သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းၿမိဳ႕ေတာ္နဲ႔ ၁၅ မိုင္အထိ ႐ုရွားတပ္မ်ား ေရာက္ရွိ


႐ုရွားတပ္ေတြရဲ႕ တုိက္ခုိက္မႈေၾကာင့္ ယူကရိန္းႏုိင္ငံ Mariupol ၿမိဳ႕က မီးေလာင္ ေပါက္ကြဲေနတဲ့ လူေနအေဆာက္အဦတခု။ (မတ္ ၁၁၊ ၂၀၂၂)

(Zawgyi / Unicode)

ယူကရိန္းႏိုင္ငံ၊ Kyiv ၿမိဳ႕ေတာ္ အေနာက္ေျမာက္ဘက္နဲ႔ တျခားၿမိဳ႕ႀကီး အမ်ားအျပားမွာ ဒီကေန႔ တိုက္ပြဲေတြ အျပင္းအထန္ ဆက္ျဖစ္ခဲ့ၿပီး ႐ုရွားတပ္ေတြဟာ Kyiv ၿမိဳ႕ေတာ္နဲ႔ ၁၅ မိုင္ခြဲေက်ာ္ေက်ာ္ေလးနားထိ ေရာက္ေနၿပီ ျဖစ္ပါတယ္။

ၿမိဳ႕ႀကီးအေတာ္မ်ားမ်ားက ၿမိဳ႕ခံေတြကို ေလေၾကာင္းတိုက္ခိုက္မႈ လာေနၿပီဆိုတာ သတိေပးတဲ့ ေလေၾကာင္းရန္ အခ်က္ေပးသံေတြလည္း ညဘက္မွာ ဆက္တိုက္လို ၾကားခဲ့ၾကရပါတယ္။

Vasylkiv ၿမိဳ႕နားက ယူကရိန္း ေလတပ္စခန္းတခုကို ဖ်က္ဆီးလိုက္ၿပီလို႔ ႐ုရွား ကာကြယ္ေရးဌာနက ေျပာပါတယ္။ အနီးက လက္နက္ခဲယမ္း သိုေလွာင္႐ုံတခုလည္း ပ်က္စီးသြားတဲ့သတင္း ထြက္လာပါတယ္။

Mariupol ၿမိဳ႕မွာ လူအေယာက္ ၈၀ ခိုလႈံေနတဲ့ ဗလီတခုကို ႐ုရွားတပ္ေတြ ဒီကေန႔ ဗုံးႀကဲတိုက္ခိုက္ခဲ့တယ္လို႔ ယူကရိန္း ႏိုင္ငံျခားေရးဌာနက ေျပာပါတယ္။ အဲဒီဗလီမွာ ခိုလႈံေနသူေတြထဲက တခ်ိဳ႕ဟာ တူရကီႏိုင္ငံကလူေတြလို႔ ဆိုတဲ့သတင္းလည္း ထြက္လာပါတယ္။

Kyiv၊ Sumy နဲ႔ တျခားေဒသေတြမွာျဖစ္တဲ့ တိုက္ပြဲေတြကေန ေဒသခံအရပ္သားေတြ ေဘးရန္ကင္းကင္း ထြက္ခြာႏိုင္ေရးအတြက္ လူသားစာနာမႈဆိုင္ရာ လမ္းေၾကာင္း အေတာ္မ်ားမ်ားကို ဒီကေန႔ ဖြင့္ေပးဖို႔ အစီအစဥ္ ဆြဲထားပါတယ္။

ယူကရိန္း ဒုတိယဝန္ႀကီးခ်ဳပ္ Iryna Vereschchuk က "ဒီေန႔မွာ အစစအဆင္ေျပမယ္၊ စီစဥ္ထားတဲ့ လမ္းေၾကာင္းေတြ ပြင့္လာမယ္၊ အပစ္ရပ္ သေဘာတူညီခ်က္အရ အာမခံထားတဲ့ တာဝန္ေတြကို ႐ုရွားက လိုက္နာမယ္လို႔ ေမွ်ာ္လင့္ပါတယ္" ဆိုၿပီး ဗြီဒီယိုမိန႔္ခြန္းတခုမွာ ေျပာထားပါတယ္။

႐ုရွားတပ္ဖြဲ႕ေတြဟာ ယူကရိန္းႏိုင္ငံ အေနာက္ပိုင္းေဒသေတြကို ပစ္မွတ္ထား တိုက္ခိုက္ၿပီးေတာ့ ယူကရိန္း က်ဴးေက်ာ္စစ္ကို ပိုခ်ဲ႕လာေနသလို Kyiv ၿမိဳ႕ေတာ္နားက တပ္ဖြဲ႔ေတြကိုလည္း ျပန္ၿပီး စုဖြဲ႔ေနပုံရပါတယ္။

ယူကရိန္းကို အခုလို က်ဴးေက်ာ္တိုက္ခိုက္တဲ့အတြက္ ႐ုရွားအေပၚ အေမရိကန္နဲ႔ မဟာမိတ္ေတြက ဒဏ္ခတ္အေရးယူမႈေတြ တိုးျမႇင့္ခ်မွတ္ထားပါတယ္။

႐ုရွားစစ္တပ္ဟာ ယူကရိန္းအရပ္သားေတြကို ပစ္မွတ္ထား တိုက္ခိုက္ေနတယ္လို႔ ယူကရိန္း တာဝန္ရွိသူေတြ၊ လူ႔အခြင့္အေရး အဖြဲ႔ေတြနဲ႔ အထူးသျဖင့္ အေနာက္ႏိုင္ငံေတြက စြပ္စြဲေျပာဆိုထားပါတယ္။ ဒါေပမယ့္ ႐ုရွားအစိုးရကေတာ့ အဲဒီစြပ္စြဲခ်က္ေတြ မဟုတ္ဘူးလို႔ ျငင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ယူကရိန်းမြို့တော်နဲ့ ၁၅ မိုင်အထိ ရုရှားတပ်များ ရောက်ရှိ

ယူကရိန်းနိုင်ငံ၊ Kyiv မြို့တော် အနောက်မြောက်ဘက်နဲ့ တခြားမြို့ကြီး အများအပြားမှာ ဒီကနေ့ တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်ခဲ့ပြီး ရုရှားတပ်တွေဟာ Kyiv မြို့တော်နဲ့ ၁၅ မိုင်ခွဲကျော်ကျော်လေးနားထိ ရောက်နေပြီ ဖြစ်ပါတယ်။

မြို့ကြီးအတော်များများက မြို့ခံတွေကို လေကြောင်းတိုက်ခိုက်မှု လာနေပြီဆိုတာ သတိပေးတဲ့ လေကြောင်းရန် အချက်ပေးသံတွေလည်း ညဘက်မှာ ဆက်တိုက်လို ကြားခဲ့ကြရပါတယ်။

Vasylkiv မြို့နားက ယူကရိန်း လေတပ်စခန်းတခုကို ဖျက်ဆီးလိုက်ပြီလို့ ရုရှား ကာကွယ်ရေးဌာနက ပြောပါတယ်။ အနီးက လက်နက်ခဲယမ်း သိုလှောင်ရုံတခုလည်း ပျက်စီးသွားတဲ့သတင်း ထွက်လာပါတယ်။

Mariupol မြို့မှာ လူအယောက် ၈၀ ခိုလှုံနေတဲ့ ဗလီတခုကို ရုရှားတပ်တွေ ဒီကနေ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အဲဒီဗလီမှာ ခိုလှုံနေသူတွေထဲက တချို့ဟာ တူရကီနိုင်ငံကလူတွေလို့ ဆိုတဲ့သတင်းလည်း ထွက်လာပါတယ်။

Kyiv၊ Sumy နဲ့ တခြားဒေသတွေမှာဖြစ်တဲ့ တိုက်ပွဲတွေကနေ ဒေသခံအရပ်သားတွေ ဘေးရန်ကင်းကင်း ထွက်ခွာနိုင်ရေးအတွက် လူသားစာနာမှုဆိုင်ရာ လမ်းကြောင်း အတော်များများကို ဒီကနေ့ ဖွင့်ပေးဖို့ အစီအစဉ် ဆွဲထားပါတယ်။

ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereschchuk က "ဒီနေ့မှာ အစစအဆင်ပြေမယ်၊ စီစဉ်ထားတဲ့ လမ်းကြောင်းတွေ ပွင့်လာမယ်၊ အပစ်ရပ် သဘောတူညီချက်အရ အာမခံထားတဲ့ တာဝန်တွေကို ရုရှားက လိုက်နာမယ်လို့ မျှော်လင့်ပါတယ်" ဆိုပြီး ဗွီဒီယိုမိန့်ခွန်းတခုမှာ ပြောထားပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံ အနောက်ပိုင်းဒေသတွေကို ပစ်မှတ်ထား တိုက်ခိုက်ပြီးတော့ ယူကရိန်း ကျူးကျော်စစ်ကို ပိုချဲ့လာနေသလို Kyiv မြို့တော်နားက တပ်ဖွဲ့တွေကိုလည်း ပြန်ပြီး စုဖွဲ့နေပုံရပါတယ်။

ယူကရိန်းကို အခုလို ကျူးကျော်တိုက်ခိုက်တဲ့အတွက် ရုရှားအပေါ် အမေရိကန်နဲ့ မဟာမိတ်တွေက ဒဏ်ခတ်အရေးယူမှုတွေ တိုးမြှင့်ချမှတ်ထားပါတယ်။

ရုရှားစစ်တပ်ဟာ ယူကရိန်းအရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေ၊ လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အထူးသဖြင့် အနောက်နိုင်ငံတွေက စွပ်စွဲပြောဆိုထားပါတယ်။ ဒါပေမယ့် ရုရှားအစိုးရကတော့ အဲဒီစွပ်စွဲချက်တွေ မဟုတ်ဘူးလို့ ငြင်းထားပါတယ်။

XS
SM
MD
LG