သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ နိုင်ငံရေးဆွေးနွေးမှုစနိုင်ရေး အာဆီယံကို ကုလမဟာမင်းကြီးတိုက်တွန်း


ကုလ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet (ဓာတ်ပုံ - Reuters)
ကုလ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet (ဓာတ်ပုံ - Reuters)

(Zawgyi/Unicode)

အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အားပေးထောက်ခံမှုနဲ့အတူ မြန်မာ အာဏာသိမ်း စစ်ကောင်စီနဲ့သာမက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေနဲ့ပါ နိုင်ငံရေးဆွေးနွေးမှုတွေ စလုပ်ဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအဖွဲ့မှာ အချက်ငါးချက်ပါ သဘောတူညီချက်ကို ဧပြီလက ရထားခဲ့ပေမယ့်လည်း "မြန်မာ စစ်ဘက်ခေါင်းဆောင်တွေအနေနဲ့ အဲဒီအတိုင်း လိုက်နာလုပ်ဆောင်နေတာမျိုး မရှိပါဘူး" လို့ ဂျီနီဗာမြို့၊ လူ့အခွင့်အရေးကောင်စီမှာ ကျင်းပနေတဲ့ မြန်မာ့အရေး ဆွေးနွေးပွဲအတွင်း လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က ပြောသွားပါတယ်။

"နိုင်ငံရေးဆွေးနွေးမှုတမျိုးမျိုး စဖြစ်လာဖို့အတွက် အာဆီယံအနေနဲ့ အထူးသံတမန်တဦး ဒါမှမဟုတ် အဖွဲ့တဖွဲ့ကို ခန့်ထားဖို့ အရေးတကြီး လိုအပ်နေပါပြီ။ အာဆီယံအနေနဲ့ စစ်ဘက်နဲ့သာမဟုတ်ဘဲ ဒီမိုကရေစီ ခေါင်းဆောင်ပိုင်းနဲ့ရော အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ပါ ထိစပ်ပြောဆိုဖို့ ကျမတိုက်တွန်းပါတယ်" လို့ မဟာမင်းကြီး Bachellet က ပြောသွားပါတယ်။

.................................................................................

တိုက်ရိုက် လင့်ခ်



(Unicode)




XS
SM
MD
LG