သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပင္သစ္ေရငုပ္သေဘၤာ ဝယ္ယူဖို႔ ၾသစေၾတးလ် စုိးရိမ္မႈရွိခဲ့


ၾသစေၾတးလ် ဝန္ႀကီးခ်ဳပ္ Scott Morrison. (ဇြန္ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ျပင္သစ္ရဲ႕ ေရငုပ္သေဘၤာေတြဟာ ၾသစေၾတးလ်ရဲ႕ မဟာဗ်ဴဟာေျမာက္ အက်ိဳးစီးပြားအတြက္ မျပည့္မီမွာကို ၾသစေၾတးလ်အေနနဲ႔ အထူးစိုးရိမ္ခဲ့တယ္လို႔ ၾသစေၾတးလ်ဝန္ႀကီးခ်ဳပ္ Scott Morrison က တနဂၤေႏြေန႔မွာ ေျပာဆိုလိုက္ပါတယ္။

ဒီလိုစိုးရိမ္ခဲ့တာကိုလည္း ျပင္သစ္အစိုးရအေနနဲ႔ သိခဲ့လိမ့္မယ္လို႔လည္း ဝန္ႀကီးခ်ဳပ္ Morrison က ေျပာဆိုပါတယ္။

ၾသစေၾတးလ်ႏိုင္ငံရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားကို အဓိကထားၿပီး ဆုံးျဖတ္ခဲ့တာ ျဖစ္ေၾကာင္းနဲ႔ ျပင္သစ္အစိုးရအေနနဲ႔ စိတ္ဆိုး ေဒါသထြက္တာကိုလည္း နားလည္ပါေၾကာင္း ေျပာဆိုပါတယ္။

သူ႔အေနနဲ႔ ေထာက္လွမ္းေရးဌာနနဲ႔ ကာကြယ္ေရးဌာနေတြရဲ႕ အႀကံေပးခ်က္ေတြကို လ်စ္လ်ဴ႐ႈၿပီး ဆုံးျဖတ္လို႔မရေၾကာင္း၊ ဒါ့အျပင္ ၾသစေၾတးလ်ရဲ႕ အမ်ိဳးသားအက်ိဳးစီးပြားကို ပထမဦးစားေပးထားၿပီး ဆုံးျဖတ္ခဲ့တဲ့အေပၚ သူ႔အေနနဲ႔ ေနာင္တမရေၾကာင္းကိုလည္း ေျပာဆိုခဲ့ပါတယ္။

ၾသစေၾတးလ်ဟာ ျပင္သစ္ကေန ေရငုပ္သေဘၤာေတြ ဝယ္ယူဖို႔ စာခ်ဳပ္ထားခဲ့ေပမယ့္ ျပင္သစ္ေရငုပ္သေဘၤာေတြဟာ သူတို႔ရည္မွန္းထားတဲ့ အရည္အေသြးကို မျပည့္မီႏိုင္တဲ့အတြက္ဆိုကာ စာခ်ဳပ္ကို ဖ်က္သိမ္းခဲ့ၿပီး အေမရိကန္နဲ႔ ၿဗိတိန္ဆီက ဝယ္ယူဖို႔ ေျပာင္းလဲဆုံးျဖတ္ခဲ့ပါတယ္။ ျပင္သစ္နဲ႔ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္မွာ ေဒၚလာ ဘီလီယံ ၉၀ ေလာက္ တန္ဖုိးရွိပါတယ္။

စာခ်ဳပ္ဖ်က္သိမ္းခဲ့တဲ့အေပၚ စိတ္ဆိုးေဒါသျဖစ္တဲ့အတြက္ ၾသစေၾတးလ်နဲ႔ အေမရိကန္ျပည္ေထာင္စုတို႔က သူ႔ရဲ႕ သံအရာရွိေတြကို ျပင္သစ္အစိုးရက ျပန္လည္႐ုပ္သိမ္းခဲ့ပါတယ္။ ဒါ့အျပင္ ျပင္သစ္အေပၚ လိမ္လည္ခဲ့တယ္လို႔လည္း စြပ္စဲြေျပာဆိုပါတယ္။

ၾသစေၾတးလ် ကာကြယ္ေရးဝန္ႀကီးကေတာ့ ၾသစေၾတးလ်အေနနဲ႔ ပြင့္ပြင့္လင္းလင္း ႐ိုး႐ိုးသားသား ဆုံးျဖတ္လုပ္ေဆာင္ခဲ့တယ္လို႔ ေျပာဆိုပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------

(Unicode)

ပြင်သစ်ရေငုပ်သင်္ဘော ဝယ်ယူဖို့ သြစတြေးလျ စိုးရိမ်မှုရှိခဲ့

ပြင်သစ်ရဲ့ ရေငုပ်သင်္ဘောတွေဟာ သြစတြေးလျရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားအတွက် မပြည့်မီမှာကို သြစတြေးလျအနေနဲ့ အထူးစိုးရိမ်ခဲ့တယ်လို့ သြစတြေးလျဝန်ကြီးချုပ် Scott Morison က တနင်္ဂနွေနေ့မှာ ပြောဆိုလိုက်ပါတယ်။

ဒီလိုစိုးရိမ်ခဲ့တာကိုလည်း ပြင်သစ်အစိုးရအနေနဲ့ သိခဲ့လိမ့်မယ်လို့လည်း ဝန်ကြီးချုပ် Morison က ပြောဆိုပါတယ်။

သြစတြေးလျနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို အဓိကထားပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ကြောင်းနဲ့ ပြင်သစ်အစိုးရအနေနဲ့ စိတ်ဆိုး ဒေါသထွက်တာကိုလည်း နားလည်ပါကြောင်း ပြောဆိုပါတယ်။

သူ့အနေနဲ့ ထောက်လှမ်းရေးဌာနနဲ့ ကာကွယ်ရေးဌာနတွေရဲ့ အကြံပေးချက်တွေကို လျစ်လျူရှုပြီး ဆုံးဖြတ်လို့မရကြောင်း၊ ဒါ့အပြင် သြစတြေးလျရဲ့ အမျိုးသားအကျိုးစီးပွားကို ပထမဦးစားပေးထားပြီး ဆုံးဖြတ်ခဲ့တဲ့အပေါ် သူ့အနေနဲ့ နောင်တမရကြောင်းကိုလည်း ပြောဆိုခဲ့ပါတယ်။

သြစတြေးလျဟာ ပြင်သစ်ကနေ ရေငုပ်သင်္ဘောတွေ ဝယ်ယူဖို့ စာချုပ်ထားခဲ့ပေမယ့် ပြင်သစ်ရေငုပ်သင်္ဘောတွေဟာ သူတို့ရည်မှန်းထားတဲ့ အရည်အသွေးကို မပြည့်မီနိုင်တဲ့အတွက်ဆိုကာ စာချုပ်ကို ဖျက်သိမ်းခဲ့ပြီး အမေရိကန်နဲ့ ဗြိတိန်ဆီက ဝယ်ယူဖို့ ပြောင်းလဲဆုံးဖြတ်ခဲ့ပါတယ်။ ပြင်သစ်နဲ့ ချုပ်ဆိုခဲ့တဲ့ စာချုပ်မှာ ဒေါ်လာ ဘီလီယံ ၉၀ လောက် တန်ဖိုးရှိပါတယ်။

စာချုပ်ဖျက်သိမ်းခဲ့တဲ့အပေါ် စိတ်ဆိုးဒေါသဖြစ်တဲ့အတွက် သြစတြေးလျနဲ့ အမေရိကန်ပြည်ထောင်စုတို့က သူ့ရဲ့ သံအရာရှိတွေကို ပြင်သစ်အစိုးရက ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဒါ့အပြင် ပြင်သစ်အပေါ် လိမ်လည်ခဲ့တယ်လို့လည်း စွပ်စွဲပြောဆိုပါတယ်။

သြစတြေးလျ ကာကွယ်ရေးဝန်ကြီးကတော့ သြစတြေးလျအနေနဲ့ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ဆုံးဖြတ်လုပ်ဆောင်ခဲ့တယ်လို့ ပြောဆိုပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG