သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှား ရေနံတင်သွင်းမှု အမေရိကန် လုံးဝပိတ်ပင်လိုက်ပြီ


(Zawgyi/ Unicode)

ရုရှား ကနေ အမေရိကန် ပြည်ထောင်စုကို တင်သွင်းတဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ အားလုံးကို တင်သွင်းခွင့် ပိတ်ပင်လိုက်ကြောင်း သမ္မတ Joe Biden က အင်္ဂါနေ့မှာ ကြေညာလိုက်ပါတယ်။

သမ္မတ ပူတင်ရဲ့ စစ်ယန္တယားကြီးကို နောက်ထပ် ပြင်းထန်တဲ့ ထိုးနှက်ချက် တခု ဖြစ်တယ်လို့ သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။ ဒီပိတ်ဆို့ အရေးယူမှုဟာ ရုရှား သမ္မတ ပူတင်ကို အဓိက ဖိအားပေးဖို့ အမေရိကန် အစိုးရ အနေနဲ့ လုပ်ဆောင်လိုက်တာ ဖြစ်ပါတယ်။

ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံထွက် ပစ္စည်းတွေ အပြင် ကျောက်မီးသွေးနဲ့ ကျောက်မီးသွေးထွက် ပစ္စည်းတွေကို ပိတ်ပင်လိုက်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ စွမ်းအင်ကဏ္ဍမှာ အမေရိကန် ရင်းနှီးမြှုပ်နှံခွင့်ကိုပါ ပိတ်ပင်လိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ရုရှားကနေ ရေနံစိမ်းနဲ့ လောင်စာဆီ တရက်ကို စည်ပေါင်း ၇၀၀,၀၀၀ လောက် အမေရိကန် ပြည်ထောင်စုကို တင်သွင်းခဲ့ပါတယ်။ ဥရောပတိုက်ကတော့ ရုရှားကနေ တရက်ကို စည်ပေါင်း ၄,၅၀၀,၀၀၀ လောက် တင်သွင်းနေတာ ဖြစ်ပါတယ်။ ဒီပိတ်ဆို့ အရေးယူမှုကို အမေရိကန် ပြည်ထောင်စု အနေနဲ့ ဆက်လက် လုပ်ဆောင်နေပြီး ဥရောပတိုက်က တခြား မဟာမိတ် နိုင်ငံတွေ လိုက်မလုပ်နိုင်တာကိုလည်း နားလည်ကြောင်း သမ္မတ Biden က ပြောဆိုခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ ဥရောပတိုက် နိုင်ငံတွေထက် ရေနံ အဆပေါင်းများစွာ ထုတ်လုပ်ပါတယ်။ အခုလို အချိန်မှာဘဲ ဗြိတိန်နိုင်ငံကလည်း ရုရှားကနေ ရေနံနဲ့ ရေနံထွက်ပစ္စည်း တင်သွင်းမှုတွေကို ဒီနှစ်ကုန်ပိုင်းမှာ တဆင့်ခြင်း ရပ်ဆိုင်းသွားမယ်လို့ အင်္ဂါနေ့မှာ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

(Unicode)


သမ်မတ ပူတငျရဲ့ စဈယန်တယားကွီးကို နောကျထပျ ပွငျးထနျတဲ့ ထိုးနှကျခကြျ တခု ဖွဈတယျလို့ သမ်မတ Biden က ပွောဆိုခဲ့ပါတယျ။




XS
SM
MD
LG