{{Zawgyi/Unicode}}
အာဖဂနစၥတန္ႏိုင္ငံမွာ တာလီဘန္အုပ္ခ်ဳပ္မႈကို ကန္႔ကြက္ဆႏၵျပမႈေတြ၊ အမ်ဳိးသမီးေတြအေပၚ ကန္႔သတ္ခ်က္ေတြနဲ႔ အရပ္သားေတြကို ဥပေဒမဲ့ ကြပ္မ်က္မႈေတြ အပါအ၀င္ ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြ က်ဳးလြန္ေနေၾကာင္း ခိုင္လုံတဲ့သတင္းေတြ ရရွိထားေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ မဟာမင္းႀကီး Michelle Bachelet က ေျပာလိုက္ပါတယ္။
တာလီဘန္ေတြရဲ႕ လုပ္ရပ္ေတြကို အနီးကပ္ ေစာင့္ၾကည့္ႏိုင္မယ့္ စနစ္တခုကို စီစဥ္ဖို႔လည္း ပါကစၥတန္နဲ႔ အစၥလာမ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရး ေကာင္စီတို႔ရဲ႕ အဆိုျပဳခ်က္အရ ဆြစ္ဇာလန္ႏိုင္ငံ ဂ်နီဗာၿမိဳ႕က ႐ုံးခ်ဳပ္မွာ အဂၤါေန႔က က်င္းပတဲ့ လူ႔အခြင့္အေရးေကာင္စီ အေရးေပၚ အစည္းအေ၀းမွာ မဟာမင္းႀကီးက တိုက္တြန္းခဲ့တာပါ။
အမ်ဳိးသမီးေတြနဲ႔ မိန္းကေလးေတြအေပၚ ျပဳမူဆက္ဆံတာေတြကို တာလီဘန္ေတြအတြက္ အေျခခံစည္းမ်ဥ္းတခုအျဖစ္ ထည့္သြင္းသတ္မွတ္ဖို႔လည္း ေျပာဆိုခဲ့ပါတယ္။
ဖယ္ရွားခံလိုက္ရတဲ့ အာဖဂန္အစိုးရရဲ႕ အႀကီးတန္း သံတမန္တေယာက္ကေတာ့ တာလီဘန္ေတြ တအိမ္တက္ဆင္း လိုက္လံရွာေဖြေနတယ္ဆိုတဲ့ သတင္းေတြနဲ႔အတူ သန္းနဲ႔ခ်ီတဲ့ အာဖဂန္ျပည္သူေတြ အထိတ္တလန္႔နဲ႔ ေနထိုင္ေနရတဲ့ ဘ၀ကို ေထာက္ျပၿပီး တာလီဘန္ေတြရဲ႕ လုပ္ရပ္အတြက္ တာ၀န္ယူမႈရွိေအာင္ ေဆာင္ရြက္ဖို႔လည္း တိုက္တြန္းခဲ့တာပါ။
ကုလသမဂၢဆိုင္ရာ အာဖဂန္သံအမတ္ႀကီး Nasir Ahmad Andisha ကေတာ့ အာဖဂန္နစၥတန္ႏိုင္ငံမွာ အမ်ဳိးသမီး နဲ႔ လူမ်ဳိးစု လူနည္းစု ကိုယ္စားလွယ္ေတြ ပါဝင္တဲ့ အစိုးရဖြဲ႔စည္းႏိုင္ေအာင္ ေဆာင္ရြက္ေပးဖို႔လည္း ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ အေရးေပၚ အစည္းအေ၀းမွာ ေျပာဆိုသြားပါတယ္။
...............................................
{{Unicode}}
အာဖဂနစ္စတန်နိုင်ငံမှာ တာလီဘန်အုပ်ချုပ်မှုကို ကန့်ကွက်ဆန္ဒပြမှုတွေ၊ အမျိုးသမီးတွေအပေါ် ကန့်သတ်ချက်တွေနဲ့ အရပ်သားတွေကို ဥပဒေမဲ့ ကွပ်မျက်မှုတွေ အပါအဝင် ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေကြောင်း ခိုင်လုံတဲ့သတင်းတွေ ရရှိထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ပြောလိုက်ပါတယ်။
တာလီဘန်တွေရဲ့ လုပ်ရပ်တွေကို အနီးကပ် စောင့်ကြည့်နိုင်မယ့် စနစ်တခုကို စီစဉ်ဖို့လည်း ပါကစ္စတန်နဲ့ အစ္စလာမ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ကောင်စီတို့ရဲ့ အဆိုပြုချက်အရ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ရုံးချုပ်မှာ အင်္ဂါနေ့က ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ မဟာမင်းကြီးက တိုက်တွန်းခဲ့တာပါ။
အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် ပြုမူဆက်ဆံတာတွေကို တာလီဘန်တွေအတွက် အခြေခံစည်းမျဉ်းတခုအဖြစ် ထည့်သွင်းသတ်မှတ်ဖို့လည်း ပြောဆိုခဲ့ပါတယ်။
ဖယ်ရှားခံလိုက်ရတဲ့ အာဖဂန်အစိုးရရဲ့ အကြီးတန်း သံတမန်တယောက်ကတော့ တာလီဘန်တွေ တအိမ်တက်ဆင်း လိုက်လံရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ သန်းနဲ့ချီတဲ့ အာဖဂန်ပြည်သူတွေ အထိတ်တလန့်နဲ့ နေထိုင်နေရတဲ့ ဘဝကို ထောက်ပြပြီး တာလီဘန်တွေရဲ့ လုပ်ရပ်အတွက် တာဝန်ယူမှုရှိအောင် ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။
ကုလသမဂ္ဂဆိုင်ရာ အာဖဂန်သံအမတ်ကြီး Nasir Ahmad Andisha ကတော့ အာဖဂန်နစ္စတန်နိုင်ငံမှာ အမျိုးသမီး နဲ့ လူမျိုးစု လူနည်းစု ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အစိုးရဖွဲ့စည်းနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အရေးပေါ် အစည်းအဝေးမှာ ပြောဆိုသွားပါတယ်။