႐ုရွား၊ ယူကရိန္း စစ္ပြဲဒုတိယအပတ္အတြင္း ေရာက္ရွိလာခ်ိန္မွာေတာ့နလၤာေန႔ကဥေရာပ စေတာ့ရွယ္ယားေဈးကြက္မွာ ဆက္လက္က်ဆင္းမႈေတြနဲ႔ရင္ဆိုင္ေနရပါတယ္။
ၿဗိတိန္ႏိုင္ငံရဲ႕ FTSE ေငြေၾကးနဲ႔စေတာ့ေဈးကြက္မွာေန႔လည္ပိုင္းအထိ ဝ.၃% က်ဆင္းေနၿပီး၊ ျပင္သစ္ CAC စေတာ့ေဈးကြက္မွာေတာ့ ဝ.၈% က် ဆင္းခဲ့တယ္။ ဂ်ာမဏီ ဖရန႔္ဖတ္ အေျခစိုက္ DAX ေဈးကြက္မွာ ၁.၁% က် ဆင္းသြားခဲ့ပါတယ္။
အာရွနဲ႔ ၾသစေတ်းလ်ား ေဈးကြက္ေတြမွာလည္း ဆိုးဆိုး႐ြား႐ြားက်ဆင္းခဲ့ပါတယ္။ ဂ်ပန္ နီကီ Nikkie ေဈးကြက္မွာ ၂. ၉% အရႈံးေပၚခဲ့ပါတယ္။ ေဟာင္ေကာင္ ဟန္ဆန္း ေဈးကြက္မွာ ၃.၈% ႏႈန္းအထိထိုးက်သြားၿပီး၊ တ႐ုတ္ျပည္ရွန္ဟိုင္း ကြန္ပို႔္စစ္ Composite ေဈးကြက္မွာ ၂.၁% က်ဆင္းခဲ့ပါတယ္။ အလားတူဘဲ ေတာင္ကိုရီးယား KOSPI ေဈးကြက္မွာ ၂.၂% က်ဆင္းခဲ့ၿပီး၊ ထိုင္ဝမ္ TSCE မွာ ၃.၁% အသီးသီးက်ဆင္းခဲ့ပါတယ္။
ၾသစေၾတးလွ် S&P နဲ႔ ASX ေဈးကြက္ေတြမွာ ၁% ႏႈန္းေက်ာ္က်ဆင္းခဲ့ပါတယ္။
တနလၤာေန႔အေစာပိုင္းအထိေ႐ႊေဈးႏႈန္းဟာလည္း ေဒၚလာ ၂၀၀၀ အထိျမင့္တက္သြား ခဲ့ပါတယ္။ ေရနံေဈးႏႈန္းဟာလည္းဆက္လက္တက္ေနပါတယ္။ အေမရိကန္ေဈးကြက္ မွာေရနံစိမ္း တစည္ကို ၁၂၀. ၈၇ ေဒၚလာေဈးေပါက္ၿပီး၊ ၄.၄% တက္ သြားခဲ့ပါတယ္။ ႏိုင္ငံတကာစံႏႈန္းျဖစ္တဲ့ Brent ေရနံကေတာ့ ၅.၃% အထိျမင့္တက္ခဲ့ၿပီး ေရနံစိမ္း တစည္ကို ၁၂၄.၂၇ ေဒၚလာ ေစ်းျပန္မက်မီ ၁၃၉ ေဒၚလာအထိခတၱခဏတက္သြားခဲ့ပါ တယ္။
===========================
ရေနံဈေး ရွှေဈေး ဆက်လက်မြင့်တက်
ရုရှား၊ ယူကရိန်း စစ်ပွဲဒုတိယအပတ်အတွင်း ရောက်ရှိလာချိန်မှာတော့နင်္လာနေ့ကဥရောပ စတော့ရှယ်ယားဈေးကွက်မှာ ဆက်လက်ကျဆင်းမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။
ဗြိတိန်နိုင်ငံရဲ့ FTSE ငွေကြေးနဲ့စတော့ဈေးကွက်မှာနေ့လည်ပိုင်းအထိ ဝ.၃% ကျဆင်းနေပြီး၊ ပြင်သစ် CAC စတော့ဈေးကွက်မှာတော့ ဝ.၈% ကျ ဆင်းခဲ့တယ်။ ဂျာမဏီ ဖရန့်ဖတ် အခြေစိုက် DAX ဈေးကွက်မှာ ၁.၁% ကျ ဆင်းသွားခဲ့ပါတယ်။
အာရှနဲ့ သြစတျေးလျား ဈေးကွက်တွေမှာလည်း ဆိုးဆိုးရွားရွားကျဆင်းခဲ့ပါတယ်။ ဂျပန် နီကီ Nikkie ဈေးကွက်မှာ ၂. ၉% အရှုံးပေါ်ခဲ့ပါတယ်။ ဟောင်ကောင် ဟန်ဆန်း ဈေးကွက်မှာ ၃.၈% နှုန်းအထိထိုးကျသွားပြီး၊ တရုတ်ပြည်ရှန်ဟိုင်း ကွန်ပို့်စစ် Composite ဈေးကွက်မှာ ၂.၁% ကျဆင်းခဲ့ပါတယ်။ အလားတူဘဲ တောင်ကိုရီးယား KOSPI ဈေးကွက်မှာ ၂.၂% ကျဆင်းခဲ့ပြီး၊ ထိုင်ဝမ် TSCE မှာ ၃.၁% အသီးသီးကျဆင်းခဲ့ပါတယ်။
သြစတြေးလျှ S&P နဲ့ ASX ဈေးကွက်တွေမှာ ၁% နှုန်းကျော်ကျဆင်းခဲ့ပါတယ်။
တနင်္လာနေ့အစောပိုင်းအထိရွှေဈေးနှုန်းဟာလည်း ဒေါ်လာ ၂၀၀၀ အထိမြင့်တက်သွား ခဲ့ပါတယ်။ ရေနံဈေးနှုန်းဟာလည်းဆက်လက်တက်နေပါတယ်။ အမေရိကန်ဈေးကွက် မှာရေနံစိမ်း တစည်ကို ၁၂၀. ၈၇ ဒေါ်လာဈေးပေါက်ပြီး၊ ၄.၄% တက် သွားခဲ့ပါတယ်။ နိုင်ငံတကာစံနှုန်းဖြစ်တဲ့ Brent ရေနံကတော့ ၅.၃% အထိမြင့်တက်ခဲ့ပြီး ရေနံစိမ်း တစည်ကို ၁၂၄.၂၇ ဒေါ်လာ ဈေးပြန်မကျမီ ၁၃၉ ဒေါ်လာအထိခတ္တခဏတက်သွားခဲ့ပါ တယ်။