သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ပိတ္ထားတဲ့ေက်ာင္းေတြျပန္ဖြင့္ဖို႔ UNICEF တိုက္တြန္း


စစ္ေတြျမိဳ ့က အထက္တန္းေက်ာင္းတခု (June 1st/2021)

(Zawgyi/Unicode)

ေက်ာင္းေတြကို ျမန္ႏိုင္သမွ် ျမန္ျမန္ျပန္ဖြင့္ၾကဖို႔ ကုလသမဂၢ အဖြဲ႕အစည္းတခုျဖစ္တဲ့ UNICEF က တိုက္တြန္းလိုက္ပါတယ္။ COVID-19 ကပ္ေဘးအတြင္း ကမာၻတဝန္းမွာ ေက်ာင္းေတြကို ပိတ္ထားခဲ့တာေၾကာင့္ သန္းေပါင္းမ်ားစြာေသာ ေက်ာင္းသားေတြဟာ ေက်ာင္းသြားခြင့္ မရခဲ့ၾကပါဘူး။

တိုင္းျပည္ ၁၇ ခုမွာ ေက်ာင္းေတြကို လုံးဝ ပိတ္ထားၿပီး ၃၉ ႏိုင္ငံမွာေတာ့ တပိုင္းတစ ဖြင့္ထားၾကပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ ဒီႏွစ္ ပညာသင္ႏွစ္အစပိုင္းက ေ​က်ာင္းလက္ခံခ်ိန္မွာ ခဏတာဖြင့္ခဲ့ၿပီး ကိုဗစ္ကပ္ေဘးေၾကာင့္ ျပန္ပိတ္ခဲ့တာ ခုခ်ိန္ထိပါပဲ။ ဖိလစ္ပိုင္၊ ဘဂၤလားေဒ့ရွ္၊ ဗန္နီဇြဲလား၊ ေဆာ္ဒီအာေရဗ်၊ ပနားမားနဲ႔ ကူဝိတ္ ၆ ႏိုင္ငံမွာတင္ ကမာၻတဝန္းက ေက်ာင္းသားေပါင္း ၁၃၁ သန္း ရဲ႕ ထက္ဝက္ေက်ာ္ ရွိေနတာပါ။

ပညာေရး အက်ပ္အတည္းက ရွိေနတုန္းပါပဲလို႔ ယူနီဆက္ဖ္အႀကီးအကဲ Henrietta Fore က ႐ိုက္တာသတင္းဌာနကို ေျပာပါတယ္။ ေက်ာင္းသားေတြဟာ အိမ္မွာ ကပ္ေဘး စိတ္ခ်ရေကာင္း စိတ္ခ်ရေပမဲ့ ကြန္ပ်ဴတာ၊ မိုဘိုင္းဖုန္းနဲ႔ အင္တာနက္ေတြရဖို႔ ခက္ခဲၾကတာေၾကာင့္ ပညာေရးအရည္အေသြးက မညီမမွ် ကြာဟေနၾကပါတယ္၊ ဖိလစ္ပိုင္မွာဆို အင္တာနက္မိဖို႔ ေက်ာင္းေခါင္မိုးေပၚ ကေလးေတြတက္ရတဲ့ အျဖစ္ေတာင္ ရွိတယ္လို႔ ႐ိုက္တာသတင္းဌာနက ဆိုပါတယ္။ ဒါက အျခားေသာႏိုင္ငံေတြမွာ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲ ျဖစ္ပါတယ္၊ ျမန္မာႏိုင္ငံမွာေတာ့ ေက်ာင္းအမ်ားစုမွာ ေက်ာင္းသားေတြဟာ ကြန္ပ်ဴတာ နဲ႔ အင္တာနက္ အသုံးျပဳလို႔ မရၾကေသးပါဘူး။

ခုလို တႏွစ္ေက်ာ္ ေက်ာင္းေတြ ပိတ္ထားတဲ့အတြက္ စီးပြးေရးသေဘာအရ၊ အာရွေဒသဟာ ေဒၚလာ ၁.၂၅ ထရီလီယံ ဒါမွမဟုတ္ ၂၀၂၀ ဂ်ီဒီပီ ရဲ႕ ၅.၄% နစ္နာခဲ့တယ္ လို႔ အာရွဖြံၿဖိဳးတိုးတက္ေရးဘဏ္က ဆိုပါတယ္။ ဒီ အက်ပ္အတည္းကို ကမာၻႀကီးက လ်စ္လ်ဴျပဳဖို႔ ခြင့္မျပဳသင့္ပါဘူး၊ ရပ္႐ြာ အသိုက္အဝန္းတိုင္း၊ ေနရာတိုင္း ေက်ာင္းေတြကို ျမန္ႏိုင္သမွ် အျမန္ဆုံး ဖြင့္ၾကရပါမယ္ လို႔ ယူနီဆက္က ေျပာပါတယ္။

.......................................................................................

တိုက္႐ိုက္ လင့္ခ္


COVID-19 ကြောင့် ပိတ်ထားတဲ့ကျောင်းတွေပြန်ဖွင့်ဖို့ UNICEF တိုက်တွန်း

ကျောင်းတွေကို မြန်နိုင်သမျှ မြန်မြန်ပြန်ဖွင့်ကြဖို့ ကုလသမဂ္ဂ အဖွဲ့အစည်းတခုဖြစ်တဲ့ UNICEF က တိုက်တွန်းလိုက်ပါတယ်။ COVID-19 ကပ်ဘေးအတွင်း ကမ္ဘာတဝန်းမှာ ကျောင်းတွေကို ပိတ်ထားခဲ့တာကြောင့် သန်းပေါင်းများစွာသော ကျောင်းသားတွေဟာ ကျောင်းသွားခွင့် မရခဲ့ကြပါဘူး။

တိုင်းပြည် ၁၇ ခုမှာ ကျောင်းတွေကို လုံးဝ ပိတ်ထားပြီး ၃၉ နိုင်ငံမှာတော့ တပိုင်းတစ ဖွင့်ထားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဒီနှစ် ပညာသင်နှစ်အစပိုင်းက ကျောင်းလက်ခံချိန်မှာ ခဏတာဖွင့်ခဲ့ပြီး ကိုဗစ်ကပ်ဘေးကြောင့် ပြန်ပိတ်ခဲ့တာ ခုချိန်ထိပါပဲ။ ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်၊ ဗန်နီဇွဲလား၊ ဆော်ဒီအာရေဗျ၊ ပနားမားနဲ့ ကူဝိတ် ၆ နိုင်ငံမှာတင် ကမ္ဘာတဝန်းက ကျောင်းသားပေါင်း ၁၃၁ သန်း ရဲ့ ထက်ဝက်ကျော် ရှိနေတာပါ။

ပညာရေး အကျပ်အတည်းက ရှိနေတုန်းပါပဲလို့ ယူနီဆက်ဖ်အကြီးအကဲ Henrietta Fore က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ ကျောင်းသားတွေဟာ အိမ်မှာ ကပ်ဘေး စိတ်ချရကောင်း စိတ်ချရပေမဲ့ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနဲ့ အင်တာနက်တွေရဖို့ ခက်ခဲကြတာကြောင့် ပညာရေးအရည်အသွေးက မညီမမျှ ကွာဟနေကြပါတယ်၊ ဖိလစ်ပိုင်မှာဆို အင်တာနက်မိဖို့ ကျောင်းခေါင်မိုးပေါ် ကလေးတွေတက်ရတဲ့ အဖြစ်တောင် ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဆိုပါတယ်။ ဒါက အခြားသောနိုင်ငံတွေမှာ ကြုံတွေ့နေရတဲ့ အခက်အခဲ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာတော့ ကျောင်းအများစုမှာ ကျောင်းသားတွေဟာ ကွန်ပျူတာ နဲ့ အင်တာနက် အသုံးပြုလို့ မရကြသေးပါဘူး။

ခုလို တနှစ်ကျော် ကျောင်းတွေ ပိတ်ထားတဲ့အတွက် စီးပွးရေးသဘောအရ၊ အာရှဒေသဟာ ဒေါ်လာ ၁.၂၅ ထရီလီယံ ဒါမှမဟုတ် ၂၀၂၀ ဂျီဒီပီ ရဲ့ ၅.၄% နစ်နာခဲ့တယ် လို့ အာရှဖွံဖြိုးတိုးတက်ရေးဘဏ်က ဆိုပါတယ်။ ဒီ အကျပ်အတည်းကို ကမ္ဘာကြီးက လျစ်လျူပြုဖို့ ခွင့်မပြုသင့်ပါဘူး၊ ရပ်ရွာ အသိုက်အဝန်းတိုင်း၊ နေရာတိုင်း ကျောင်းတွေကို မြန်နိုင်သမျှ အမြန်ဆုံး ဖွင့်ကြရပါမယ် လို့ ယူနီဆက်က ပြောပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG