ယူကရိန္းကို ေနာက္ထပ္ ေဒၚလာသန္း ၈ဝဝ ဖိုး အကူအညီ သမၼတ Biden ေက်ညာ
{{Zawgyi/Unicode}}
ယူကရိန္းသမၼတက အကူအညီေပးဖုိ႔ ပန္ၾကားလုိက္ၿပီးေနာက္မွာပဲ လက္နက္နဲ႔ ကာကြယ္ေရးပစၥည္းေတြ အပါအ၀င္ ေဒၚလာသန္း ၈ဝဝ ကူညီေထာက္ပံ့မယ့္ အစီအစဥ္ကုိ အေမရိကန္သမၼတ Joe Biden က ဗုဒၶဟူးေန႔မွာပဲ ေၾကညာလုိက္ပါတယ္။
အခုေနာက္ထပ္ ေၾကညာလုိက္တဲ့ အစီအစဥ္နဲ႔ပါဆုိရင္ ဒီသီတင္းပတ္အတြင္း ယူကရိန္းအတြက္ လုံၿခံဳေရးအကူအညီအျဖစ္ အေမရိကန္က ေပးအပ္တာ ေဒၚလာသန္း ၁ ေထာင္ ရွိသြားၿပီလုိ႔လည္း သမၼတဘုိင္ဒင္က ေျပာဆုိခဲ့တာပါ။
အခုေနာက္ဆုံး ေပးအပ္မယ့္ အစီအစဥ္မွာ ယူကရိန္း ျပည္သူေတြကုိ ေလယာဥ္ေတြ၊ ရဟတ္ယာဥ္ေတြနဲ႔ တုိက္ခုိက္ေနတာေတြကုိ ယူကရိန္းစစ္တပ္က ဟန္႔တားဖုိ႔နဲ႔ ေလေၾကာင္းပုိင္နက္ကုိ ကာကြယ္ႏုိင္ဖုိ႔ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ ၈၀၀ ပါ၀င္ေၾကာင္းလည္း ေျပာပါတယ္။
ဒါေပမဲ့လည္း ႐ုရွားက က်ဳးေက်ာ္တုိက္ခုိက္မႈနဲ႔ ရင္ဆုိင္ေနရတဲ့ ယူကရိန္းမွာ ေလယာဥ္မပ်ံသန္းရ ဇုန္နယ္ေျမ သတ္မွတ္ဖုိ႔ ယူကရိန္းသမၼတရဲ႕ ပန္ၾကားခ်က္ကုိေတာ့ လက္မခံခဲ့ပါဘူး။
Stinger ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္ေတြအျပင္ သံခ်ပ္ကာဖ်က္ လက္နက္ေတြ၊ ေလာင္ခ်ာေတြ၊ စက္ေသနတ္ေတြ၊ လက္နက္ငယ္ေတြ က်ည္ သန္း ၂၀ ေက်ာ္၊ က်ည္ကာ၀တ္စုံနဲ႔ ဦးထုပ္ေတြလည္း ပါ၀င္ပါတယ္။
႐ုရွားစစ္တပ္ရဲ႕ သီတင္း ၃ ပတ္ၾကာ ျပင္းထန္တဲ့ ထုိးစစ္ဒဏ္ခံေနရတဲ့ ယူကရိန္းႏုိင္ငံကုိ ကာကြယ္ႏုိင္ေအာင္ ပုိမုိေဆာင္ရြက္ဖုိ႔ အေမရိကန္ လႊတ္ေတာ္ကုိ ယူကရိန္းသမၼတ Volodymyr Zelenskyy ဗုဒၶဟူးေန႔က အႏူးအညြတ္ပန္ၾကားခဲ့ၿပီး ေနာက္မွာပဲ အေမရိကန္က ေနာက္ထပ္ အကူအညီေပးမယ့္ အစီအစဥ္ကုိ ေၾကညာလုိက္တာလည္း ျဖစ္ပါတယ္။
ေျမာက္အတၱလန္တိတ္စာခ်ဳပ္ (NATO) အဖဲြ႔ အတြင္းေရးမွဴးခ်ဳပ္ Jens Stoltenberg ကလည္း မဟာမိတ္အဖဲြ႔၀င္ ၀န္ႀကီးေတြရဲ႕ အစည္းအေ၀းမွာ ယူကရိန္းအတြက္ စစ္ေရး၊ ဘ႑ာေရးနဲ႔ စာနာမႈ အကူအညီေတြ အပါအ၀င္ အႀကီးအက်ယ္ ကူညီေထာက္ပံ့ဖုိ႔ သေဘာတူခဲ့ၾကေၾကာင္း ေျပာဆုိထားပါတယ္။
.........................................................
ယူကရိန်းကို နောက်ထပ် ဒေါ်လာသန်း ၈ဝဝ ဖိုး အကူအညီ သမ္မတ Biden ကျေညာ
{{Zawgyi/Unicode}}
ယူကရိန်းသမ္မတက အကူအညီပေးဖို့ ပန်ကြားလိုက်ပြီးနောက်မှာပဲ လက်နက်နဲ့ ကာကွယ်ရေးပစ္စည်းတွေ အပါအဝင် ဒေါ်လာသန်း ၈ဝဝ ကူညီထောက်ပံ့မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Joe Biden က ဗုဒ္ဓဟူးနေ့မှာပဲ ကြေညာလိုက်ပါတယ်။
အခုနောက်ထပ် ကြေညာလိုက်တဲ့ အစီအစဉ်နဲ့ပါဆိုရင် ဒီသီတင်းပတ်အတွင်း ယူကရိန်းအတွက် လုံခြုံရေးအကူအညီအဖြစ် အမေရိကန်က ပေးအပ်တာ ဒေါ်လာသန်း ၁ ထောင် ရှိသွားပြီလို့လည်း သမ္မတဘိုင်ဒင်က ပြောဆိုခဲ့တာပါ။
အခုနောက်ဆုံး ပေးအပ်မယ့် အစီအစဉ်မှာ ယူကရိန်း ပြည်သူတွေကို လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့ တိုက်ခိုက်နေတာတွေကို ယူကရိန်းစစ်တပ်က ဟန့်တားဖို့နဲ့ လေကြောင်းပိုင်နက်ကို ကာကွယ်နိုင်ဖို့ လေကြောင်းရန် ကာကွယ်ရေးစနစ် ၈၀၀ ပါဝင်ကြောင်းလည်း ပြောပါတယ်။
ဒါပေမဲ့လည်း ရုရှားက ကျုးကျော်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းမှာ လေယာဉ်မပျံသန်းရ ဇုန်နယ်မြေ သတ်မှတ်ဖို့ ယူကရိန်းသမ္မတရဲ့ ပန်ကြားချက်ကိုတော့ လက်မခံခဲ့ပါဘူး။
Stinger လေကြောင်းရန် ကာကွယ်ရေးစနစ်တွေအပြင် သံချပ်ကာဖျက် လက်နက်တွေ၊ လောင်ချာတွေ၊ စက်သေနတ်တွေ၊ လက်နက်ငယ်တွေ ကျည် သန်း ၂၀ ကျော်၊ ကျည်ကာဝတ်စုံနဲ့ ဦးထုပ်တွေလည်း ပါဝင်ပါတယ်။
ရုရှားစစ်တပ်ရဲ့ သီတင်း ၃ ပတ်ကြာ ပြင်းထန်တဲ့ ထိုးစစ်ဒဏ်ခံနေရတဲ့ ယူကရိန်းနိုင်ငံကို ကာကွယ်နိုင်အောင် ပိုမိုဆောင်ရွက်ဖို့ အမေရိကန် လွှတ်တော်ကို ယူကရိန်းသမ္မတ Volodymyr Zelenskyy ဗုဒ္ဓဟူးနေ့က အနူးအညွတ်ပန်ကြားခဲ့ပြီး နောက်မှာပဲ အမေရိကန်က နောက်ထပ် အကူအညီပေးမယ့် အစီအစဉ်ကို ကြေညာလိုက်တာလည်း ဖြစ်ပါတယ်။
မြောက်အတ္တလန်တိတ်စာချုပ် (NATO) အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ကလည်း မဟာမိတ်အဖွဲ့ဝင် ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ယူကရိန်းအတွက် စစ်ရေး၊ ဘဏ္ဍာရေးနဲ့ စာနာမှု အကူအညီတွေ အပါအဝင် အကြီးအကျယ် ကူညီထောက်ပံ့ဖို့ သဘောတူခဲ့ကြကြောင်း ပြောဆိုထားပါတယ်။