္ေလယာဥ္ မေတာ္တဆ ျဖစ္မႈေတြထဲမွာ အခု ဒီေလယာဥ္ ပ်က္က်တာဟာ လူေသဆံုးမႈ အမ်ားဆံုးျဖစ္ၿပီး ပ်က္က်ရတဲ့ အေၾကာင္းရင္းကို စံုစမ္းစစ္ေဆးမွာ ျဖစ္ေၾကာင္း ေလတပ္ေျပာခြင့္ရက ေျပာပါတယ္။ ဖိလစ္ပိုင္စစ္တပ္ ေျပာခြင့္ရကေတာ့ အခုျဖစ္ရပ္ကို မေတာ္တဆျဖစ္မႈ တခုအျဖစ္ သတ္မွတ္ စစ္ေဆးမွာျဖစ္ေၾကာင္း ေျပာပါတယ္။

ဒီေလယာဥ္နဲ႔ လိုက္ပါလာသူ အမ်ားစုဟာ အေျခခံစစ္ေရးေလ့က်င့္မႈ ၿပီးဆံုးလို႔ တာဝန္ထမ္းေဆာင္မယ့္သူေတြျဖစ္ၿပီး သူတို႔ဟာ ဖိလစ္ပိုင္ေတာင္ပိုင္း မြတ္စလင္အမ်ားစု ေနထိုင္ရာေဒသထဲက အၾကမ္းဖက္မႈ တိုက္ဖ်က္ေရး ပူးတြဲတပ္ဖြဲ႔မွာ တနဂၤေႏြေန႔ကစလို႔ တာဝန္ထမ္းေဆာင္ရမွာ ျဖစ္ပါတယ္။

ဖိလစ္ပိုင္ စစ္ေလယာဥ္ပ်က္က်၊ လူ ၃၀ ခန္႔ေသဆံုး
please wait

No media source currently available

0:00 0:01:03 0:00
တိုက္႐ိုက္ လင့္ခ္

------------------------

[ Unicode ]

ဖိလစ်ပိုင် စစ်လေယာဉ်ပျက်ကျ၊ လူ ၃၀ ခန့်သေဆုံး

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းမှာ တနင်္ဂနွေနေ့က တပ်သားတွေ တင်ဆောင်လာတဲ့ စစ်လေယာဉ်တစီး ပျက်ကျခဲ့တဲ့အတွက် သေဆုံးသူ အနည်းဆုံး ၂၉ ယောက်ရှိသလို ဒဏ်ရာရသူလည်း ၅၀ လောက်ရှိနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တနင်္ဂနွေ နေ့လယ်က စစ်သင်တန်းဆင်း ကျောင်းသား အများစုပါဝင်တဲ့ လူပေါင်း ၁၀၀ လောက်ကို တင်ဆောင်လာတဲ့ C-130 ဟာကျူလီ ပို့ဆောင်ရေးယာဉ်ဟာ ဆူလူးခရိုင်မှာရှိတဲ့ ဂျိုလိုကျွန်းမှာ ဆင်းသက်ဖို့ လုပ်စဉ်မှာ လေယာဉ် မီးလောင်ပေါက်ကွဲပြီး ပျက်ကျခဲ့တာ ဖြစ်ပါတယ်။

လေယာဉ် မြေပြင်နဲ့ထိပြီး ပေါက်ကွဲမှု မဖြစ်ခင်ကလေးမှာ စစ်သားတချို့ လေယာဉ်ပေါ်က ခုန်ဆင်းကြတာကို တွေ့ခဲ့ရတယ်လို့ ဆူလူး ပူးတွဲတပ်ဖွဲ့ တပ်မှူးကြီးကပြောပါတယ်။ အင်ဂျင် ၄ လုံးတပ် လေယာဉ်ဟာ ကျောက်မိုင်းနဲ့ သိပ်မဝေးတဲ့ လူနေသိပ်မထူထပ်တဲ့ နေရာမှာ ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ် ပါလာသူထဲက ၁၇ ယောက် ပျောက်ဆုံးနေတဲ့အတွက် သူတို့ကို ဆက်လက်ရှာဖွေနေဆဲ ဖြစ်ပါတယ်။

ဖိလစ်ပိုင်စစ်တပ်က စစ်လေယာဉ် မတော်တဆ ဖြစ်မှုတွေထဲမှာ အခု ဒီလေယာဉ် ပျက်ကျတာဟာ လူသေဆုံးမှု အများဆုံးဖြစ်ပြီး ပျက်ကျရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးမှာ ဖြစ်ကြောင်း လေတပ်ပြောခွင့်ရက ပြောပါတယ်။ ဖိလစ်ပိုင်စစ်တပ် ပြောခွင့်ရကတော့ အခုဖြစ်ရပ်ကို မတော်တဆဖြစ်မှု တခုအဖြစ် သတ်မှတ် စစ်ဆေးမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီလေယာဉ်နဲ့ လိုက်ပါလာသူ အများစုဟာ အခြေခံစစ်ရေးလေ့ကျင့်မှု ပြီးဆုံးလို့ တာဝန်ထမ်းဆောင်မယ့်သူတွေဖြစ်ပြီး သူတို့ဟာ ဖိလစ်ပိုင်တောင်ပိုင်း မွတ်စလင်အများစု နေထိုင်ရာဒေသထဲက အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးတွဲတပ်ဖွဲ့မှာ တနင်္ဂနွေနေ့ကစလို့ တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG