(Zawgyi/Unicode)
ျမန္မာႏိုင္ငံမွာ လတ္တေလာ ကိုဗစ္-၁၉ ေရာဂါ ကူးစက္ျပန္႔ႏွံ႔ေနတာဟာ သတိေပးခ်က္ အဆင့္ ၄ ကို ေရာက္လာၿပီျဖစ္တာေၾကာင့္ ျမန္မာႏိုင္ငံမွာေရာက္ေနၾကတဲ့ ဖိလစ္ပိုင္ႏိုင္ငံသားေတြ အျမန္ဆုံး တိုင္းျပည္အတြင္းက ထြက္ခြာၾကဖို႔ ဖိလစ္ပိုင္ ႏိုင္ငံျခားေရး၀န္ႀကီးဌာနက ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္ ႏိႈးေဆာ္ထားပါတယ္။
ျမန္မာႏိုင္ငံတြင္းမွာရွိေနၾကတဲ့ ဖိလစ္ပိုင္ႏိုင္ငံသားေတြရဲ႕ ေဘးကင္းလုံျခံဳမႈအတြက္ရည္ရြယ္ၿပီး သတိေပးခ်က္ကို စိုးရိမ္ရတဲ့အဆင့္အထိ ျမွင့္တင္ သတ္မွတ္လိုက္တာျဖစ္ေၾကာင္း ရန္ကုန္ၿမိဳ႕မွာရွိတဲ့ ဖိလစ္ပိုင္သံ႐ုံး Facebook စာမ်က္ႏွာမွာ ေရးသားထားပါတယ္။
ျမန္မာႏိုင္ငံမွာ လူနာေတြကို ကုသေပးႏိုင္စြမ္းမရွိေတာ့တဲ့ အေျခအေနကို ေရာက္လုနီးေနၿပီျဖစ္တာေၾကာင့္ လာမယ့္ သီတင္းပတ္ေတြအတြင္း မနာမက်န္းျဖစ္မယ့္ ဖိလစ္ပိုင္ႏိုင္ငံသားေတြကို ေကာင္းမြန္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးႏိုင္မယ့္အေျခအေန မရွိဘူးလို႔လည္း ဖိလစ္ပိုင္သံ႐ုံးရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
အခုခ်ိန္ထိေတာ့ ျမန္မာႏိုင္ငံမွာရွိေနတဲ့ ဖိလစ္ပိုင္ႏိုင္ငံသား ၄၅ ဦးက ျပည္ေတာ္ျပန္ဖို႔အတြက္ သူ႔တို႔သေဘာနဲ႔သူတို႔ သံ႐ုံးမွာ လာစာရင္းေပးထားၾကၿပီးျဖစ္တာေၾကာင့္ အဲဒီလူေတြဟာ ၾသဂုတ္လ ၅ ရက္ေန႔မွာ ျပန္ၾကေတာ့မယ္လို႔ ျမန္မာႏိုင္ငံဆိုင္ရာ ဖိလစ္ပိုင္သံအမတ္ႀကီး Eduardo Kapunan, Jr. က အဂၤါေန႔မွာ ေျပာၾကားခဲ့ပါတယ္။
..........................................................................................
ဖိလစ်ပိုင်န်ိုင်ငံသားတွေ မြန်မာပြည်ကထွက်ဖို့ ဖိလစ်ပိုင်နိုင်ငံခြားရေး နှိုးဆော်
(Unicode)
မြန်မာနိုင်ငံမှာ လတ်တလော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့နေတာဟာ သတိပေးချက် အဆင့် ၄ ကို ရောက်လာပြီဖြစ်တာကြောင့် မြန်မာနိုင်ငံမှာရောက်နေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေ အမြန်ဆုံး တိုင်းပြည်အတွင်းက ထွက်ခွာကြဖို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့ ကြေညာချက် ထုတ်ပြန် နှိုးဆော်ထားပါတယ်။
မြန်မာနိုင်ငံတွင်းမှာရှိနေကြတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ ဘေးကင်းလုံခြုံမှုအတွက်ရည်ရွယ်ပြီး သတိပေးချက်ကို စိုးရိမ်ရတဲ့အဆင့်အထိ မြှင့်တင် သတ်မှတ်လိုက်တာဖြစ်ကြောင်း ရန်ကုန်မြို့မှာရှိတဲ့ ဖိလစ်ပိုင်သံရုံး Facebook စာမျက်နှာမှာ ရေးသားထားပါတယ်။
မြန်မာနိုင်ငံမှာ လူနာတွေကို ကုသပေးနိုင်စွမ်းမရှိတော့တဲ့ အခြေအနေကို ရောက်လုနီးနေပြီဖြစ်တာကြောင့် လာမယ့် သီတင်းပတ်တွေအတွင်း မနာမကျန်းဖြစ်မယ့် ဖိလစ်ပိုင်နိုင်ငံသားတွေကို ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်မယ့်အခြေအနေ မရှိဘူးလို့လည်း ဖိလစ်ပိုင်သံရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုချိန်ထိတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၄၅ ဦးက ပြည်တော်ပြန်ဖို့အတွက် သူ့တို့သဘောနဲ့သူတို့ သံရုံးမှာ လာစာရင်းပေးထားကြပြီးဖြစ်တာကြောင့် အဲဒီလူတွေဟာ သြဂုတ်လ ၅ ရက်နေ့မှာ ပြန်ကြတော့မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး Eduardo Kapunan, Jr. က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။