အာဖဂန္နစၥတန္ႏိုင္ငံမွာ အစိုးရသစ္တရပ္ကို ေရွ႕သီတင္းပတ္ထဲ ေၾကညာဖို႔ရွိေနၿပီး၊ လြန္ခဲ့တဲ့ သီတင္း ၂ ပတ္က တိုင္းျပည္အာဏာကို ထိန္းခ်ဳပ္လိုက္ၿပီးေနာက္ပိုင္း စီးပြားေရးျပႆနာေတြနဲ႔ ေငြေၾကးတန္ဘိုး က်ဆင္းလာတဲ့ ျပႆနာေတြဟာလည္း မၾကာခင္ ေလ်ာ့ပါးသြားမယ္လို႔ ခန္႔မွန္းထားေၾကာင္း တာလီဘန္အဖဲြ႕က စေနေန႔မွာပဲ ေျပာလိုက္ပါတယ္။
အာဖဂန္နစၥတန္ ႏိုင္ငံကေန အေမရိကန္တပ္ဖဲြ႕ေတြ ဒီလကုန္ ေနာက္ဆုံးထား ႐ုပ္သိမ္းဖို႔ သမၼတ Joe Biden ၫႊန္ၾကားထားတဲ့အတြက္ အေမရိကန္ေတြနဲ႔ ႏိ္ုင္ငံမွာ ဆက္ေနရင္ အႏၲရာယ္ၾကံဳရႏိုင္တဲ့ အာဖဂန္ေတြကို အေရးေပၚ ကယ္ထုတ္ေနတဲ့ အစီအစဥ္ေတြ အဆုံးသတ္ကာနီးမွာပဲ တာလီဘန္အဖဲြ႕က ေျပာလိုက္တာလည္း ျဖစ္ပါတယ္။
ကဘူးၿမိဳ႕ေတာ္ ေလဆိပ္ အျပင္မွာ ၾကာသပေတးေန႔က အေမရိကန္ တပ္ဖဲြ႕၀င္ ၁၃ ေယာက္နဲ႔ အာဖဂန္ ၁၇၀ ထက္မနည္း ေသဆုံးခဲ့တဲ့ အေသခံဗုံးခဲြ တိုက္ခိုက္မႈအတြက္ တာ၀န္ရွိတဲ့ IS အစၥလာမ္ စစ္ေသြးႂကြအဖဲြ႕ကို အေမရိကန္က အေ၀းထိန္း ဒ႐ုန္းနဲ႔ တိုက္ခိုက္တဲ့ လုပ္ရပ္ အေပၚမွာေတာ့ တာလီဘန္ေျပာခြင့္ရက အာဖဂန္နစၥတန္ ပိုင္နက္မွာ တိုက္ခိုက္မႈအျဖစ္ ျပစ္တင္႐ႈတ္ခ်လိုက္ပါတယ္။
တခ်ိန္တည္းမွာပဲ အေမရိကန္နဲ႔ တျခားအေနာက္ႏိုင္ငံေတြ အေနနဲ႔ မၾကာခင္ အဆုံးသတ္မယ္လို႔ ေမွ်ာ္လင့္ထားတဲ့ တပ္႐ုပ္သိမ္းေရး အစီအစဥ္ေတြ ၿပီးဆုံးသြားၿပီး ေနာက္ပိုင္းမွာလည္း သံတမန္အဆက္အဆံေတြ ဆက္လက္ ထားရွိဖို႔လည္း တိုက္တြန္းထားပါတယ္။
တာလီဘန္ေတြ ႏိုင္ငံကို သိမ္းပိုက္လိုက္ၿပီးေနာက္ ကုန္ေစ်းႏႈန္း ႀကီးျမင့္မႈ၊ ေငြတန္ဘိုး က်ဆင္းမႈနဲ႔ ဘဏ္လုပ္ငန္းေတြမွာလည္း ဖ႐ိုဖရဲ အေျခအေနေတြ ၾကံဳေနရတာပါ။
တာလီဘန္ ေျပာခြင့္ရကေတာ့ ပညာေရး၊ က်န္းမာေရးနဲ႔ ဗဟိုဘဏ္ အပါအ၀င္ အေရးႀကီးတဲ့ ေနရာေတြအတြက္ တာ၀န္ေပးထားၿပီး ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။
....................................................
အာဖဂန်နစ္စတန်နိုင်ငံမှာ အစိုးရသစ်တရပ်ကို ရှေ့သီတင်းပတ်ထဲ ကြေညာဖို့ရှိနေပြီး၊ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က တိုင်းပြည်အာဏာကို ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း စီးပွားရေးပြဿနာတွေနဲ့ ငွေကြေးတန်ဘိုး ကျဆင်းလာတဲ့ ပြဿနာတွေဟာလည်း မကြာခင် လျော့ပါးသွားမယ်လို့ ခန့်မှန်းထားကြောင်း တာလီဘန်အဖွဲ့က စနေနေ့မှာပဲ ပြောလိုက်ပါတယ်။
အာဖဂန်နစ္စတန် နိုင်ငံကနေ အမေရိကန်တပ်ဖွဲ့တွေ ဒီလကုန် နောက်ဆုံးထား ရုပ်သိမ်းဖို့ သမ္မတ Joe Biden ညွှန်ကြားထားတဲ့အတွက် အမေရိကန်တွေနဲ့ နိုင်ငံမှာ ဆက်နေရင် အန္တရာယ်ကြုံရနိုင်တဲ့ အာဖဂန်တွေကို အရေးပေါ် ကယ်ထုတ်နေတဲ့ အစီအစဉ်တွေ အဆုံးသတ်ကာနီးမှာပဲ တာလီဘန်အဖွဲ့က ပြောလိုက်တာလည်း ဖြစ်ပါတယ်။
ကဘူးမြို့တော် လေဆိပ် အပြင်မှာ ကြာသပတေးနေ့က အမေရိကန် တပ်ဖွဲ့ဝင် ၁၃ ယောက်နဲ့ အာဖဂန် ၁၇၀ ထက်မနည်း သေဆုံးခဲ့တဲ့ အသေခံဗုံးခွဲ တိုက်ခိုက်မှုအတွက် တာဝန်ရှိတဲ့ IS အစ္စလာမ် စစ်သွေးကြွအဖွဲ့ကို အမေရိကန်က အဝေးထိန်း ဒရုန်းနဲ့ တိုက်ခိုက်တဲ့ လုပ်ရပ် အပေါ်မှာတော့ တာလီဘန်ပြောခွင့်ရက အာဖဂန်နစ္စတန် ပိုင်နက်မှာ တိုက်ခိုက်မှုအဖြစ် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နဲ့ တခြားအနောက်နိုင်ငံတွေ အနေနဲ့ မကြာခင် အဆုံးသတ်မယ်လို့ မျှော်လင့်ထားတဲ့ တပ်ရုပ်သိမ်းရေး အစီအစဉ်တွေ ပြီးဆုံးသွားပြီး နောက်ပိုင်းမှာလည်း သံတမန်အဆက်အဆံတွေ ဆက်လက် ထားရှိဖို့လည်း တိုက်တွန်းထားပါတယ်။
တာလီဘန်တွေ နိုင်ငံကို သိမ်းပိုက်လိုက်ပြီးနောက် ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ငွေတန်ဘိုး ကျဆင်းမှုနဲ့ ဘဏ်လုပ်ငန်းတွေမှာလည်း ဖရိုဖရဲ အခြေအနေတွေ ကြုံနေရတာပါ။
တာလီဘန် ပြောခွင့်ရကတော့ ပညာရေး၊ ကျန်းမာရေးနဲ့ ဗဟိုဘဏ် အပါအဝင် အရေးကြီးတဲ့ နေရာတွေအတွက် တာဝန်ပေးထားပြီး ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။