သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေငုပ်သင်္ဘောရောင်းချမှုပြဿနာ ပြေလည်ရေး ကန်-သမ္မတ ၂ ဦးတွေ့ဆုံဆွေးနွေးမည်


အမေရိကန်သမတ Joe Biden နှင့် ပြင်သစ်သမတ Emmanuel Macron
အမေရိကန်သမတ Joe Biden နှင့် ပြင်သစ်သမတ Emmanuel Macron

[Zawgyi/Unicode]

အမေရိကန်သမတ Joe Biden နဲ့ ပြင်သစ်သမတ Emmanuel Macron တို့ ဗုဒ္ဓဟူးနေ့က တယ်လီဖုန်းနဲ့ ဆက်သွယ်စကားပြောပြီးနောက် ရှေ့လာမယ့်လအတွင်း သမတနှစ်ဦး ဥရောပမှာ လူခြင်းတွေ့ဆွေးနွေးဖို့ရှိကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေငြာပါတယ်။ သမတနှစ်ဦးဟာ သြစတျေးလျားနိုင်ငံကိုရေငုတ်သင်္ဘောရောင်းချမှုကိစ္စကြောင့်တင်းမာနေတာတွေလျော့ပါးသွားဖို့ဆွေးနွေးခဲ့ကြပါတယ်။

မဟာဗျူဟာမြောက်အကျိုးစီးပွားဆိုင်ရာကိစ္စရပ်တွေအတွက် မဟာမိတ်တွေအကြား ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးခြင်းအားဖြင့် အကျိုးရှိနိုင်ကြောင်း နှစ်နိုင်ငံသမတ တွေသဘောတူခဲ့ကြတယ်လို့ အိမ်ဖြူတော်ရဲ့ကြေငြာချက်မှာဖေါ်ပြပါတယ်။

သြတျေးလျားကို ၆၆ ဘီလီယံဒေါ်လာတန်းဘိုးရှိတဲ့ရေငုတ်သင်္ဘောရောင်းချမှုနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သမတနှစ်ဦးဖုန်းနဲ့ဆက်သွယ်စကားပြောခဲ့ကြတာပါ။

ခိုင်မာတဲ့ယုံကြည်မှုတွေ နဲ့ နှစ်ဘက်ဘုံရည်မှန်းချက်တွေကို ရရှိဖို့အတွက် လေးလေးနက်နက် အကြံပြုဆွေးနွေးမှုတွေကိုလုပ်သွားဖို့ နှစ်ဖက်ခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ပြင်သစ်သမတ Macron အနေနဲ့သူ့ရဲ့ အမေရိကန်ဆိုင်ရာသံအမတ်ကြီးကိုလာမယ့်အပတ်အတွင်း ဝါရှင်တန်ကို ပြန်လည်စေလွှတ်တော်မှာဖြစ်ပြီး သံအမတ်ကြီးအနေနဲ့ အမေရိကန်ထိပ်တန်းအရာရှိတွေနဲ့ ပူးတွဲလုပ်ဆောင်စရာတွေရှိနေတယ်လို့ သမတအိမ်ဖြူတော်ပြောဆိုထားပါတယ်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Le Drian ကတော့ သြစတျေးလျားကို ရေငုတ်သင်္ဘောရောင်းတဲ့ကိစ္စနဲ့သက်ပြီး လိမ်လည်မှုတခုဖြစ်တယ်လို့ပြောဆိုခဲ့သလို ဒီကိစ္စဟာ ဒီထက်မကလေးနက်မှုရှိတယ်လို့ယူဆပါတယ်၊ အမေရိကန်ဟာ ဒီကိစ္စနဲ့ပတ်သက်လို့ ပြင်သစ်ရဲ့နောက်ကွယ်မှာ လပေါင်းများစွာကွယ်ဝှက်ထားခဲ့တယ်လို့ ဒီရက်သတ္တပတ်အတွင်း စတင်ပြုလုပ်တဲ့ ကုလသမဂ္ဂ ညီလာခံလာရောက်စဉ် သတင်းထောက်တွေကို ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးကပြောဆိုခဲ့ပါတယ်။

အင်ဒိုပစ္စဖိတ်ဒေသတွင်း တရုတ်ရဲ့ ရန်ကိုကာကွယ်ဖို့ သြစတြေးလျားကိုရေငုတ်သင်္ဘောတွေရောင်းချပေးသလို၊ ဥရောပတိုက်ကမဟာမိတ်တွေမပါဘဲ သြစတြေးလျား၊ အမေရိကန်၊ ဗြိတိန် ၃ နိုင်ငံမဟာမိတ်ပြုခဲ့ကြပါတယ်။

သမတ Biden ကတော့ အင်ဒိုပစ္စဖိတ်ဒေသအတွက် ပြင်သစ်နဲ့ ဥရောပဟာ အရေးပါတဲ့မဟာမိတ်တွေဖြစ်ကြောင်း ထပ်မံအတည်ပြုပြောကြားခဲ့ပါတယ်။

####









XS
SM
MD
LG