သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဘူးလ်မှာ Safe Zone သတ်မှတ်ဖို့ ပြင်သစ်နဲ့ ဗြိတိန် ကုလကို တောင်းဆိုမည်


ကာဘူးလ်မြို့မြင်ကွင်း။
ကာဘူးလ်မြို့မြင်ကွင်း။

Zawgyi/Unicode

လူသားခြင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နိုင်ရေးအတွက် အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကာဘူးလ်မှာ ဘေးကင်းလုံခြုံတဲ့နေရာတခု သီးခြားသတ်မှတ်ထားရေး ပြင်သစ်နဲ့ ဗြိတိန်တို့က တနင်္လာနေ့မှာ ကုလသမဂ္ဂကို တောင်းဆိုမယ်လို့ ပြင်သစ်သမ္မတ Emmanuel Macron က ပြောပါတယ်။

အဲဒီလို လုပ်လိုက်ခြင်းအားဖြင့် ကုလသမဂ္ဂအတွက် အရေးပေါ်လုပ်ဆောင်နိုင်တဲ့ အခြေခံမူဘောင်ကို ရစေမှာဖြစ်တာကြောင့် အဲဒီလို လုပ်ဆောင်ဖို့ အရေးကြီးကြောင်း သမ္မတ Macron က အပတ်စဉ်ထုတ် Journal du Dimanche ကို ပြောပါတယ်။

ဘေးကင်းလုံခြုံတဲ့နေရာတခု သီးခြားသတ်မှတ်ထားခြင်းအားဖြင့် လက်ရှိ အာဖဂန်မှာ အာဏာရထားတဲ့ တာလီဘန်တွေအပေါ် နိုင်ငံတကာ အသိုင်းဝိုင်းက ဆက်ပြီး ဖိအားပေးထားနိုင်မယ်လို့လည်း ပြင်သစ်သမ္မတက ပြောပါတယ်။

လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံဖြစ်တဲ့ ပြင်သစ်၊ ဗြိတိန်၊ အမေရိကန်၊ ရုရှားနဲ့ တရုတ်နိုင်ငံဟာ မနက်ဖြန် တနင်္လာနေ့မှာ တွေ့ဆုံပြီး အာဖဂန်နိုင်ငံအခြေအနေတွေကို ဆွေးနွေးကြဖို့ရှိပါတယ်။

အာဖဂန်နိုင်ငံကနေ ထွက်ခွာလိုတဲ့ နိုင်ငံခြားသားတွေနဲ့ တခြား စိုးရိမ်ရတဲ့ အာဖဂန်နိုင်ငံသားတွေကို လေကြောင်းက ကယ်ထုတ်ပေးနေတဲ့ အစီအစဉ် အဆုံးသတ်ဖို့ ရက်ပိုင်းအလိုမှာဘဲ ပြင်သစ်သမ္မတက အဲဒီလို ပြောကြားလိုက်တာပါ။

ပြင်သစ်နိုင်ငံက လုပ်ဆောင်ပေးနေတဲ့ ကယ်ဆယ်ရေးအစီအစဉ်တွေကို သောကြာနေ့က ရပ်ဆိုင်းလိုက်ပြီဖြစ်သလို ဗြိတိန်က သံအမတ်ကြီးအပါအဝင် သူ့ဝန်ထမ်းတွေအားလုံး ပြန်ထွက်ခွာလာကြပြီလို့ ဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။

“ကျနော် အခုစကားပြောနေတဲ့အချိန်မှာဘဲ အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ ကျနော်တို့ရဲ့သံအမတ်ကြီး Sir Lorie Bristow ဟာ ကာဘူးလ်မြို့ကထွက်ခွာမယ့် နောက်ဆုံးလေယာဉ်ပေါ်ကို ရောက်သွားပြီ ဖြစ်ပါတယ်။ ကျန်နေသေးတဲ့ စစ်သားတွေ၊ သံတမန်တွေ၊ အစိုးရဝန်ထမ်းတွေအားလုံးဟာလည်း အာဖဂန်ကနေ အကုန်ထွက်ခွာလာကြပါပြီ” - လို့ ဗြိတိသျှဝန်ကြီးချုပ် Boris Johnson က မနေ့ စနေနေ့နှောင်းပိုင်းမှာ ပြောခဲ့တာပါ။

ကယ်ဆယ်ရေးလုပ်ငန်းတွေ အဆုံးသတ်မယ့် သြဂုတ်လ ၃၁ ရက်နေ့မတိုင် အမေရိကန်တပ်ဖွဲ့တွေက ရုံးရင်းဆန်ခတ်ဖြစ်နေတဲ့ ကာဘူးလ် လေဆိပ်မှာရောက်နေသူတွေကို ကယ်ထုတ်ပေးနေပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode]









ဆက်စပ်သတင်းများ ...

XS
SM
MD
LG