သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ယူကရိန္း ၿမိဳ႕ႀကီးေတြကုိ ႐ုရွားတပ္ေတြ အျပင္းအထန္ ဆက္လက္ထုိးစစ္ဆင္


႐ုရွားတပ္ဖြဲ႔ေတြရဲ႕ ဒုံးက်ည္နဲ႔တုိက္ခုိက္မႈေၾကာင့္ Vasylkiv ၿမိဳ႕က ယူကရိန္း ေလတပ္အေျခစုိက္စခန္းမွာ မီးေလာင္ေနတဲ့ ဆီသုိေလွာင္ကန္မ်ား။ (မတ္ ၁၂၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းၿမိဳ႕ေတာ္ Kyiv ရဲ႕ အေနာက္ေျမာက္ပိုင္းနဲ႔ တျခား ယူကရိန္းၿမိဳ႕ အမ်ားအျပားမွာ စေနေန႔က တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ ျဖစ္ပြားခဲ့ၿပီး ႐ုရွားတပ္ေတြဘက္က ေလေၾကာင္းကေရာ လက္နက္ႀကီးေတြနဲ႔ပါ ပစ္ခတ္ေနသလို စေနေန႔မွာ ၿမိဳ႕ေတာ္နဲ႔ ၁၅ မိုင္ေလာက္အကြာကို ေရာက္ေနၿပီ ျဖစ္ပါတယ္။

အခု ယူကရိန္းကို က်ဴးေက်ာ္မႈမွာ ႐ုရွားဘက္က အက်အဆံုး သိပ္မ်ားေနၿပီး ေနာက္ထပ္ တပ္ဖြဲ႔ေတြ ေစလႊတ္ေနတယ္လို႔ ယူကရိန္းသမၼတ Volodymyr Zelenskiy က စေနေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“႐ုရွားတပ္ေတြ က်ဆံုးမႈ အေတာ္ႀကီးမားပါတယ္။ သူတို႔က်ဴးေက်ာ္တာ ၁၇ ရက္ေျမာက္ေန႔မွာပဲ ႐ုရွားစစ္တပ္အတြက္ ဆယ္စုႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုးဝါးဆံုး ဆံုး႐ႈံးမႈ ႀကံဳေနရတယ္လို႔ ေျပာႏိုင္ပါတယ္။ က်ဴးေက်ာ္မႈ စတင္ခ်ိန္ကစလုိ႔ အခုခ်ိန္အထိဆို ႐ုရွားတပ္ရင္း ၃၁ ခုေလာက္ကို မလႈပ္ႏိုင္ေအာင္ ယူကရိန္းေတြက လုပ္ႏိုင္ခဲ့တယ္။” လို႔ ယူကရိန္းသမၼတက ေျပာပါတယ္။ ဒါေပမယ့္ အေသးစိတ္ကိုေတာ့ သူက ထုတ္မေျပာသလို သီးျခား အတည္ျပဳႏိုင္တာလည္း မရွိေသးပါဘူး။

ယူကရိန္းဘက္ကလည္း တပ္ဖဲြ႔ဝင္ ၁,၃၀၀ ေလာက္ ေသဆံုးခဲ့ရတယ္လို႔ သမၼတ Zelenskiy က ေျပာပါတယ္။

ဒါ့အျပင္ ေသာၾကာေန႔က ႐ုရွားတပ္ေတြ ျပန္ေပးဆြဲသြားတဲ့ Melitopol ၿမိဳ႕ေတာ္ဝန္ ျပန္လည္လြတ္ေျမာက္ေရးအတြက္ ႐ုရွားကို ဖိအားေပးဖို႔ ဂ်ာမနီဝန္ႀကီးခ်ဳပ္ Olaf Scholz၊ ျပင္သစ္သမၼတ Emmanuel Macron တို႔နဲ႔ စေနေန႔မွာ ေျပာၾကားခဲ့တယ္လို႔လည္း သမၼတ Zelenskiy က ေျပာပါတယ္။

႐ုရွားရဲ႕ မစ္ဇုိင္းဒံုးနဲ႔ ပစ္ခတ္မႈေၾကာင့္ Vasylkiv ၿမိဳ႕က ယူကရိန္း ေလတပ္အေျခစိုက္စခန္း ပ်က္စီးခဲ့ရေၾကာင္းလည္း ၿမိဳ႕ေတာ္ဝန္ Natalia Balasynovych က ေျပာပါတယ္။ ႐ုရွားတပ္ေတြဟာ Mariupol ၿမိဳ႕က လူ ၈၀ ေလာက္ ခိုလႈံေနတဲ့ ဗလီဝတ္ေက်ာင္းကို ဗံုးခြဲတိုက္ခိုက္ခဲ့တယ္လို႔လည္း ယူကရိန္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက စေနေန႔က တြစ္တာကေန ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------

(Unicode)

ယူကရိန်း မြို့ကြီးတွေကို ရုရှားတပ်တွေ အပြင်းအထန် ဆက်လက်ထိုးစစ်ဆင်

ယူကရိန်းမြို့တော် Kyiv ရဲ့ အနောက်မြောက်ပိုင်းနဲ့ တခြား ယူကရိန်းမြို့ အများအပြားမှာ စနေနေ့က တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီး ရုရှားတပ်တွေဘက်က လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်နေသလို စနေနေ့မှာ မြို့တော်နဲ့ ၁၅ မိုင်လောက်အကွာကို ရောက်နေပြီ ဖြစ်ပါတယ်။

အခု ယူကရိန်းကို ကျူးကျော်မှုမှာ ရုရှားဘက်က အကျအဆုံး သိပ်များနေပြီး နောက်ထပ် တပ်ဖွဲ့တွေ စေလွှတ်နေတယ်လို့ ယူကရိန်းသမ္မတ Volodymyr Zelenskiy က စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“ရုရှားတပ်တွေ ကျဆုံးမှု အတော်ကြီးမားပါတယ်။ သူတို့ကျူးကျော်တာ ၁၇ ရက်မြောက်နေ့မှာပဲ ရုရှားစစ်တပ်အတွက် ဆယ်စုနှစ်ပေါင်းများစွာအတွင်း အဆိုးဝါးဆုံး ဆုံးရှုံးမှု ကြုံနေရတယ်လို့ ပြောနိုင်ပါတယ်။ ကျူးကျော်မှု စတင်ချိန်ကစလို့ အခုချိန်အထိဆို ရုရှားတပ်ရင်း ၃၁ ခုလောက်ကို မလှုပ်နိုင်အောင် ယူကရိန်းတွေက လုပ်နိုင်ခဲ့တယ်။” လို့ ယူကရိန်းသမ္မတက ပြောပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ သူက ထုတ်မပြောသလို သီးခြား အတည်ပြုနိုင်တာလည်း မရှိသေးပါဘူး။

ယူကရိန်းဘက်ကလည်း တပ်ဖွဲ့ဝင် ၁,၃၀၀ လောက် သေဆုံးခဲ့ရတယ်လို့ သမ္မတ Zelenskiy က ပြောပါတယ်။

ဒါ့အပြင် သောကြာနေ့က ရုရှားတပ်တွေ ပြန်ပေးဆွဲသွားတဲ့ Melitopol မြို့တော်ဝန် ပြန်လည်လွတ်မြောက်ရေးအတွက် ရုရှားကို ဖိအားပေးဖို့ ဂျာမနီဝန်ကြီးချုပ် Olaf Scholz၊ ပြင်သစ်သမ္မတ Emmanuel Macron တို့နဲ့ စနေနေ့မှာ ပြောကြားခဲ့တယ်လို့လည်း သမ္မတ Zelenskiy က ပြောပါတယ်။

ရုရှားရဲ့ မစ်ဇိုင်းဒုံးနဲ့ ပစ်ခတ်မှုကြောင့် Vasylkiv မြို့က ယူကရိန်း လေတပ်အခြေစိုက်စခန်း ပျက်စီးခဲ့ရကြောင်းလည်း မြို့တော်ဝန် Natalia Balasynovych က ပြောပါတယ်။ ရုရှားတပ်တွေဟာ Mariupol မြို့က လူ ၈၀ လောက် ခိုလှုံနေတဲ့ ဗလီဝတ်ကျောင်းကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့လည်း ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးဌာနက စနေနေ့က တွစ်တာကနေ ပြောပါတယ်။

XS
SM
MD
LG