သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်၊ တရုတ် ထိပ်သီးအစည်းအဝေးပွဲ အလားအလာ


အမေရိကန်သမ္မတ Joe Biden (ဝဲ) နဲ့ တရုတ်သမ္မတ Xi Jinping.
အမေရိကန်သမ္မတ Joe Biden (ဝဲ) နဲ့ တရုတ်သမ္မတ Xi Jinping.

(Zawgyi / Unicode)

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ အွန်လိုင်းကနေ ပြုလုပ်မယ့် ထိပ်သီးဆွေးနွေးပွဲ အပေါ်မှာ အမေရိကန် သမ္မတအိမ်ဖြူတော်ဘက်က မျှော်လင့်ချက် သိပ်မထားပါဘူး။ ပြိုင်ဘက် နှစ်နိုင်ငံကြား ယှဉ်ပြိုင်မှုဆိုင်ရာ သတ်မှတ်ချက်တွေကို ကိုင်တွယ်ရေး အဓိက ဆွေးနွေးကြမှာ ဖြစ်ပေမယ့်လည်း ကွဲပြားမှုတွေအတွက် အဖြေတခု ထွက်လာမယ့် အနေအထား မရှိဘူးလို့လည်း အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောပါတယ်။ အိမ်ဖြူတော်ဆိုင်ရာ ဗွီအိုအေ သတင်းတာဝန်ခံ Patsy Widakuswara ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် ပြောပြပါမယ်။

အမေရိကန်သမ္မတ Joe Biden နဲ့ တရုတ်သမ္မတ Xi Jinping တို့ ပြီးခဲ့တဲ့ စက်တင်ဘာလက တယ်လီဖုန်း ဆက်သွယ်ပြောဆိုခဲ့ပြီးနောက် အခု နောက်ဆက်တွဲ ထိပ်သီးဆွေးနွေးမှုကို တနင်္လာနေ့မှာ ကျင်းပပါမယ်။ အိမ်ဖြူတော်ဘက်ကတော့ ရလဒ်အပေါ် သိပ်ပြီး မျှော်လင့်မထားပါဘူး။ အိမ်ဖြူတော်ပြောခွင့်ရ Jen Psaki က အခုလို ပြောပါတယ်။

“ဆွေးနွေးပွဲမှာ ပါဝင်တဲ့ အချက်တခုကတော့ ခေါင်းဆောင်ချင်း ထိတွေ့ဆက်ဆံမှုရဲ့ အရေးပါမှု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရလဒ်တွေ ထွက်ပေါ်လာရေးအတွက် ကြိုးစားမှုထက် ကျမတို့ ရှုမြင်ထားတဲ့ ထိရောက်တဲ့ ယှဉ်ပြိုင်မှုအတွက် စည်းမျဉ်း စည်းကမ်းတွေ ချမှတ်ရေးကို ပိုပြီး အလေးထားတာကြောင့် ဖြစ်ပါတယ်။”

ကမ္ဘာတလွှားမှာ စီးပွားရေးအရ သြဇာညောင်းဖို့နဲ့ စစ်အင်အားတိုးချဲ့ဖို့ ကြိုးစားနေတဲ့ တရုတ်ကို မဟာဗျူဟာမြောက် ပြိုင်ဘက်အဖြစ် အမေရိကန်က ရှုမြင်ပါတယ်။ ဒါပေမယ့်လည်း ဆွေးနွေးပွဲ အကြိုကာလအတွင်း တဖက်နဲ့တဖက် ဝေဖန်မှုတွေ လျော့လာသလို ရာသီဥတုပြောင်းလဲမှုအရေး ဖြေရှင်းတဲ့နေရာမှာ ပူးပေါင်းဆောင်ရွက်မယ့်အကြောင်း နှစ်နိုင်ငံတို့က စကော့တလန် Glasgow မှာလုပ်တဲ့ COP26 ရာသီဥတုဆိုင်ရာ ညီလာခံမှာ ကြေညာခဲ့ပါတယ်။ Hudson အင်စတီကျုရဲ့ အာရှ-ပစိဖိတ် လုံခြုံရေးဆိုင်ရာ အကြီးအကဲ Patrick Cronin က အခုလို ပြောပါတယ်။

“ယှဉ်ပြိုင်မှု၊ မလွှဲသာ မရှောင်သာ ထိပ်တိုက်တွေ့မှုတွေမှာ ဖြစ်နိုင်ရင် ပူးပေါင်းဆောင်ရွက်ပြီး တည်ငြိမ်မှုရအောင် Xi Jinping နဲ့ သမ္မတ Biden နှစ်ဦးစလုံးက လိုလားကြပါတယ်။ ရှေ့ဆက်ပြီးလည်း ဒီကိစ္စတွေက ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အိုလံပစ်ပွဲတော် တလျှောက်မှာ ဆက်ဆံရေး ပိုကောင်းလာမယ်လို့ ကျနော်ထင်ပါတယ်။”

ဟောင်ကောင်ပြည်သူတွေနဲ့ ဝီဂါ လူနည်းစုတွေရဲ့ လူ့အခွင့်အရေး ကိစ္စတွေအပေါ် ကွဲပြားမှုတွေကတော့ ဖြေရှင်းနိုင်မယ့်ပုံ မရှိသလို ကုန်သွယ်ရေး၊ လွတ်လပ်စွာ ရေကြောင်းသွားလာမှု၊ တောင်တရုတ်ပင်လယ်ပြင် အတွင်းနဲ့ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်အစိုးရက စစ်အင်အားတည်ဆောက်မှု ပြဿနာတွေကတော့ ဆက်ရှိနေဦးမယ့် အနေအထားမှာ ရှိပါတယ်။ Wilson စင်တာ တရုတ်နဲ့ အမေရိကန်ဆိုင်ရာ Kissinger အင်စတီကျု ဒါရိုက်တာ Robert Daly က အခုလို ပြောပါတယ်။

“တရုတ်တနိုင်ငံတည်း မူဝါဒကို အမေရိကန်တို့ လိုက်နာနေတယ်လို့ သမ္မတ Biden က ပြောဆိုနိုင်ပြီး Xi Jinping ကတော့ ဒီမူဝါဒ တခုလုံးကို အမေရိကန်တို့ ဝင်မွှေနေတယ်ဆိုပြီး ပြောနိုင်ပါတယ်။ ဘယ်ခေါင်းဆောင်ကမှ သူတို့ရည်မှန်းချက်ကို မပြောင်းလဲပါဘူး။ ကိုယ်လုပ်တာ ကောင်းတယ်ဆိုတာကို တဖက်ကို ဖျောင်းဖျနိုင်မယ့် စကားလုံးတွေ၊ နည်းလမ်းတွေကို နှစ်ဖက်စလုံးက ရှာဖွေကြမယ်လို့ ခန့်မှန်းရပါတယ်။ ဒါပေမယ့် လက်တွေ့တော့ ဖြစ်လာမယ့်ပုံ မရှိပါဘူး။”

ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ပြီးခဲ့တဲ့ သောကြာနေ့တုန်းက နယူးဇီလန်က ကျင်းပတဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် APEC မှာ ခေါင်းဆောင်နှစ်ဦး တက်ရောက်ခဲ့ပြီး စစ်အေးခေတ် ပြန်ရောက်သွားနိုင်တဲ့ တင်းမာမှုတွေ ဒေသတွင်းမှာ ဖြစ်မလာစေရေး တရုတ်သမ္မတ Xi က သတိပေးပါတယ်။

အိန္ဒိယ၊ ဂျပန်၊ သြစတြေးလျနဲ့ အမေရိကန်တို့ရဲ့ Quad အဖွဲ့ ဖွဲ့စည်းမှု အပါအဝင် ဒေသတွင်းမှာ အမေရိကန်တို့က မိတ်ဘက်ဆောင်ရွက်ရေး ခိုင်မာ အားကောင်းအောင် ကြိုးစားလာတာတွေကို တရုတ်သမ္မတ Xi က ရည်ညွှန်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)











XS
SM
MD
LG