သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

ကမာၻပ်က္သလိုျဖစ္ေနတဲ့ ယူကရိန္း စစ္ေဘးဒုကၡသည္တို႔ အေျခအေန


ယူကရိန္း ႏုိင္ငံ မာရီပိုလ္ၿမိဳ႕တြင္း ဗံုးခို စခန္းမွာ ကေလးႏုိ႔တိုက္ေနတဲ႔ မိခင္။ မတ္လ ၇၊ ၂၀၂၂။

(Zawgyi/ Unicode)

ယူကရိန္းမွာ အရပ္သား ထိခိုက္ ေသဆံုးမႈ တိုးလာသလို အၾကမ္းဖက္မႈေတြၾကားကေန ေဘးလြတ္ရာ အိမ္နီးခ်င္း ႏုိင္ငံေတြဆီကို ထြက္ေျပးေနရသူေတြလည္း ပိုၿပီး မ်ားလာေနတာနဲ႔ အတူ ယူကရိန္းမွာ တိုက္ပြဲေတြကို ၿငိမ္းခ်မ္းစြာ အဆံုးသတ္ဖို႔ ကုလသမဂၢနဲ႔ ႏုိင္ငံတကာ အကူအညီေပးေရး အဖြဲ႔အစည္းေတြက ေတာင္းဆိုေနၾကပါတယ္။ အခုအခ်ိန္ထိ အရပ္သား ထိခိုက္ေသဆံုးမႈ စုစုေပါင္း ၁,၃၃၅ ဦးရွိေနၿပီး ဒီထဲမွာ ၄၇၄ ဦး ေသဆံုးၿပီး ဒဏ္ရာရသူက ၈၆၁ ဦး ရွိေၾကာင္း ကုလသမဂၢက ေဖာ္ျပပါတယ္။ ဆြစ္ဇာလန္ႏုိင္ငံ ဂ်ီနီဗာကေန Lisa Schlein ေပးပို႔တဲ႔ သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးပါမယ္။

ယူကရိန္းမွာ ထိခိုက္ေသဆံုးရမႈ အေရအတြက္ကို ျပဳစုတဲ႔ ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီးရံုး ကေတာ့ လက္ေတြ႔ ထိခုိက္ ေသဆံုးမႈ အေရအတြက္က စာရင္းျပဳစု ထားတာထက္ ပိုၿပီး မ်ားမယ္လို႔ ယံုၾကည္ထားပါတယ္။ ဒါေၾကာင့္လည္း ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီး Michelle Bachelet က လူသားခ်င္း စာနာေထာက္ထားမႈ ဆိုင္ရာ ျပႆနာႀကီးလို႔ ေျပာဆိုလုိက္ၿပီး ပဋိပကၡကုိ ၿငိမ္းခ်မ္းစြာ အျမန္ အဆံုးသတ္ဖို႔ ထပ္ၿပီး ေတာင္းဆိုပါတယ္။

လက္ရွိ စစ္ျဖစ္ေနတာေၾကာင့္ ယူကရိန္း ႏုိင္ငံတြင္းက ေဒသ အမ်ားအျပားမွာ အရပ္သား ေသဆံုးမႈနဲ႔ ထိခုိက္ဒဏ္ရာ ရမႈေတြကို စစ္ေဆး အတည္ျပဳလို႔ မရေၾကာင္း ကုလသမဂၢ လူ႔အခြင့္အေရး မဟာမင္းႀကီးရဲ႕ ေျပာခြင့္ရ Liz Throssell က ေျပာပါတယ္။ ရုရွား တပ္ဖြဲ႔ေတြရဲ႕ ေလေၾကာင္း တုိက္ခုိက္မႈေတြနဲ႔ ေဖာက္ခြဲ လက္နက္ေတြေၾကာင့္ ထိခိုက္ ေသဆံုးမႈ အမ်ားဆံုး ျဖစ္ရေၾကာင္းလည္း သူက ေျပာပါတယ္။ လက္နက္ႀကီးေတြ၊ ဒံုးက်ည္ေတြနဲ႔ ၿမိဳ႕ အမ်ားအျပား တိုက္ခုိက္ခံရတာမွာ ရာနဲ႔ခ်ီတဲ႔ လူေနအေဆာက္အအံုေတြ ပ်က္စီး ၿပိဳက်ရတယ္လို႔လည္း သူမက ေျပာပါတယ္။

“ သတင္းေထာက္ေတြကို ၿခိမ္းေျခာက္ၿပီး တကယ္လည္း အႏၱရာယ္ျပဳတယ္ဆိုတဲ႔ သတင္းေတြေၾကာင့္ က်မတို႔ ထိတ္လန္႔တုန္လႈပ္ရပါတယ္။ လက္နက္ကိုင္ အဖြဲ႔ေတြ လတ္တေလာ ထိန္းခ်ဳပ္ထားတဲ႔ အေရွ႕ပိုင္းမွာ ယူကရိန္းလိုလားသူေတြကို တရားဥပေဒမဲ႔ ဖမ္းဆီးတဲ႔ သတင္းေတြ၊ ေနာက္ ယူကရိန္း အစိုးရ ထိန္းခ်ဳပ္ရာ ေဒသေတြမွာ ရုရွား လိုလားသူေတြလို႔ ယူဆခံရသူေတြ အေပၚ အၾကမ္းဖက္တယ္ဆိုတဲ႔ သတင္းေတြေၾကာင့္လည္း က်မတို႔ စိုးရိမ္ရပါတယ္။”

ယူကရိန္း ႏုိင္ငံကေန အိမ္နီးခ်င္း ပိုလန္၊ မိုလ္ဒိုဗာ၊ ရိုေမးနီးယား၊ ဟန္ေဂရီ၊ ဆလိုဗက္ကီးယားနဲ႔ တျခားေသာ ဥေရာပ ႏုိင္ငံေတြကို ထြက္ေျပး ရသူက ႏွစ္သန္းေက်ာ္ ရွိၿပီလို႔လည္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ ေအဂ်င္စီက ေျပာပါတယ္။ ယူကရိန္းရဲ႕ ဆိပ္ကမ္းၿမိဳ႕ Mariupol မွာ ပိတ္မိေနၿပီး ထြက္ေျပးလို႔ မရဘဲ ျဖစ္ေနသူက သိန္းခ်ီရွိေနတယ္လို႔လည္း ႏုိင္ငံတကာ ၾကက္ေျခနီ အသင္း ICRC ရဲ႕ ေျပာခြင့္ရ Ewan Watson က ေျပာပါတယ္။

“ ၿမိဳ႕ထဲကေန အရပ္သားေတြ ေဘးကင္းစြာ ထြက္ခြာႏုိင္ေရးကို အတြက္ က်ေနာ္တို႔ရဲ႕ ဘက္မလိုက္ ၾကားေန အခန္းက႑ကေန ေဆာင္ရြက္ေပးေရး အဆင္သင့္ ရွိေနပါတယ္။ ဒါေပမယ့္ ဒီကေန႔ လက္ေတြ႔ ျဖစ္ေနတာက လူေတြ အတြက္ ကမၻာပ်က္သလို ျဖစ္ေနပါတယ္။ အေျခအေနက ပိုဆိုးလာပါတယ္။ မရွိ မျဖစ္ ကုန္စည္ေတြလည္း ျပတ္လပ္ေနပါၿပီ။ ဒါေၾကာင့္ က်ေနာ္တို႔ ဒီကေန႔ ေတာင္းဆိုေနတာကေတာ့ ဒီလူေတြကို အသက္ကယ္ ကူညီေရး ျဖစ္ပါတယ္။”

အပစ္အခတ္ ရပ္စဲေရး သေဘာတူညီခ်က္ က်ိဳးေပါက္ၿပီး ေနာက္မွာေတာ့ Mariupol ကေန လူေတြ ေဘးကင္းစြာ ထြက္ခြာႏုိင္ေရး အတြက္ လူသားခ်င္းစာနာမႈဆုိင္ရာ လမ္းေၾကာင္းေတြ ဖန္တီးမယ့္ ရုရွားရဲ႕ အဆိုျပဳခ်က္လည္း မေအာင္မျမင္ ျဖစ္ခဲ႔ပါတယ္။ အေရးတႀကီး လိုအပ္ေနတဲ႔ အထဲမွာ အေရးေပၚ ခိုလံႈေရးစခန္း၊ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ အစားအေသာက္၊ ေသာက္သံုးေရနဲ႔ မိလႅာ တို႔လည္း ပါ၀င္ေၾကာင္း အကူအညီေပးေရး အဖြဲ႔အစည္းေတြက ေျပာပါတယ္။ ဒါ႔အျပင္ စိတ္ဒဏ္ရာေတြ၊ ပူေဆြး ၀မ္းနည္းဖြယ္ရာ ကပ္ေဘးႀကီးလို႔လည္း သူတို႔က သံုးႏႈန္း ေျပာဆိုလိုက္ၿပီး ဒီအေျခအေနကို ေျဖရွင္းႏုိင္ေရး အတြက္ စိတ္ပိုင္းဆိုင္ရာ ပံ႔ပိုးမႈေတြလည္း လိုအပ္တယ္လို႔လည္း ေျပာဆိုၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ကမ္ဘာပျက်သလိုဖြစ်နေတဲ့ ယူကရိန်းစစ်ဘေးဒုက္ခသည်တို့ အခြေအနေ


ယူကရိန်းမှာ အရပ်သား ထိခိုက် သေဆုံးမှု တိုးလာသလို အကြမ်းဖက်မှုတွေကြားကနေ ဘေးလွတ်ရာ အိမ်နီးချင်း နိုင်ငံတွေဆီကို ထွက်ပြေးနေရသူတွေလည်း ပိုပြီး များလာနေတာနဲ့ အတူ ယူကရိန်းမှာ တိုက်ပွဲတွေကို ငြိမ်းချမ်းစွာ အဆုံးသတ်ဖို့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေက တောင်းဆိုနေကြပါတယ်။ အခုအချိန်ထိ အရပ်သား ထိခိုက်သေဆုံးမှု စုစုပေါင်း ၁,၃၃၅ ဦးရှိနေပြီး ဒီထဲမှာ ၄၇၄ ဦး သေဆုံးပြီး ဒဏ်ရာရသူက ၈၆၁ ဦး ရှိကြောင်း ကုလသမဂ္ဂက ဖော်ပြပါတယ်။ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာကနေ Lisa Schlein ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

ယူကရိန်းမှာ ထိခိုက်သေဆုံးရမှု အရေအတွက်ကို ပြုစုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံး ကတော့ လက်တွေ့ ထိခိုက် သေဆုံးမှု အရေအတွက်က စာရင်းပြုစု ထားတာထက် ပိုပြီး များမယ်လို့ ယုံကြည်ထားပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ပြဿနာကြီးလို့ ပြောဆိုလိုက်ပြီး ပဋိပက္ခကို ငြိမ်းချမ်းစွာ အမြန် အဆုံးသတ်ဖို့ ထပ်ပြီး တောင်းဆိုပါတယ်။

လက်ရှိ စစ်ဖြစ်နေတာကြောင့် ယူကရိန်း နိုင်ငံတွင်းက ဒေသ အများအပြားမှာ အရပ်သား သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာ ရမှုတွေကို စစ်ဆေး အတည်ပြုလို့ မရကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရဲ့ ပြောခွင့်ရ Liz Throssell က ပြောပါတယ်။ ရုရှား တပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ ဖောက်ခွဲ လက်နက်တွေကြောင့် ထိခိုက် သေဆုံးမှု အများဆုံး ဖြစ်ရကြောင်းလည်း သူက ပြောပါတယ်။ လက်နက်ကြီးတွေ၊ ဒုံးကျည်တွေနဲ့ မြို့ အများအပြား တိုက်ခိုက်ခံရတာမှာ ရာနဲ့ချီတဲ့ လူနေအဆောက်အအုံတွေ ပျက်စီး ပြိုကျရတယ်လို့လည်း သူမက ပြောပါတယ်။

“ သတင်းထောက်တွေကို ခြိမ်းခြောက်ပြီး တကယ်လည်း အန္တရာယ်ပြုတယ်ဆိုတဲ့ သတင်းတွေကြောင့် ကျမတို့ ထိတ်လန့်တုန်လှုပ်ရပါတယ်။ လက်နက်ကိုင် အဖွဲ့တွေ လတ်တလော ထိန်းချုပ်ထားတဲ့ အရှေ့ပိုင်းမှာ ယူကရိန်းလိုလားသူတွေကို တရားဥပဒေမဲ့ ဖမ်းဆီးတဲ့ သတင်းတွေ၊ နောက် ယူကရိန်း အစိုးရ ထိန်းချုပ်ရာ ဒေသတွေမှာ ရုရှား လိုလားသူတွေလို့ ယူဆခံရသူတွေ အပေါ် အကြမ်းဖက်တယ်ဆိုတဲ့ သတင်းတွေကြောင့်လည်း ကျမတို့ စိုးရိမ်ရပါတယ်။”

ယူကရိန်း နိုင်ငံကနေ အိမ်နီးချင်း ပိုလန်၊ မိုလ်ဒိုဗာ၊ ရိုမေးနီးယား၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယားနဲ့ တခြားသော ဥရောပ နိုင်ငံတွေကို ထွက်ပြေး ရသူက နှစ်သန်းကျော် ရှိပြီလို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက ပြောပါတယ်။ ယူကရိန်းရဲ့ ဆိပ်ကမ်းမြို့ Mariupol မှာ ပိတ်မိနေပြီး ထွက်ပြေးလို့ မရဘဲ ဖြစ်နေသူက သိန်းချီရှိနေတယ်လို့လည်း နိုင်ငံတကာ ကြက်ခြေနီ အသင်း ICRC ရဲ့ ပြောခွင့်ရ Ewan Watson က ပြောပါတယ်။

“ မြို့ထဲကနေ အရပ်သားတွေ ဘေးကင်းစွာ ထွက်ခွာနိုင်ရေးကို အတွက် ကျနော်တို့ရဲ့ ဘက်မလိုက် ကြားနေ အခန်းကဏ္ဍကနေ ဆောင်ရွက်ပေးရေး အဆင်သင့် ရှိနေပါတယ်။ ဒါပေမယ့် ဒီကနေ့ လက်တွေ့ ဖြစ်နေတာက လူတွေ အတွက် ကမ္ဘာပျက်သလို ဖြစ်နေပါတယ်။ အခြေအနေက ပိုဆိုးလာပါတယ်။ မရှိ မဖြစ် ကုန်စည်တွေလည်း ပြတ်လပ်နေပါပြီ။ ဒါကြောင့် ကျနော်တို့ ဒီကနေ့ တောင်းဆိုနေတာကတော့ ဒီလူတွေကို အသက်ကယ် ကူညီရေး ဖြစ်ပါတယ်။”

အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ကျိုးပေါက်ပြီး နောက်မှာတော့ Mariupol ကနေ လူတွေ ဘေးကင်းစွာ ထွက်ခွာနိုင်ရေး အတွက် လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းတွေ ဖန်တီးမယ့် ရုရှားရဲ့ အဆိုပြုချက်လည်း မအောင်မမြင် ဖြစ်ခဲ့ပါတယ်။ အရေးတကြီး လိုအပ်နေတဲ့ အထဲမှာ အရေးပေါ် ခိုလှုံရေးစခန်း၊ ကျန်းမာရေး စောင့်ရှောက်မှု၊ အစားအသောက်၊ သောက်သုံးရေနဲ့ မိလ္လာ တို့လည်း ပါဝင်ကြောင်း အကူအညီပေးရေး အဖွဲ့အစည်းတွေက ပြောပါတယ်။ ဒါ့အပြင် စိတ်ဒဏ်ရာတွေ၊ ပူဆွေး ဝမ်းနည်းဖွယ်ရာ ကပ်ဘေးကြီးလို့လည်း သူတို့က သုံးနှုန်း ပြောဆိုလိုက်ပြီး ဒီအခြေအနေကို ဖြေရှင်းနိုင်ရေး အတွက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုတွေလည်း လိုအပ်တယ်လို့လည်း ပြောဆိုကြပါတယ်။

XS
SM
MD
LG