သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

အေမရိကန္ သတင္းသမား ေနာက္တေယာက္ ယူကရိန္းစစ္ပဲြမွာေသဆုံး  


ရုပ္သံရိုက္ကူးေရးသမား Pierre Zakrzewski နဲ႔ အတူ Fox News က လုပ္ေဖာ္ကိုင္ဖက္ သတင္းသမားေတြကို Kyiv ၿမိဳ႕ေတာ္မွာ ရိုက္ယူထားတဲ႔ ဓၾတ္ပံုကို Fox News Channel က ထုတ္ျပန္ထားျခင္း ျဖစ္ပါတယ္။

(Zawgyi/ Unicode)

ရုရွား-ယူကရိန္း စစ္ပဲြအတြင္း သတင္းရယူေနတဲ့ အေမရိကန္ FOX သတင္းဌာနက ကင္မရာသမား Pierre Zakrzewski ဟာ တုိက္ပဲြအတြင္း ပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း အဂၤါေန႔မွာ FOX သတင္းဌာနက အတည္ျပဳ ထုတ္ျပန္ပါတယ္။

သူနဲ႔ အတူ ယူကရိန္း သတင္းေထာက္ Olesksandra Kuvshyanova လည္း ေသဆုံးသြားခဲ့ပါတယ္။
ယူကရိန္းမွာ စစ္ေျမျပင္ သတင္းရယူေနစဥ္ ၿမိဳ႕ေတာ္ Kyiv အနီးက Horenka အရပ္မွာ သူတု႔ိစီးနင္းလာတဲ့ကားကုိ ၿမိဳ႕ရဲ႕ အျပင္ဘက္ ကေန ပစ္ခတ္တဲ့ က်ည္ဆံေတြ ထိမွန္ခဲ့ၿပီး ဒဏ္ရာ ရရွိခဲ့ရာကေန ေသဆုံးခဲ့တာ ျဖစ္ေၾကာင္း သူ႔ရဲ႕ လုပ္ေဖၚကုိင္ဖက္ေတြက ေျပာဆုိခဲ့ၾကပါတယ္။

Zakrzewski နဲ႔ အတူ တာ၀န္ထမ္းေဆာင္ေနတဲ့ အေမရိကန္ ႏုိင္ငံျခားေရး၀န္ႀကီးဌာနဆုိင္ရာ FOX သတင္းေထာက္ Benjamin Hall လည္း ဒဏ္ရာရခဲ့တဲ့အတြက္ ေဆးရုံတင္ ကုသထားရပါတယ္။
သူတုိ႔ ၂ ဦးစလုံးဟာ အေတြ႔အႀကဳံရွိတဲ့ သတင္းေထာက္ေတြ ျဖစ္ၿပီး လက္နက္ကုိင္ ပဋိပကၡေတြ ျဖစ္ပြားခဲ့တဲ့ အာဖဂန္၊ အီရတ္နဲ႔ ဆီးရီးယားေတြမွာ တာ၀န္ထမ္းေဆာင္ခဲ့သူေတြ ျဖစ္ပါတယ္။

ေသဆုံးသူ ရုပ္သံကင္မရာ သတင္းေထာက္ Zakrzewski ဟာ အသက္ ၅၅ ႏွစ္ရွိၿပီျဖစ္ၿပီး သူ႔ရဲ႕ စြမ္းေဆာင္မႈ အတြက္ FOX သတင္းဌာနနဲ႔ လုပ္ေဖာ္ကိုင္ဖက္ သတင္း ေထာက္ေတြက ဂုဏ္ျပဳခဲ႔ ၾကပါတယ္။
Zakrzewski ဟာ တပတ္အတြင္း ေသဆုံးတဲ့ ဒုတိယေျမာက္ အေမရိကန္ သတင္းေထာက္ျဖစ္ပါတယ္။

ၿပီးခဲ့တဲ႔ တနဂၤေႏြေန႔ တုန္းက အေမရိကန္ သတင္းသမားလည္းျဖစ္၊ ရုပ္ရွင္ဒါရုိက္တာလည္းျဖစ္တဲ့ Brent Renaud ဟာလည္း ပစ္ခတ္မႈေတြေၾကာင့္ ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

အမေရိကန် သတင်းသမား နောက်တယောက် ယူကရိန်းစစ်ပွဲမှာသေဆုံး

ရုရှား-ယူကရိန်း စစ်ပွဲအတွင်း သတင်းရယူနေတဲ့ အမေရိကန် FOX သတင်းဌာနက ကင်မရာသမား Pierre Zakrzewski ဟာ တိုက်ပွဲအတွင်း ပစ်ခတ်မှုတွေကြောင့် သေဆုံးသွားခဲ့ကြောင်း အင်္ဂါနေ့မှာ FOX သတင်းဌာနက အတည်ပြု ထုတ်ပြန်ပါတယ်။

သူနဲ့ အတူ ယူကရိန်း သတင်းထောက် Olesksandra Kuvshyanova လည်း သေဆုံးသွားခဲ့ပါတယ်။
ယူကရိန်းမှာ စစ်မြေပြင် သတင်းရယူနေစဉ် မြို့တော် Kyiv အနီးက Horenka အရပ်မှာ သူတု့ိစီးနင်းလာတဲ့ကားကို မြို့ရဲ့ အပြင်ဘက် ကနေ ပစ်ခတ်တဲ့ ကျည်ဆံတွေ ထိမှန်ခဲ့ပြီး ဒဏ်ရာ ရရှိခဲ့ရာကနေ သေဆုံးခဲ့တာ ဖြစ်ကြောင်း သူ့ရဲ့ လုပ်ဖေါ်ကိုင်ဖက်တွေက ပြောဆိုခဲ့ကြပါတယ်။

Zakrzewski နဲ့ အတူ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ FOX သတင်းထောက် Benjamin Hall လည်း ဒဏ်ရာရခဲ့တဲ့အတွက် ဆေးရုံတင် ကုသထားရပါတယ်။
သူတို့ ၂ ဦးစလုံးဟာ အတွေ့အကြုံရှိတဲ့ သတင်းထောက်တွေ ဖြစ်ပြီး လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အာဖဂန်၊ အီရတ်နဲ့ ဆီးရီးယားတွေမှာ တာဝန်ထမ်းဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။

သေဆုံးသူ ရုပ်သံကင်မရာ သတင်းထောက် Zakrzewski ဟာ အသက် ၅၅ နှစ်ရှိပြီဖြစ်ပြီး သူ့ရဲ့ စွမ်းဆောင်မှု အတွက် FOX သတင်းဌာနနဲ့ လုပ်ဖော်ကိုင်ဖက် သတင်း ထောက်တွေက ဂုဏ်ပြုခဲ့ ကြပါတယ်။
Zakrzewski ဟာ တပတ်အတွင်း သေဆုံးတဲ့ ဒုတိယမြောက် အမေရိကန် သတင်းထောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ တုန်းက အမေရိကန် သတင်းသမားလည်းဖြစ်၊ ရုပ်ရှင်ဒါရိုက်တာလည်းဖြစ်တဲ့ Brent Renaud ဟာလည်း ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG