သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဖိလစ္ပိုင္ရဲ႕ မူးယစ္ဂိုဏ္း ႏွိမ္နင္းတဲ႔လုပ္ရပ္ စံုစမ္းစစ္ေဆးခြင္႔ ICC ေရွ႔ေန ေတာင္းဆို 


ဖိလစ္ပိုင္မွာ မူးယစ္ဂိုဏ္း ႏွိမ္နင္းစဥ္

(Zawgyi/Unicode)

ဖိလစ္ပိုင္မွာ မူးယစ္ေဆးဝါးနဲ႔ ဆက္စပ္ ရာဇ၀တ္မႈေတြကို ၿဖိဳခြင္းတဲ႔ အစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြကို စံုစမ္းစစ္ေဆးခြင့္ ေပးဖို႔ အတြက္ ႏိုင္ငံတကာ ရာဇ၀တ္ တရားရံုး ICC ေရွ႕ေနက တနလာၤေန႔မွာ ေလွ်ာက္ထားလိုက္ပါတယ္။

၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ အတြင္းမွာ စခဲ႔တဲ႔ ကနဦး စံုစမ္းစစ္ေဆးမႈမွာ ဖိလစ္ပိုင္ ႏိုင္ငံတြင္း ဇူလိုင္လ ၁ ရက္ ၂၀၁၆ ကေန မတ္လ ၁၆ ၂၀၁၉ ခုႏွစ္ အတြင္း လူသားမ်ိဳးႏြယ္ အေပၚ ဆန္႔က်င္ က်ဴးလြန္တဲ႔ သတ္ျဖတ္မႈေတြ လုပ္ခဲ႔တယ္လို႔ ယံုၾကည္ရေလာက္တယ္လို႔ ဆံုးျဖတ္ထားေၾကာင္း ေရွ႕ေန Fatou Bensouda က ေျပာပါတယ္။

ICC ရဲ႕ ကနဦး စံုစမ္းစစ္ေဆးမႈေၾကာင့္ ၂၀၁၉ ခုႏွစ္ မတ္လ ၁၆ ရက္ေန႔မွာ ဖိလစ္ပိုင္က ICC အဖြဲ႔၀င္ အျဖစ္ကေန ႏုတ္ထြက္ခဲ႔ပါတယ္။ ဖိလစ္ပိုင္က ICC အဖြဲ႔၀င္ အျဖစ္ကေန ႏုတ္ထြက္ခဲ႔ေပမယ့္လည္း ဖိလစ္ပိုင္ အဖြဲ႔၀င္ ျဖစ္စဥ္က ရာဇ၀တ္မႈ က်ဴးလြန္ေၾကာင္း စြပ္စြဲထားတာေၾကာင့္ ICC အေနနဲ႔ တရားစီရင္ပိုင္ခြင့္ ရွိတယ္လို႔ ဒီသတင္းပတ္ထဲမွာဘဲ ၉ ႏွစ္တာ ေရွ႕ေနသက္တမ္း ကုန္ဆံုးေတာ့မယ့္ ေရွ႕ေန Bensouda က ေျပာပါတယ္။

ICC ရဲ႕ ကနဦး စံုစမ္းမႈမွာ ဖိလစ္ပိုင္ ရဲတပ္ဖြဲ႔၀င္ေတြနဲ႔ သူတို႔နဲ႔ ပူးေပါင္းေဆာင္ရြက္သူေတြက အရပ္သား ေထာင္နဲ႔ခ်ီၿပီး တရားဥပေဒမဲ႔ သတ္ျဖတ္ခဲ႔တယ္ဆိုတာကို ျပသေနေၾကာင္း ေရွ႕ေန Bensouda က ေျပာပါတယ္။

ဖိလစ္ပိုင္ သမၼတ Rodrigo Duterte ကေတာ့ အစိုးရရဲ႕ မူးယစ္ တိုက္ဖ်က္ေရး မူဝါဒေတြဟာ ဥပေဒနဲ႔ ညီၫြတ္တယ္လို႔ ICC က ႏုတ္ထြက္ေၾကာင္း ေၾကညာစဥ္က ေျပာဆိုထားတာပါ။ Bensouda ရဲ႕ ေလွ်ာက္ထားခ်က္ကို ဆက္လက္ ေဆာင္ရြက္မလားဆိုတာကို ICC တရားသူႀကီးေတြ ဆံုးျဖတ္ဖို႔ ရက္ေပါင္း ၁၂၀ အခ်ိန္ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

ဖိလစ်ပိုင်ရဲ့ မူးယစ်ဂိုဏ်း နှိမ်နင်းတဲ့လုပ်ရပ် စုံစမ်းစစ်ဆေးခွင့် ICC ရှေ့နေ တောင်းဆို
(Unicode)

ဖိလစ်ပိုင်မှာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ် ရာဇဝတ်မှုတွေကို ဖြိုခွင်းတဲ့ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို စုံစမ်းစစ်ဆေးခွင့် ပေးဖို့ အတွက် နိုင်ငံတကာ ရာဇဝတ် တရားရုံး ICC ရှေ့နေက တနလာၤနေ့မှာ လျှောက်ထားလိုက်ပါတယ်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ အတွင်းမှာ စခဲ့တဲ့ ကနဦး စုံစမ်းစစ်ဆေးမှုမှာ ဖိလစ်ပိုင် နိုင်ငံတွင်း ဇူလိုင်လ ၁ ရက် ၂၀၁၆ ကနေ မတ်လ ၁၆ ၂၀၁၉ ခုနှစ် အတွင်း လူသားမျိုးနွယ် အပေါ် ဆန့်ကျင် ကျူးလွန်တဲ့ သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့ ယုံကြည်ရလောက်တယ်လို့ ဆုံးဖြတ်ထားကြောင်း ရှေ့နေ Fatou Bensouda က ပြောပါတယ်။

ICC ရဲ့ ကနဦး စုံစမ်းစစ်ဆေးမှုကြောင့် ၂၀၁၉ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ ဖိလစ်ပိုင်က ICC အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။ ဖိလစ်ပိုင်က ICC အဖွဲ့ဝင် အဖြစ်ကနေ နုတ်ထွက်ခဲ့ပေမယ့်လည်း ဖိလစ်ပိုင် အဖွဲ့ဝင် ဖြစ်စဉ်က ရာဇဝတ်မှု ကျူးလွန်ကြောင်း စွပ်စွဲထားတာကြောင့် ICC အနေနဲ့ တရားစီရင်ပိုင်ခွင့် ရှိတယ်လို့ ဒီသတင်းပတ်ထဲမှာဘဲ ၉ နှစ်တာ ရှေ့နေသက်တမ်း ကုန်ဆုံးတော့မယ့် ရှေ့နေ Bensouda က ပြောပါတယ်။

ICC ရဲ့ ကနဦး စုံစမ်းမှုမှာ ဖိလစ်ပိုင် ရဲတပ်ဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်သူတွေက အရပ်သား ထောင်နဲ့ချီပြီး တရားဥပဒေမဲ့ သတ်ဖြတ်ခဲ့တယ်ဆိုတာကို ပြသနေကြောင်း ရှေ့နေ Bensouda က ပြောပါတယ်။

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ကတော့ အစိုးရရဲ့ မူးယစ် တိုက်ဖျက်ရေး မူဝါဒတွေဟာ ဥပဒေနဲ့ ညီညွတ်တယ်လို့ ICC က နုတ်ထွက်ကြောင်း ကြေညာစဉ်က ပြောဆိုထားတာပါ။ Bensouda ရဲ့ လျှောက်ထားချက်ကို ဆက်လက် ဆောင်ရွက်မလားဆိုတာကို ICC တရားသူကြီးတွေ ဆုံးဖြတ်ဖို့ ရက်ပေါင်း ၁၂၀ အချိန်ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG