သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ုရွားအေပၚ ႏိုင္ငံတကာ အေရးယူမႈမ်ား ေတာင္ကိုရီးယား ေထာက္ခံပါဝင္မည္


႐ုရွားရဲ႕ က်ဴးေက်ာ္တုိက္ခုိက္မႈကုိ တြန္းလွန္ဖို႔ အသင့္ျပင္ဆင္ေနတဲ့ ယူကရိန္းတပ္ဖြဲ႔ဝင္မ်ား။ (ေဖေဖာ္ဝါရီ ၂၄၊ ၂၀၂၂)

(Zawgyi / Unicode)

အေမရိကန္နဲ႔ ဥေရာပႏိုင္ငံေတြက ႐ုရွားအေပၚ ခ်မွတ္ထားတဲ့ ဒဏ္ခတ္အေရးယူမႈေတြကို လိုက္နာ အေကာင္အထည္ေဖာ္မွာ ျဖစ္ေပမယ့္ သီးျခား အေရးယူမႈမ်ဳိးေတာ့ ခ်မွတ္မွာမဟုတ္ဘူးလို႔ ေတာင္ကိုရီးယား တာဝန္ရွိသူေတြက ေသာၾကာေန႔မွာ ေျပာခဲ့ပါတယ္။

ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္တိုက္ခိုက္လိုက္တဲ့အေပၚ ဒီသီတင္းပတ္အတြင္း ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ထားတာပါ။

႐ုရွားရဲ႕ လက္နက္အင္အားသံုး က်ဴးေက်ာ္မႈကို ဟန္႔တားဖို႔နဲ႔ အေျခအေနကို ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖုိ႔ စီးပြားေရး ဒဏ္ခတ္အေရးယူမႈေတြ အပါအဝင္ ႏုိင္ငံတကာရဲ႕ ႀကိဳးပမ္းမႈေတြကို ကိုရီးယားအစိုးရက ေထာက္ခံပါဝင္ပါမယ္လုိ႔ ကိုရီးယား ႏုိင္ငံျခားေရးဌာနက Twitter မွာ ေသာၾကာေန႔က ေရးခဲ့ပါတယ္။

စစ္ပြဲနည္းလမ္းနဲ႔ မဟုတ္ဘဲ ေဆြးေႏြးညႇိႏိႈင္းၿပီး အေျဖရွာဖို႔ သမၼတ Moon Jae-in က ၾကာသပေတးေန႔မွာ ေျပာခဲ့ၿပီးတဲ့ေနာက္ ႏုိင္ငံျခားေရးဌာနက အခုလိုေျပာတာပါ။

အေမရိကန္ ကူးသန္းေရာင္းဝယ္ေရးဌာနက ခ်မွတ္လိုက္တဲ့ ပို႔ကုန္ထိန္းခ်ဳပ္ေရးဆိုင္ရာ အေရးယူမႈေတြေၾကာင့္ ေတာင္ကိုရီးယားက ႐ုရွားကို ေရာင္းေနတဲ့ထဲက တပိုင္းလွ်ပ္ကူးပစၥည္းေတြ၊ လွ်ပ္စစ္ဆိုင္ရာနဲ႔ ေမာ္ေတာ္ယာဥ္ဆိုင္ရာလို ထိပ္တန္းပို႔ကုန္ေတြေပၚ ထိခိုက္ႏုိင္ေျခ ရွိပါတယ္။

တပိုင္းလွ်ပ္ကူးပစၥည္းေတြ၊ ကြန္ပ်ဴတာနဲ႔ ေလယာဥ္အစိတ္အပိုင္းေတြလို မူရင္း အေမရိကန္ နည္းပညာေပၚ အေျခခံထုတ္လုပ္တဲ့ ကုန္ပစၥည္းေတြ ႐ုရွားႏုိုင္ငံကို ေရာင္းေနတဲ့ ကုမၸဏီေတြအေနနဲ႔ မပို႔ခင္မွာ အေမရိကန္ ကူးသန္းေရာင္းဝယ္ေရးဌာနရဲ႕ အတည္ျပဳခ်က္ရယူဖို႔ လိုအပ္ပါတယ္။

အေမရိကန္သမၼတ Joe Biden က "မဟာမိတ္ေတြ၊ လက္တြဲလုပ္ေဆာင္ဘက္ေတြနဲ႔ က်ေနာ္တုိ႔ရဲ႕ အေရးယူမႈေၾကာင့္ ႐ုရွားကတင္သြင္းေနတဲ့ အဆင့္ျမင့္နည္းပညာသံုး ထုတ္ကုန္ ထက္ဝက္ေက်ာ္ကို ျဖတ္ေတာက္ႏုိင္မယ္လုိ႔ က်ေနာ္တုိ႔ ခန္႔မွန္းပါတယ္" ဆိုၿပီး အေရးယူမႈေတြ ခ်မွတ္ေၾကာင္း ေၾကညာခ်ိန္က ေျပာခဲ့ပါတယ္။

ဂ်ပန္နဲ႔ ၾသစေၾတးလ် အပါအဝင္ အာရွ-ပစိဖိတ္ႏုိင္ငံ တခ်ဳိ႕က ႐ုရွားအေပၚ သီးျခားအေရးယူမႈေတြ ခ်မွတ္ထားၾကေပမယ့္ ေတာင္ကိုရီးယားကေတာ့ လက္ရွိမွာ အလားတူလုပ္ေဆာင္ဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------

(Unicode)

ရုရှားအပေါ် နိုင်ငံတကာ အရေးယူမှုများ တောင်ကိုရီးယား ထောက်ခံပါဝင်မည်

အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို လိုက်နာ အကောင်အထည်ဖော်မှာ ဖြစ်ပေမယ့် သီးခြား အရေးယူမှုမျိုးတော့ ချမှတ်မှာမဟုတ်ဘူးလို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်လိုက်တဲ့အပေါ် ဒီသီတင်းပတ်အတွင်း ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ထားတာပါ။

ရုရှားရဲ့ လက်နက်အင်အားသုံး ကျူးကျော်မှုကို ဟန့်တားဖို့နဲ့ အခြေအနေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ စီးပွားရေး ဒဏ်ခတ်အရေးယူမှုတွေ အပါအဝင် နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ကိုရီးယားအစိုးရက ထောက်ခံပါဝင်ပါမယ်လို့ ကိုရီးယား နိုင်ငံခြားရေးဌာနက Twitter မှာ သောကြာနေ့က ရေးခဲ့ပါတယ်။

စစ်ပွဲနည်းလမ်းနဲ့ မဟုတ်ဘဲ ဆွေးနွေးညှိနှိုင်းပြီး အဖြေရှာဖို့ သမ္မတ Moon Jae-in က ကြာသပတေးနေ့မှာ ပြောခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဌာနက အခုလိုပြောတာပါ။

အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနက ချမှတ်လိုက်တဲ့ ပို့ကုန်ထိန်းချုပ်ရေးဆိုင်ရာ အရေးယူမှုတွေကြောင့် တောင်ကိုရီးယားက ရုရှားကို ရောင်းနေတဲ့ထဲက တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ လျှပ်စစ်ဆိုင်ရာနဲ့ မော်တော်ယာဉ်ဆိုင်ရာလို ထိပ်တန်းပို့ကုန်တွေပေါ် ထိခိုက်နိုင်ခြေ ရှိပါတယ်။

တပိုင်းလျှပ်ကူးပစ္စည်းတွေ၊ ကွန်ပျူတာနဲ့ လေယာဉ်အစိတ်အပိုင်းတွေလို မူရင်း အမေရိကန် နည်းပညာပေါ် အခြေခံထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေ ရုရှားနိုင်ငံကို ရောင်းနေတဲ့ ကုမ္ပဏီတွေအနေနဲ့ မပို့ခင်မှာ အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာနရဲ့ အတည်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။

အမေရိကန်သမ္မတ Joe Biden က "မဟာမိတ်တွေ၊ လက်တွဲလုပ်ဆောင်ဘက်တွေနဲ့ ကျနော်တို့ရဲ့ အရေးယူမှုကြောင့် ရုရှားကတင်သွင်းနေတဲ့ အဆင့်မြင့်နည်းပညာသုံး ထုတ်ကုန် ထက်ဝက်ကျော်ကို ဖြတ်တောက်နိုင်မယ်လို့ ကျနော်တို့ ခန့်မှန်းပါတယ်" ဆိုပြီး အရေးယူမှုတွေ ချမှတ်ကြောင်း ကြေညာချိန်က ပြောခဲ့ပါတယ်။

ဂျပန်နဲ့ သြစတြေးလျ အပါအဝင် အာရှ-ပစိဖိတ်နိုင်ငံ တချို့က ရုရှားအပေါ် သီးခြားအရေးယူမှုတွေ ချမှတ်ထားကြပေမယ့် တောင်ကိုရီးယားကတော့ လက်ရှိမှာ အလားတူလုပ်ဆောင်ဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားပါတယ်။

XS
SM
MD
LG