သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကိုဗစ္ေၾကာင့္ ကမာၻတ၀န္း ေက်ာင္းမသြားႏိုင္သူ သန္း ၁၂၀ နီးပါးရွိ (UNESCO)


A classroom sits empty at the Government Science School, where gunmen abducted students, in Kankara, in northwestern Katsina state, Nigeria, Dec. 14, 2020.

ကိုဗစ္ေၾကာင့္ ကမာၻတ၀န္း ေက်ာင္းမသြားႏိုင္သူ သန္း ၁၂၀ နီးပါးရွိ (UNESCO)

{{Zawgyi/Unicode}}
တကမ႓ာလုံးမွာ ခေလး ၁၁၇ သန္းေက်ာ္ဟာ ကိုဗစ္ ၁၉ ကပ္ေဘးေၾကာင့္ ေက်ာင္းျပန္မတက္ႏိုင္ၾကေသးဘူးလို႔၊ ကုလသမဂၢက ေျပာဆိုလိုက္ပါတယ္။

အခုအခ်ိန္အထိေက်ာင္းျပန္မတက္ႏိုင္ေသးတဲ့ ေက်ာင္းသားအေရအတြက္ဟာ တကမ႓ာလုံးမွာရွိတဲ့ေက်ာင္းသားအေရအတြက္ရဲ႕ ၇ဒသမ ၅ ရာႏႈန္းရွိတယ္လို႔ ကုလသမဂၢ ပညာေရးနဲ႕ ယဥ္ေက်းမႈအဖဲြ႕ႀကီးျဖစ္တဲ့ UNESCO ကသူ႔ရဲ႕ေၾကျငာခ်က္မွာေဖၚျပထားပါတယ္။

ေက်ာင္းေတြကိုေရွရွည္ပိတ္ထားတာနဲ႕အမွ် ခေလးေတြရဲ႕ဘ၀တိုးတက္ေကာင္းမြန္ေရး နဲ႕ ပညာသင္ၾကားေရးကို အမ်ားႀကီးထိခိုက္ႏိုင္တယ္လို႔ UNESCO အဖဲြ႕ႀကီးရဲ႕ ဒုတိယၫႊန္ၾကားေရးမႈး Stefania Giannini ေျပာဆိုခဲ့ပါတယ္။ အခြင့္အလမ္းနည္းပါးၿပီး အေရးယူေဆာင္ရြက္မႈမခံရတဲ့ ခလးေတြ အထူးသျဖင့္ထိခိုက္ႏိုင္တယ္လို႔ဆိုပါတယ္။

ႏိုင္ငံေပါင္း ၁၁၇ ႏိုင္ငံမွာ ေက်ာင္းေတြအျပည့္အဝျပန္ဖြင္ထားႏိုင္ၿပီး မူႀကိဳကေန အထယ္တန္း၊ အထက္တန္းအထိ ကမ႓ာေက်ာင္းသားဦးေရရဲ႕ ၃၅ ရာႏႈန္း စာသင္ခန္းေတြထဲမွာ စာျပန္သင္ႏိုင္ၿပီျဖစ္ပါတယ္။

ခေလးေတြအတြက္ေက်ာင္းေတြျပန္ဖြင့္ႏိုင္ဖို႔ သက္ဆိုင္ရာ အစိုးရေတြကိုကူညီဖို႔ UNESCO အေနနဲ႕ ကမ႓ာ့ဘဏ္၊ ဒါ့အျပင္ ကုလသမမဂၢခေလးမ်ားရံပုံေငြအဖဲြ႕ေတြနဲ႕ပူးေပါင္းလုပ္ေဆာင္ေနတယ္လို႔လည္းေျပာဆိုထားပါတယ္။

.............................................

https://burmese.voanews.com/a/unesco-covid-schools/6232288.html
please wait

No media source currently available

0:00 0:01:05 0:00
တိုက္႐ိုက္ လင့္ခ္

ကိုဗစ်ကြောင့် ကမ္ဘာတဝန်း ကျောင်းမသွားနိုင်သူ သန်း ၁၂၀ နီးပါးရှိ (UNESCO)

{{Unicode}}

တကမ္ဘာလုံးမှာ ခလေး ၁၁၇ သန်းကျော်ဟာ ကိုဗစ် ၁၉ ကပ်ဘေးကြောင့် ကျောင်းပြန်မတက်နိုင်ကြသေးဘူးလို့၊ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

အခုအချိန်အထိကျောင်းပြန်မတက်နိုင်သေးတဲ့ ကျောင်းသားအရေအတွက်ဟာ တကမ္ဘာလုံးမှာရှိတဲ့ကျောင်းသားအရေအတွက်ရဲ့ ၇ဒသမ ၅ ရာနှုန်းရှိတယ်လို့ ကုလသမဂ္ဂ ပညာရေးနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးဖြစ်တဲ့ UNESCO ကသူ့ရဲ့ကြေငြာချက်မှာဖေါ်ပြထားပါတယ်။

ကျောင်းတွေကိုရှေရှည်ပိတ်ထားတာနဲ့အမျှ ခလေးတွေရဲ့ဘဝတိုးတက်ကောင်းမွန်ရေး နဲ့ ပညာသင်ကြားရေးကို အများကြီးထိခိုက်နိုင်တယ်လို့ UNESCO အဖွဲ့ကြီးရဲ့ ဒုတိယညွှန်ကြားရေးမှုး Stefania Giannini ပြောဆိုခဲ့ပါတယ်။ အခွင့်အလမ်းနည်းပါးပြီး အရေးယူဆောင်ရွက်မှုမခံရတဲ့ ခလးတွေ အထူးသဖြင့်ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။

နိုင်ငံပေါင်း ၁၁၇ နိုင်ငံမှာ ကျောင်းတွေအပြည့်အဝပြန်ဖွင်ထားနိုင်ပြီး မူကြိုကနေ အထယ်တန်း၊ အထက်တန်းအထိ ကမ္ဘာကျောင်းသားဦးရေရဲ့ ၃၅ ရာနှုန်း စာသင်ခန်းတွေထဲမှာ စာပြန်သင်နိုင်ပြီဖြစ်ပါတယ်။

ခလေးတွေအတွက်ကျောင်းတွေပြန်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာ အစိုးရတွေကိုကူညီဖို့ UNESCO အနေနဲ့ ကမ္ဘာ့ဘဏ်၊ ဒါ့အပြင် ကုလသမမဂ္ဂခလေးများရံပုံငွေအဖွဲ့တွေနဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့လည်းပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG