သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရငုပ္သေဘၤာကိစၥ တင္းမာေနခ်ိန္ ကန္နဲ႔ ျပင္သစ္ ေခါင္းေဆာင္ခ်င္း ေဆြးေႏြးမည္


G7 ထိပ္သီးေဆြးေႏြးပြဲမွာ ေတြ႔ဆုံခဲ့ၾကတဲ့ အေမရိကန္သမၼတ Joe Biden (ဝဲ) နဲ႔ ျပင္သစ္သမၼတ Emmanuel Macron. (ဇြန္ ၁၃၊ ၂၀၂၁)

(Zawgyi / Unicode)

ၾသစေၾတးလ်က ေရငုပ္သေဘၤာဆိုင္ရာ ျပင္သစ္နဲ႔ ခ်ဳပ္ဆိုထားတဲ့ သေဘာတူစာခ်ဳပ္ကို ပယ္ဖ်က္ၿပီး အေမရိကန္၊ ၿဗိတိန္တို႔နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္တဲ့အေပၚ ျပင္သစ္နဲ႔ အေမရိကန္တို႔ၾကား သံတမန္ေရး တင္းမာမႈေတြ ျဖစ္ပြါးေနခ်ိန္မွာပဲ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္နဲ႔ ျပင္သစ္သမၼတ Emmanuel Macron တို႔ဟာ လာမယ့္ရက္အနည္းငယ္ အတြင္းမွာပဲ ေဆြးေႏြးမႈေတြ လုပ္ဖို႔ရွိတယ္လို႔ ျပင္သစ္အစိုးရ ေျပာခြင့္ရ Gabriel Attal က ျပင္သစ္အေျခစိုက္ BFM ႐ုပ္သံဌာနကို ေျပာပါတယ္။

"သမၼတ ဂ်ိဳးဘိုင္ဒန္က ျပင္သစ္သမၼတနဲ႔ စကားေျပာၾကားဖို႔ ပန္ၾကားခဲ့တာျဖစ္ၿပီး လာမယ့္ ရက္အနည္းငယ္အတြင္း သမၼတ Macron နဲ႔ သမၼတ ဘိုင္ဒန္တို႔ တယ္လီဖုန္းနဲ႔ ေဆြးေႏြးဖို႔ရွိေၾကာင္းနဲ႔ အခုျပႆနာဟာ စီးပြါးေရးထက္ မဟာဗ်ဴဟာေရး ျဖစ္ေနတာေၾကာင့္ ၂ ႏိုင္ငံ ေရွ႕ဆက္လုပ္ရမွာေတြ ရွိေနတဲ့အတြက္ အခုလို ေဆြးေႏြးမွာျဖစ္ေၾကာင္း ေျပာပါတယ္။”

ဒါ့အျပင္ အင္ဒို-ပစိဖိတ္ေဒသအေရးဟာ ၂ ႏိုင္ငံစလံုးရဲ႕ အနာဂတ္အတြက္ အေရးပါသလို တ႐ုတ္နဲ႔ ဆက္ဆံေရးပါ ပါေနတဲ့အတြက္ ဒီေဒသတြင္း ခ်ိန္ခြင္လွ်ာ ထိန္းညႇိဖို႔ လိုအပ္ေနေၾကာင္းလည္း ေျပာပါတယ္။

ျပင္သစ္နဲ႔ ၂၀၁၆ ခုႏွစ္က သေဘာတူညီခ်က္ရခဲ့တဲ့ လွ်ပ္စစ္ ဒီဇယ္သံုး ေရငုပ္သေဘၤာ တည္ေဆာက္ေရးဆိုင္ရာ ေဒၚလာ ၆၆ ဘီလီယံတန္ စာခ်ဳပ္ကို ၾသစေၾတးလ်က ဖ်က္သိမ္းလိုက္တဲ့အေပၚ ျပင္သစ္က အံ့ၾသတုန္လႈပ္ရေၾကာင္း ေျပာပါတယ္။ ဒါေပမယ့္ ၾသစေၾတးလ်ကေတာ့ ဒီသေဘာတူညီခ်က္နဲ႔ ပတ္သက္ၿပီး စိုးရိမ္ေၾကာင္း ေျပာၾကားခဲ့တာ ၄ လရွိေနၿပီျဖစ္ေၾကာင္း ေျပာပါတယ္။

ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison ကလည္း ျပင္သစ္ကေနမွာ ယူခဲ့တဲ့ သမား႐ိုးက် ေရငုပ္သေဘၤာဟာ မဟာဗ်ဴဟာက် လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္ေျခ မရွိမွာကို စိုးရိမ္ေၾကာင္း တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ၾသစေၾတးလ်အတြက္ ႏ်ဴကလီးယားစြမ္းအင္သံုး ေရငုပ္သေဘၤာ တည္ေဆာက္ေပးဖု႔ိ အေမရိကန္၊ ၿဗိတိန္တို႔နဲ႔ သေဘာတူညီမႈ ရယူခဲ့တာအတြက္ ျပင္သစ္က ေဒါသထြက္ၿပီး သူ႔သံအမတ္ေတြကို အေမရိကန္နဲ႔ ၿဗိတိန္ကေန ျပန္လည္ေခၚယူခဲ့တာပါ။ ဒီသေဘာတူညီခ်က္အတြက္ ျပင္သစ္သာမက ေဒသတြင္း အင္အားႀကီး တ႐ုတ္ဘက္ကလည္း အမ်က္ေဒါသ ထြက္ခဲ့တာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ရေငုပ်သင်္ဘောကိစ္စ တင်းမာနေချိန် ကန်နဲ့ ပြင်သစ် ခေါင်းဆောင်ချင်း ဆွေးနွေးမည်

သြစတြေးလျက ရေငုပ်သင်္ဘောဆိုင်ရာ ပြင်သစ်နဲ့ ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်ကို ပယ်ဖျက်ပြီး အမေရိကန်၊ ဗြိတိန်တို့နဲ့ စာချုပ်ချုပ်ဆိုလိုက်တဲ့အပေါ် ပြင်သစ်နဲ့ အမေရိကန်တို့ကြား သံတမန်ရေး တင်းမာမှုတွေ ဖြစ်ပွါးနေချိန်မှာပဲ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ပြင်သစ်သမ္မတ Emmanuel Macron တို့ဟာ လာမယ့်ရက်အနည်းငယ် အတွင်းမှာပဲ ဆွေးနွေးမှုတွေ လုပ်ဖို့ရှိတယ်လို့ ပြင်သစ်အစိုးရ ပြောခွင့်ရ Gabriel Attal က ပြင်သစ်အခြေစိုက် BFM ရုပ်သံဌာနကို ပြောပါတယ်။

"သမ္မတ ဂျိုးဘိုင်ဒန်က ပြင်သစ်သမ္မတနဲ့ စကားပြောကြားဖို့ ပန်ကြားခဲ့တာဖြစ်ပြီး လာမယ့် ရက်အနည်းငယ်အတွင်း သမ္မတ Macron နဲ့ သမ္မတ ဘိုင်ဒန်တို့ တယ်လီဖုန်းနဲ့ ဆွေးနွေးဖို့ရှိကြောင်းနဲ့ အခုပြဿနာဟာ စီးပွါးရေးထက် မဟာဗျူဟာရေး ဖြစ်နေတာကြောင့် ၂ နိုင်ငံ ရှေ့ဆက်လုပ်ရမှာတွေ ရှိနေတဲ့အတွက် အခုလို ဆွေးနွေးမှာဖြစ်ကြောင်း ပြောပါတယ်။”

ဒါ့အပြင် အင်ဒို-ပစိဖိတ်ဒေသအရေးဟာ ၂ နိုင်ငံစလုံးရဲ့ အနာဂတ်အတွက် အရေးပါသလို တရုတ်နဲ့ ဆက်ဆံရေးပါ ပါနေတဲ့အတွက် ဒီဒေသတွင်း ချိန်ခွင်လျှာ ထိန်းညှိဖို့ လိုအပ်နေကြောင်းလည်း ပြောပါတယ်။

ပြင်သစ်နဲ့ ၂၀၁၆ ခုနှစ်က သဘောတူညီချက်ရခဲ့တဲ့ လျှပ်စစ် ဒီဇယ်သုံး ရေငုပ်သင်္ဘော တည်ဆောက်ရေးဆိုင်ရာ ဒေါ်လာ ၆၆ ဘီလီယံတန် စာချုပ်ကို သြစတြေးလျက ဖျက်သိမ်းလိုက်တဲ့အပေါ် ပြင်သစ်က အံ့သြတုန်လှုပ်ရကြောင်း ပြောပါတယ်။ ဒါပေမယ့် သြစတြေးလျကတော့ ဒီသဘောတူညီချက်နဲ့ ပတ်သက်ပြီး စိုးရိမ်ကြောင်း ပြောကြားခဲ့တာ ၄ လရှိနေပြီဖြစ်ကြောင်း ပြောပါတယ်။

သြစတြေးလျဝန်ကြီးချုပ် Scott Morrison ကလည်း ပြင်သစ်ကနေမှာ ယူခဲ့တဲ့ သမားရိုးကျ ရေငုပ်သင်္ဘောဟာ မဟာဗျူဟာကျ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြေ မရှိမှာကို စိုးရိမ်ကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

သြစတြေးလျအတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော တည်ဆောက်ပေးဖု့ိ အမေရိကန်၊ ဗြိတိန်တို့နဲ့ သဘောတူညီမှု ရယူခဲ့တာအတွက် ပြင်သစ်က ဒေါသထွက်ပြီး သူ့သံအမတ်တွေကို အမေရိကန်နဲ့ ဗြိတိန်ကနေ ပြန်လည်ခေါ်ယူခဲ့တာပါ။ ဒီသဘောတူညီချက်အတွက် ပြင်သစ်သာမက ဒေသတွင်း အင်အားကြီး တရုတ်ဘက်ကလည်း အမျက်ဒေါသ ထွက်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG